မျက်နှာမွဲ တော်လှန်ရေးသမားများ

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၃၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

 မျက်နှာမွဲ တော်လှန်ရေးသမားများ

=========================



ဖေဖော်ဝါရီ ၁ ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ

အကြမ်းမဖက် အနုနည်းနဲ့

ဆန္ဒထုတ်ဖော်ကြတဲ့ တော်လှန်ရေးသမားတွေ

နေရာအနှံ့အပြား ​ပေါ်ပေါက်လာကြတယ်

ဒီမိုကရေစီရဲ့ အသီးအကင်းလေးကို

အနည်းငယ်မျှခံစားမိစ ပြုလာတာရယ်

အမှန်တရားကို မြတ်နိုးတဲ့စိတ်ရယ်

စစ်တပ်ရဲ့ အာဏာလုစစ်ကျွန်ပြုလုပ်ရပ်တွေကို

ရွံရှာစက်ဆုပ်တာရယ်ကြောင့်

နိုင်ငံတွင်း နေရာဒေသအသီးသီးကနေ

ဓမ္မဘက်တော်သားတွေဟာ

စုပေါင်း တော်လှန်ခဲ့ကြတယ် ။


တော်လှန်ရေး အစမှာတော့

လူတန်းစားအစုံ အလွှာစုံပါဘဲ

အစိုးရ/ပုဂ္ဂလိကဝန်ထမ်းတွေ

သူဌေးသူကြွယ် ကုန်သည်လယ်လုပ်

ပြည်သူ အစုံပေါ့ ။

အချိန်ကြာလာတော့

တော်လှန်ရေးကို ပေါချောင်ကောင်းထင်ထားတဲ့

ရေပေါ်ဆီ တော်လှန်ရေးသမားတွေဟာ

ကြောင်ကြာကြာ ရေမငုတ်ခဲ့ပါဘူး

ဆင်ခြေအမျိုးမျိုးနဲ့

ဆန်ပြုတ်သောက် ဆုတ်ပြန်ကုန်ကြတယ်။

ကိုယ်ပိုင်စီးပွားရေးတွေ ပြန်လုပ်ရင်း . .

မနက်စာကို ကဖေး နဲ့ အီကြာစားရင်း . .

အနာဂတ်မျိုးဆက်လေးတွေဟာ

ဘီယာလေးမော့ Gameလေးဆော့ရင်း . .

စစ်ခွေးဆိုတဲ့ သေမင်းဟာ

ကိုယ့်အိမ်တံခါး လာမခေါက်မချင်းတော့

တိုင်းပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို

မေ့လျော့ရင်းနေခဲ့ကြတယ် ။


တော်လှန်ရေး သန္ဓေမှန်သူတွေသာ

ဖိနှိပ်မှုအမျိုးမျိုးကြားက

ရုန်းကန် ရှင်သန်ရင်း

ပုံစံအမျိုးမျိုးနဲ့ တော်လှန်ကြတယ် ။


အချို့ အချို့သောပြည်သူတွေလဲ

မြင်ယောင်မိပါသေးတယ် ။

ရုံးမသွားနဲ့ ဝန်ထမ်းတွေ

အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့"လို့

သံပြိုင်အော်ခဲ့သူတွေဟာ

သူတို့ ကိုယ်တိုင်သာဇိမ်နဲ့နေရင်း

CDM"လုပ်ခဲ့တဲ့ ဝန်ထမ်းတစ်ချို့ကတော့

ကိုယ်တိုင်သာမက မိသားစုပါ

ကျီးလန့်စာစားရတဲ့ ဘဝကိုရောက်ခဲ့တယ်

တစ်ချို့လဲ ဝမ်းရေးအခက်ခဲတွေကြောင့်

အဖြူအစိမ်းကို သော့ခတ်ပြီး

မြို့ပြမှာ သူများဝန်ကိုသွားထမ်းရင်း

မိဝေးဖဝေး စာသင်ခန်းနဲ့အဝေးမှာပေါ့ ။


တစ်ချို့သော ဝန်ထမ်းတွေကတော့

ရေပေါ်ဆီ တော်လှန်ရေးသမားလို့

ခေါ်ရမလား ???

