လေးကေကော်တိုက်ပွဲများကြား အသက်ဘေးမှ လွတ်ခဲ့သည့် ဧရာဝတီသားတော်လှန်ရေးသမားတစ်ဦး၏ အတွေ့အကြုံများ

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

လေးကေကော်တိုက်ပွဲများကြား အသက်ဘေးမှ လွတ်ခဲ့သည့် ဧရာဝတီသားတော်လှန်ရေးသမားတစ်ဦး၏ အတွေ့အကြုံများ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#လေးကေကော်

#စစ်ဘေးဒုက္ခများ

#AyeyarwadyRevolutionNews


အပိုင်း (၁)



မေး ။ လေးကေကော်က တိုက်ပွဲအတွင်း ဆရာတို့ ကြုံတွေ့ခဲ့ရာတာလေးတွေ ပြည်သူတွေကို မျှဝေပေးပါဦးခင်ဗျ။

ဖြေ ။ ——

“အချိန်က ခရစ်စမတ်ရဲ့အကြိုကာလ၊ ကရင်ပြည်နယ် မြဝတီမြို့အနီးက ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တဲ့ လေးကေ့ကော်ဆိုတဲ့မြို့သစ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး တနိုင်ငံလုံးမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ၊ ၅၀၅ အထုတ်ခံထားရသူတွေ ၊ CDM ဝန်ထမ်းတွေနဲ့ စကစ နှိပ်စက်မှုကြောင့်သွားရောက်ရှောင်တိမ်းနေတဲ့ နေရာလေးတခုပေါ့။ နေရာက KNU တပ်မဟာ ၆ ထိမ်းချုပ် နယ်မြေလည်းဖြစ်ပါတယ်။ စစ်တပ်က အကြောင်းပြချက်တစ်ခုခုပြပြီး လေးကေ့ကော်ထဲမှာ ရှာဖွေမှုတွေ လာလာလုပ်လေ့ရှိပေမယ့် ခုတစ်ခေါက်မှာတော့ သူတို့သတင်းပေးတွေရဲ့လက်ချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ဖမ်းဆီရာမှစတင်ပြီး တဖက်နဲ့တဖက် တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အရင်က မနက်ပိုင်းလာတယ်- ဟိုစစ်ဒီစစ်လောက်နဲ့ပဲ ပြန်ပြန်သွားတော့ အဝတ်တစ်ထည်ကိုယ်တစ်ခု လွယ်အိပ်တလုံးနဲ့ ရှောင်ထွက်လာခဲ့တယ်။ အဲဒီနေ့မှာပဲ တနေ့လုံးစစ်တပ်က ဝင်မွှေနှောက်ရှာဖွေနေတဲ့အတွက် ကျွန်တော်တို့ဟာ မယ်ဝါးခီရွာဘက်ကို ရွှေ့ပြောင်းနေခဲ့ရပါတယ်။


မယ်ဝါးခီးမှာလည်း သက်ဆိုင်ရာက ရှောင်တိမ်းလာသူတွေကို အစားစာတွေကျွေးမွေးပြီး ထားပေးခဲ့ပါတယ်။ အိပ်ဖို့ကတော့ ကွင်းပြင်ထဲမှာ အခင်းတွေခင်းပြီးနေခဲ့ရတယ်၊ ရေလည်း မချိုးရဘူးပေါ့။ ဒီဇင်ဘာ (၁၅) နေ့မှာပဲ စကစတွေက လေးကေ့ကော်မြို့ထဲကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး အနီးပတ်ဝန်းကျင်က စခန်းကုန်းတွေကို လက်နက်ကြီးတွေ စပြီးပစ်ပါတော့တယ်။ သူတို့နေရာယူထားတဲ့ အမြှောက်ကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးစစ်ပွဲကို အစပြုပါတော့တယ်။ လေ့ကေ့ကော် နှင့် မယ်ထော်သလေးမှာ တိုက်ပွဲတွေစတင်ဖြစ်တဲ့အခါ ဒေသခံတွေဟာ စစ်ဘေးရှောင်တဲ့အနေနဲ့ မယ်ဝါးခီးဘက်ကို စစ်ဘေးရှောင်ပြေးရပါတော့တယ်။