ကောက်ရိုးမီး တော်လှန်ရေးသမားဘဲ

ခေါ်ရမလား ???

ရုံးမတက်နဲ့ ရုန်းထွက်လို့"

ခပ်စွာစွာ အော်ခဲ့တဲ့ပါးစပ်တွေက

ဗျည်း/သရတွေ ပြန်ရွတ်ရင်း

ကိုယ်တိုင်ဘဲ ရုံးပြန်တက်နေကြတယ် ။

သူတို့တွေ လိမ္မာကြပါတယ် . . .

တော်လှန်ရေးမှာ အမှတ်တစ်ချို့ရခဲ့သလို

လစာလဲ မငတ်ကြဘူးပေါ့

သူတို့မှာသာ အသက်ပါပီး

မိသားစုအရေးလဲ

သူတို့သာ တွေးတတ်သူကြီးတွေ ။


တော်လှန်ရေးအကင်းမပါးတဲ့

မျက်နှာမွဲ တော်လှန်ရေးသမားတွေကသာ

လစာလဲငတ်ကြရသလို

မိသားစု မေတ္တာလဲငတ်ကြရတယ် ။

တစ်ချို့ကို မိဘဆွေမျိုးက

သေခန်းရှင်ခန်း ဖြတ်သလို . . .

တစ်ချို့ကတော့ အမွေပြတ်တဲ့

အဖမ်းအဆီးတွေ ထူလာတော့

စိုးရိမ်တကြီးနဲ့ ဖျောင်းဖြတဲ့မိဘတွေကို

အတိုက်အခံလုပ်ရင်း

တစ်ချို့လဲ အိမ်မှာနေရင်းကို

မိသားစု မေတ္တာငတ်နေကြ ။


သန္ဓေမှန် တော်လှန်ရေးသမားတွေဟာ

လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့

အဓမ္မ စစ်အာဏာရှင်ကို

အမြစ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက် ၊

အဆုံးသတ်တိုက်ပွဲအတွက်

လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့

ရဲရဲတောက် ခံယူချက်နဲ့

တော်လှန်ရေးအင်အားစုတွေရှိတဲ့

တောတွင်းကို စွန့်စားချီတက်ခဲ့ကြတယ်

တောခိုဖို့ ခက်ခဲတဲ့သူတွေကျတော့လဲ

အသာမနေချင်တဲ့စိတ်ရယ်

တော်လှန်ရေးကို

ကြာ,မနေစေချင်တဲ့စိတ်ရယ်ကြောင့်

Keyboard Fighter"လို တစ်မျိုး

Donar"လိုက တစ်သွယ်

ဘယ်ရှုထောင့်ကမဆို

ကျရာနေရာကနေ နိုင်ရာဝန်ကိုထမ်းရင်း

ပေးဆပ်ခဲ့ကြတယ် ။


သမိုင်း,မတွင်ရင် နေပါစေ

လိပ်ပြာလုံချင်သူတွေကတော့

တောတွင်းမှာ အခက်အခဲမျိုးစုံ

ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရာသီဥတုဒဏ်တွေခံရင်း

အမိမြေငြိမ်းချမ်းဖို့အတွက်

အချိန် သွေး ချွေးတွေ ပေးဆပ်ကြတယ်

မိဘအိမ်နဲ့ လားလားမှမဆိုင်

အခက်ခဲကြုံလာရင်

တိုင်ပင်စရာ သူငယ်ချင်းမရှိ

ရဲဘော်ရဲဖက်ဆိုတဲ့ အသိလေးနဲ့

အချင်းချင်းဖေးကူကြရင်း

ကြမ်းတမ်းတဲ့ ခရီးရှည်ကို

အဆင်ပြေသွားမှာပါ"ဆိုတဲ့

နှစ်သိမ့်မှုတွေနဲ့ ဖြတ်သန်းကြရတယ် ။