မြဝတီမြို့ နဲ့ လေးကေ့ကော်မြို့ကြားက မယ်ထော်သလေးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီဟာ အရမ်းအထိနာခဲ့ပါတယ်။ အဲဒီနေ့က KNLA ကနေ စစ်တပ်က ၆ ဦး နှင့် BGFက ၂ ဦးတို့ကိုဖမ်းမိပြီး ဖမ်းဆီးရမိတဲ့သုံပန်းတွေကို လိုက်နာရတဲ့စည်းကမ်းအတိုင်း ကောင်းစွာစောင့်ရှောက်ထားတာကိုလည်း Facebook မှာမြင်တွေရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ မှာ မယ်ဝါးခီးစခန်းမှာ ရိက္ခာတွေကိုစုပြီး စစ်ဘေးရှောင်တွေအတွက် စားသောက်ရေးကို ကျနော်တို့ စီစဉ်ပေးခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို မယ်ဝါးခီးစာသင်ကျောင်း ၊ အနီးနားက ခရစ်ယန်ချက်ကျောင်း နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထားရှိခဲ့ပါတယ်။ လူရာပေါင်းများစွာအတွက် ထမင်းတွေချက်ပြီး ကျွန်တော်တို့အဖွဲ့ ဟာ ထမင်းထုတ်တွေ ဝေငှတဲ့အလုပ်ကို လုပ်ပေးနေခဲ့ပါသည်။ တိုက်ပွဲဟာပိုမိုပြင်းထန်လာမှာကို မိမိတို့သိရှိပြီး ဖလူစစ်ဘေးရှောင်စခန်းကို ဒေသခံပြည်သူတွေ ၊ အမျိုးသမီး ၊ ကလေးတွေကို အရင်ဆုံးဦးစားပေးနေရာရွှေ့ပြောင်းမှုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲကတော့ မယ်ဝါးခီး စာသင်ကျောင်းမှာပဲကျန်နေပြီး ရှေတန်းစစ်မျက်နှာက ရဲဘော်တွေ စားရေးသောက်ရေးအတွက်

လုပ်ကိုင်ပေးနေခဲ့ပါတယ်။


စကစဘက်က လက်နက်ကြီးတွေ အဆက်မပြတ်နဲ့ KNU/KNLA/PDF တွေရှိနေမယ်ထင်တဲ့နေရာတိုင်းကို သူတို့အမြှောက်ကုန်းကနေ ရမ်းသမ်းပစ်နေခဲ့ပါတယ်။ ကျွန်တော်တို့နေရာနှင့် အနည်းဆုံး တစ်မိုင်လောက် ဝေးနေတဲ့နေရာကို လက်နက်ကြီးကျ ပေါက်ကွဲမှုတွေ ဖြစ်နေတာကြားနေရတော့ လက်နက်ကြီးပေါက်ကွဲမှု ဘယ်လောက်ပြင်းထန်မယ်ဆိုတာကို မခန့်မှန်းမိသေးဘူး။ ကြားရတာကြာတော့ရိုးလာသလိုတောင် ဖြစ်လာပါတော့တယ်။ စကစဟာ အထိနာလာတော့ ဒီဇင်ဘာ (၂၄) ညဆယ်နာရီလောက်မှာ စပြီး လေယာဉ်နဲ့ဗုံးလာကြဲပါတယ် အဲဒီမှာ အကုန်ဝရုန်းသုန်းကားဖြစ်ပြီး ကျွန်တော်တို့အဖွဲ့ကတော့ စာသင်ကျောင်းအောက်က ဗုံးခိုလိုရတဲ့

နေရာကိုပြေးကြရပါတယ်။ အဲဒီညတစ်ညလုံး စာသင်ကျောင်းအောက်မှာပဲနေရင်း မိုးလင်းခဲ့ရပါတော့တယ်။


အဲဒီအချိန်မှာ ရှေ့တန်းစစ်မျက်နှာအတွက် ရိက္ခာထောက်ထားတဲ့ စခန်းကနေရွှေ့ပြောင်းဖို့ဆိုတာ ကျွန်တော်တို့အတွက် အခက်ခဲဆုံးပဲ၊ အနီးနားကစခန်းတွေလည်း လေယာဉ်နဲ့ ဗုံးလာကျဲနေတာကို တွေမြင်နေရာတော့ ကိုယ်လုပ်ရမယ်တာဝန်ကို ဆက်လုပ်နေခဲ့ပါတယ်။ အဲအချိန်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအဖြတ်ခံထားရပြီး မြန်မာဆင်းကဒ်တွေအလုပ်မလုပ်တော့ပဲ ထိုင်းကဒ်တွေပဲသုံးလို့ရပါတော့တယ်။”