ထိုက်သင့်တဲ့ သင်တန်းတွေတက်ပြီး

တော်လှန်ရေးအတွက် အဆင်သင့်ဖြစ်ချိန်မှာ

ထပ်ကြုံရတဲ့ အခက်အခဲက

လက်နက်ပိုင်ဆိုင်မှုပါဘဲ ။


ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းမှာ

ကိုယ်နဲ့ အတူနေ ရဲဘော်တစ်ချို့ဆီမှာ

လက်နက်တွေကို မြင်လိုက်ရတိုင်း

သက်ပြင်းမော,တစ်ချက်ချရင်း

ဆန္ဒကို ပိန်နေတဲ့အိပ်ကပ်နဲ့ ထိန်းရတယ်

လက်နက် ပိုင်ဆိုင်လိုမှုဟာ

အတ္တအကျိုးအတွက် မဟုတ်ခဲ့ပါဘူး

လက်နက် ဝယ်ပြီးရင်

ငါ့ကိုယ်ငါ ကာကွယ်မယ်

ငါ့မိသားစုကို ကာကွယ်မယ်ဆိုတဲ့

တစ်ကိုယ်ရည် အကျိုးကို

လိုလားတဲ့ စိတ်ဟာ

ဘယ်တော်လှန်ရေးသမားမှာမှ မကိန်းဝပ်ဘူး

ငါ့မြို့ရွာ ငါနိုင်ငံအတွက် ၊

မတရားသတ်ဖြတ် အဖိနှိပ်ခံနေရတဲ့

ငါတို့နိုင်ငံသားတွေကို

ကာကွယ်ဖို့အတွက်ဆိုတဲ့ စိတ်တစ်ခုသာ

သူတို့ရင်မှာ အမြစ်တည်တယ် ။


တိုက်ပွဲဝင်လိုစိတ်

ဘယ်လောက်ဘဲ ပြတ်သားခိုင်မာနေပါစေ

ဘယ်လောက်ဘဲ အောင်စိတ်ပြင်းထန်နေပါစေ

ငါတို့အသက်ကို ရင်းတယ်

ငါ့အသက်ကို လှူပါတယ်လို့ ကြွေးကြော်နေပေမဲ့

လက်နက်မဲ့နေတဲ့

တော်လှန်ရေးသမားတွေအဖို့

စိတ်သွားတိုင်း ကိုယ်မပါခဲ့ကြပါဘူး

ကိုယ်အစွမ်းအစနဲ့ ဝယ်နိုင်ဖို့ကျတော့လဲ

ပြောခဲ့သလိုပါဘဲ

အလုပ်တွေ ရင်းခဲ့တယ်

မိသားစုကိုပါ ရင်းခဲ့တာမို့

အထောက်အပံ့ဆိုတာ မျှော်စရာလဲကင်းမဲ့တယ်

ဘာမှမကျန်အောင် ရင်းထားပြီးပြီမို့

နောက်ဆုံးကျန်တဲ့ မာနလေးကိုရင်းပီး

ကိုယ့်ထက်ပြည့်စုံတဲ့ ရဲဘော်ဆီကနေ

Uniform နဲ့ Equipments တွေငှား

ကိုယ်နဲ့ကိုယ့်မိသားစုရဲ့ လုံခြုံရေးတောင်မငဲ့ဘဲ

Donar "ရှာဖို့အတွက်

Social Media"ကို နယ်မြေချဲ့ရတယ် ။


Social"ကနေ

Donar ရှာပြန်တော့လဲ

Cele"တွေကိုသာ

တော်လှန်ရေးသမားထင်နေတဲ့ လူအချို့ကြောင့်

မျက်နှာမွဲတွေရဲ့

Donar"ရှာဖွေရေးဟာ ခရီးမပေါက်ခဲ့ဘူး

တောထဲကတော်လှန်ရေး အင်အားစုတွေရဲ့

%ထက်ဝက်လောက်ဟာ

တော်လှန်ရေးသိက္ခာသာရှိပြီး

ရိက္ခာနတ္ထိ ဖြစ်နေကြတယ်

လက်နက်ကို မဆိုထားနဲ့

သင်တန်းမှာ မနက် PT"ပြေးဖို့ဝတ်စုံတောင်

မပြည့်စုံတဲ့ အင်အားစုတွေဟာ

နေရာတိုင်းမှာ ဒု နဲ့ ဒေး ။


အဖွဲ့အစည်းက ပြင်ဆင်ပေးတဲ့လက်နက်နဲ့

ရှေ့တန်းစစ်မြေပြင်ကို လိုက်ပါရင်း

စစ်ခွေးတွေကိုသတ်

သူတို့ရဲ့လက်နက်ကို တက်လုဖို့လဲ

တစ်ချို့က မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ်ကြတယ်

တစ်ချို့ကတော့

ရှေ့တန်းစစ်မြေပြင်မှာဘဲ

အချိန်ရရင် ရသလို

Internet"လေးဖွင့် အရဲစွန့်ပြီး

Donar"ရှာကြရတယ် ။

မတူညီတဲ့ ဒေသတွေမှာ

တော်လှန်နေကြတာမို့

တစ်ယောက်နဲ့တစ်ယောက် မမြင်ရပေမဲ့

သူတို့ရဲ့ စကားသံတွေမှာ

သူတို့ ဘယ်လောက်နှိမ့်ချနေရသလဲဆိုတာ

သူတို့ဘယ်လောက် သိမ်ငယ်နေတယ်ဆိုတာ

ဘဝတူချင်း မြင်သာခံစားနိုင်တယ် ။


တကယ်ပါ

အရေးတော်ပုံ ခရီးအစ,လို

ကျနော်တို့ ပြည်သူတွေသာညီညွတ်ကြရင်

အာဏာလုစစ်ခွေး အတွက်

ပြေးစရာမြေ

တစ်လက်မ,တောင် မကျန်နိုင်ဘူး

အခုတော့လဲ . . .

ဘာသာမဲ့ခံယူချင်တဲ့ ကျနော်တောင်

ခေါင်းစဥ်တပ်မရတဲ့

ဘုရားတွေကို ရည်မှန်းရင်း

မျက်နှာမွဲ တော်လှန်ရေးသမားတွေအတွက်

အထပ်ထပ် အခါခါဆုတောင်းနေမိတယ် ။


စစ်မီး အမြန်ငြိမ်းပါစေ 🙏🙏🙏

ခွေးဇာတ် အမြန်သိမ်းပါစေပေါ့ ✊️✊️✊️

ARNs_Revolutionary_Art_Program

စလားဖန်း

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. We will be behind you.
    Never back down.
    If we work together, we will succeed.


    ..........❤️Ko Thit .......

    ReplyDelete
  3. ငါ14/ဆိုပြီသိမ်ငယနေမဲ့အစားဒီလိုသူတွေအတွက်ကြိုးစာ၍မဖြစ်ဖြစ်တဲ့နည်းနဲ့ကလစ်နေပါ့မယ်

    ReplyDelete
  4. ကိုယ့်အတွက်ဦးစားပေဏ္းကလစ်ဆိုက်🧑‍💻💞🧑‍💻💞🧑‍💻💞🧑‍💻💯💯💯💯

    ReplyDelete
    Replies
    1. ကီးဘုတ်ဖိုက်တာ
      ကလစ်ကာများ
      စွမ်းအားပိုစိုက်
      နှိပ်လိုက်ကြစို့

      Delete
  5. Hlaine Nwae NwaeMay 7, 2022 at 6:28 PM

    စစ်မီးအမြန်ငြိမ်းပါစေ။🙏🙏🙏
    ခွေးဇာတ်အမြန်သိမ်းပါစေ‌ပေါ့။✊✊✊

    ReplyDelete
  6. ဧရာသားမဟုတ်ပေမဲ့click4aya မှာ ၀င်ပေးပီးကလစ်ပါတယ် ရေများရာမိုးရွာနေတဲ့မိုးကိုမကြိုက်ပေမဲ့ မျက်နှာမွဲတော်လှန်ရေးသမားတွေကိုလေးစားတယ် ကိုယ်တွေဘ၀က အတူတူပါပဲ အတူတူ တွန်းလှန်ကြမယ် 💪💪

    ReplyDelete
  7. မျက်နှာမွဲလို့မပြောပါနဲ့ အမာခံပြည်သူတွေ ရှိပါသေးတယ်

    ReplyDelete
  8. မျက်နှာမွဲမဟုတ်ပါဘူးကွာ😢

    ReplyDelete
  9. အသေခံတော်လှန်ဖို့ မပြောနဲ့ လူအမုန်းခံရမှာတောင်သေမလိုကြောက် သတင်းမှားသတင်းတုတွေအောက် လမ်းတွေပျောက်ပျောက်သွားတယ့် တချိန်က ရဲရဲတောက်အနီတွေများတယ့် ဧရာဝတီတိုင်းက မော်ကျွန်းမြို့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ သေနတ်မိုးပေါင်ထောင်ရင်တောင် မဖောက်ရသေးခင် ဦးအောင်ပြေးတယ့် ပေါ်ပင်တွေများတယ့်မြို့

    ReplyDelete
    Replies
    1. ဒလန်ကျော်တင်ဦးသေပီဆိုပီး တမြို့လုံးက ဒလန်ငပေါတွေလအမှီးကုတ်သွားပီးမှ ကံဆိုးစွာ ခွေးကမသေဘူးဆိုရော သူထက်ငါ ဒလန်လူစွာ ဖာကြီးဖားလေ အကူန်အော်လို့ တော်လှန်ရေးသေနေခဲ့တယ့်မြို့ ဒီလိုမြို့သားဖစ်ရတယ် တခါတလေတော့လည်း

      Delete
  10. မျက်နှာမွဲတော်လှန်ရေးသမား ရင်ထဲထိရှ

    ReplyDelete
  11. Clicker we care

    ReplyDelete
  12. ရေးစရာထွေထွေထူးထူး မရှိပါဘူး။
    မအေလိုး မင်းအောင်လှိုင်ပါပဲ

    ReplyDelete
  13. ကျမ CDM မို့ ပတ်ဝန်းကျင်မှာ မျက်နှာမွဲ ဘဝ နဲ့ ဆက်လက် ရပ်တည် ​နေအုံးမှာပါ ​တော်လှန်​ရေး မ​အောင်မချင်း​ပေါ့

    ReplyDelete
  14. အားတင်းကာ ဆက်ပြီးတော့ 😍🌸🌸🌸

    ReplyDelete
  15. အစကနေ အဆုံးရောက်သည်အထိ
    သွားမဲ့သူတွေ ကြိုးစားမဲ့သူတွေရှိပါတယ် မမေ့မလျော့မပျက်မကွက်ပါဘူး
    ဒီခရီးရဲ့အောင်လံထူမဲ့သူ‌တွေမို့ fighting

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 041 done all click.

    ReplyDelete
  18. ဘာမှမလုပ်နိုင်တဲ့အတွက် click တာလေးသာမရှိရင် တော်တော်စိတ်ဓါတ်ကျနေမှာ 🥲

    ReplyDelete
  19. Replies
    1. ကြိုးစားကြပါစို့

      Delete
  20. လိုသလောင်မထောက်နိုင်ပေမယ့် နိုင်သလောက်ထောက်နေသူပါ

    ReplyDelete
  21. Replies
    1. ကြံခင်း ဘေးကင်းကြပါစေ

      Delete
  22. June 24 Click ♥

    ReplyDelete
  23. 🙂 ခံတပ် ...

    @ ခံတပ် ...
    ခံစစ်တပ်
    ခံတိုက်တပ်လို့ခေါ်မှာပေါ့၊
    မသိတာက ...
    ဓမ္မဘက်ကဆိုရင်
    နတ်ကောင်းနတ်မြတ်တွေ
    စောင့်ရှောက်လို့၊အောင်မြင်မှာပါ၊
    အဓမ္မဘက်ကဆိုရင်တော့ ...
    နတ်ဆိုးနတ်ယုတ်တွေစောင့်လို့
    သေချင်းဆိုးနဲ့တွေ့မှာပေါ့။
    စစ်မင်းထက်သာ

    ReplyDelete
  24. မျက်နှာမမွဲပါဘူးfighting

    ReplyDelete
  25. ပုံမှန်ကလစ်သူက ငါးရာမပြည့်ဘူး

    ReplyDelete
  26. 🙂 အခက်အခဲ ...

    @ အခက်အခဲဆိုတာ ...
    တစ်ကယ်လုပ်နေတဲ့သူမှသိတာ
    ထိုင်ကြည့်နေယုံ ...
    ပြောဆိုသုံးသပ်နေယုံနဲ့သိတာမဟုတ်ဘူး
    ဒါပေမယ့် ...
    ပူးပေါင်းကျော်လွှားရင် ရနိုင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  27. နိုင်ဂိုးသွင်းမယ်

    ReplyDelete
  28. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  29. မျက်နှာမွဲတော်လှန်ရေးသမားတဲ့လား၊အတော်ဝမ်းနည်းစရာကောင်းတဲ့ toxic emotionally စကားလုံးပဲ
    အများမလုပ်နိုင်တဲ့အလုပ်ကိုလုပ်နိုင်တဲ့သူလို့ကိုယ့်ကိုယ်ကိုအားရနေရမှာကျေနပ်နေရမှာ၊ဒီရက်ပိုင်းပြည်ပကအလှူထောက်ပို့လုပ်နေကြသူအမျိုးသမီးတွေအချင်းချထောက်ပို့လုပ်နေကြသူအမျိုးသမီးတွေအချင်းချင်းမသင့်
    မြတ်နေမှုကြောင့် pdf အဖွဲ့တွေတိုက်ရိုက်အလှူခံကြတာတွေ့လာရတယ်၊ဒါအလှူရှင်‌တွေအတွက်တကယ်ကောင်းတဲ့အချက်ပါ၊‌လူငယ်လေးတွေ live၊ လွှင့်ပြောကြတာမှာယဉ်ကျေးတဲ့အသုံးအနှူံးဆိုတာထက်ခခယယပြောတဲ့ပုစံဘက်သက်ရောက်နေသလိုပဲ၊ဒီတလရကအများဆိုင်တဲ့အလုပ်မို့ကိုယ့်လိုအပ်တာချပြလိုက်ရင်လှူတဲ့ဘက်ကလည်းလှူကြမှာပဲ၊အားလုံးသိတယ်လေ၊လနကိုင်တိုက်နေတာအချိန်မရွေးအားလုံးကိုစွန့်သွားရနိုင်တယ်ဆိုတာ၊ဘာအကြောင်းနဲ့မှအားငယ်စိတ်ဓာတ်ကျစရာမလိုဘူးလို့အားပေးပါတယ်👍💪❤️

    ReplyDelete
  30. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  31. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  32. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  33. Fighting All CDMrs

    ReplyDelete
  34. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  35. 🥷 Sitt Min SaysAugust 3, 2022 at 1:49 PM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  36. Can I become a content writer for this program? 😆

    ReplyDelete
  37. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 💎💎💎💎💎💎💎💎

    ReplyDelete
  39. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  40. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  41. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  42. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  43. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  44. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  45. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  46. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  47. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  48. သင်ဟာ သမိုင်းမှာ
    သူရဲကောင်း ဖြစ်ချင်သူလား ❓
    ဗီလိန် ဖြစ်ချင်သူလား ❓

    အကျွနု်ပ်တော့ သူရဲကောင်း မဖြစ်ရင်နေ ဗီလိန်တော့ မဖြစ်ပါရစေနဲ့ ...

    click မြဲသာ click ပါသည်။


    ReplyDelete
  49. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  50. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  51. မျက်နှာမွဲမဟုတ်ပါဘူး အခက်အခဲတွေကိုနားလည်ပေမယ့် သူရဲကောင်းတွေလို့ပဲယုံကြည်ပါတယ်

    ReplyDelete
  52. 🙂 အချိန် ...

    @ အချိန်ဆိုတာ ...
    ဆွဲထားရင်မကောင်းသလို
    မြန်မြန်လုပ်ဆောင်ရင်လည်း ...
    မှားတတ်ပြန်တဲ့နိယာမ၊

    @ အဲ့ဒီတော့ ...
    လုပ်ဆောင်သူရဲ့အရည်အချင်းနဲ့မှန်ကန်တဲ့
    ဆုံးဖြတ်ချက်အပေါ်တည်မှီပါလိမ့်မယ်၊
    ဒါ့အပြင်အခြေအနေနဲ့အချိန်အခါကို ...
    ပိုင်ပိုင်နိုင်နိုင်သိရပါလိမ့်မယ်၊

    @ ဒီလိုမှမဟုတ်ရင်တော့ ...
    မထင်မှတ်ထားတဲ့ဆုံးရှုံးနစ်နာမှုတွေ
    ဦးဆောင်သူတွေရော ...
    နောက်လိုက်များနဲ့ပြည်သူအားလုံး
    ခံစားရမှုတွေနဲ့ ...
    တစ်သက်လုံး နောင်တရလိမ့်မယ်ဆိုတာ
    သတိချပ်စေချင်ပါတယ်။

    🙂 စေတနာဖြင့်
    စစ်မင်းထက်သာ

    ReplyDelete
  53. 🥷 ရှေ့သို့ ...

    @ ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ...
    တစ်မြို့သိမ်းပြီး တစ်ပြည်နယ်
    တစ်ပြည်နယ်တစ်ပြည်နယ်မှ တစ်တိုင်းသို့
    တိုင်းနဲ့ပြည်နယ်မှ နိုင်ငံသစ်ဆီသို့
    ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်စို့။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  54. 😥 ဒို့တိုင်းရင်းသားညီအကိုများ ...

    @ "ဖားကန့်အတွက် သွေးကြွေးဆပ်ရမည်"

    ကချင်လည်း ဒို့ကချင်
    ကယားလည်း ဒို့ကယား
    ကရင်လည်း ဒို့ကရင်
    ချင်းသည်လည်း ဒို့ချင်း
    မွန်သည်လည်း ဒို့မွန်
    ဗမာသည်လည်း ဒို့ဗမာ
    ရခိုင်သည်လည်း ဒို့ရခိုင်
    ရှမ်းသည်လည်း ဒို့ရှမ်း
    ဘယ်သူထိထိ ဒို့ထိတာဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  55. 🙂 အီးယောင်ဝါး ...

    @ အီးယောင်ဝါးဆိုတာ ...
    လူမှုရေးမှာမကောင်းသလို
    စီးပွားရေးမှာလည်းမကောင်းဘူး
    အီးယောင်ဝါးဆိုတာ ...
    နိုင်ငံရေးမှာမကောင်းသလို
    အုပ်ချုပ်ရေးမှာလည်းမကောင်းဘူး
    ဘယ်နေရာ ...
    ဘယ်အရာဘယ်သူ့အတွက်မှ
    အသုံးမဝင်ဘူး
    တော်လှန်ရေးမှာဆိုရင် ...
    ပိုဆိုးသွားလိမ့်မယ်လို့ဆိုချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  56. လွတ်လပ်ခြင်းများ လွမ်းဆွတ်လို့❗️

    ReplyDelete
  57. တရားတဲ့လူသာနိုင်ကြေးဟေ့

    ReplyDelete
  58. မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်

    ReplyDelete
  59. နီကိုးလ်May 24, 2023 at 2:10 PM

    fighting

    ReplyDelete
  60. အဆုံးထိသွားမယ် မှန်တဲ့ဘက်မှာနေမယ်

    ReplyDelete
  61. New day ❤️ New hope

    ReplyDelete
  62. New day 💗 New hope

    ReplyDelete
  63. New day ❤️ New hope

    ReplyDelete
  64. New day 💖 New hope

    ReplyDelete
  65. New day ❤️ New hope

    ReplyDelete
  66. Good days are coming 😊

    ReplyDelete

Post a Comment