“ December 25 , Christmas Day “

အင်တာနက်ရတုန်းလေး လိုင်းသုံးရင်း တိုက်ပွဲတစ်ခုအကြောင်းကို ကျနော် ဖတ်မိခဲ့တယ်၊ စစ်သူပုန်

တွေဟာ တိုင်းရင်းသားတွေရဲ့ နေ့ကြီးရက်ကြီးအထိမ်းမှတ်နေ့မျိုးတွေကို ရွေးပြီး ထိုးစစ်လုပ်ဖူးတယ်ဆိုတဲ့ သာဓကတွေကို ဖတ်မိခဲ့တယ်။ အဲ့ထဲက ကျွန်တော်စိတ်ထဲမှာ ထင့်နေခဲ့မိတယ်။ ခရစ်စမတ်နေ့ နံနက် ၁၀ နာရီလောက်မှာပဲ လက်နက်ကြီးတွေ စတင်ပစ်ခတ်ပါတော့တယ်။ ထူးခြားတာက အရင်လို တစ်လုံးစနှစ်လုံးစ ပစ်ခတ်တာမဟုတ်တော့ပဲ သုံးလေးလုံးတပြိုင်တည်း အတွဲလိုက်ပစ်ခတ်လာပါတော့တယ်။ ကျွန်တော်တို့တည်ရှိတဲ့ စာသင်ကျောင်းအနီးဆုံးနေရာ ကိုက် (၅၀၀) လောက်အထိကို လက်နက်ကြီးကျ ပေါက်ကွဲမှုတွေ ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့နေရာနဲ့အရမ်းနီးကပ်လာပြီး ပစ်ခတ်တာလည်း အလုံးပေါင်းများစွာ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ပထမဆုံး စစ်ဘေးရှောင်ပြည်သူတွေ အတွက် စိတ်ပူပန်မှုတွေ စတင်ဖြစ်လာပါတယ်။ သူတို့အမြှောက်ကုန်းလေးနေရာလောက်မှာ လက်နက်ကြီးတွေ တပ်ဆင်ထားတာကို ကျွန်တော်တို့လည်းသိထားတာ ဖြစ်တဲ့အတွက် ဆုတ်ဖို့ကိုပဲ ပြင်ဆင်ထားလိုက်တော့တယ်။


(ဆက်ရန် - )

အပိုင်း (၂)

Comments

  1. အောင်မြင်ပါစေ

    ReplyDelete
  2. ကိုယ်ပါလိုက်ပြေးရင်းမောခဲ့ရသော ဒီဇင်ဘာပါပဲ😢

    ReplyDelete
    Replies
    1. အန္တရာယ်ကင်းပါစေ
      အောင်ပွဲနဲ့အတူ ပြန်လာနိုင်ကြပါစေ 🙏🙏🙏

      Delete
  3. Hlaine Nwae NwaeMay 7, 2022 at 6:46 PM

    ခက်ခဲမှုတွေ😓

    ReplyDelete
  4. Click ♥ June 23

    ReplyDelete
  5. မနက်ဖြန်အတွက် Ready ပဲလား။

    Project NAN HTIKE AUNG မှာ မြို့ပြရုပ်ရှင်အတွက် Booking တင်ကြရအောင်။

    မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့ Project NAN HTIKE AUNG မှာ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေ။

    မြို့ပြကို လှုပ်နှိုးဖို့၊ မြို့ပြက စကစထောက်တိုင်တွေကို ဖြိုချဖို့ Project NAN HTIKE AUNG ကို ကူကြစို့နော်။
    💪

    ReplyDelete
  6. တရားသောစစ်အောင်ရမည် 💪

    ReplyDelete
  7. တရားသောစစ်အမြန်အောင်ပါစေ

    ReplyDelete
  8. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  9. Point ဘယ်လိုကြည့်ရမလဲ

    ReplyDelete
  10. စစ်မင်းထက်သာJuly 9, 2022 at 2:35 PM

    🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  12. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 ခလေးတွေ ...

    @ ခလေးတွေဆိုတာ ...
    ဖြူစင်ပွင့်လင်းရိုးသားပြီးသား
    ဘယ်အရောင်မှမပါဘူး၊
    အဲ့ဒီအပြစ်မဲ့တဲ့ခလေးတွေကို
    ခင်ဗျားတို့မို့လို့ ...
    မိဘမဲ့အောင်,အိုးအိမ်ပျက်စီးအောင်
    အသက်မဲ့အောင် လုပ်ရက်တယ်ဗျာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  27. 🏇 ငါ ...

    🖕 အရာရာမှာ ...
    ငါသိတယ်ငါတတ်တယ်မလုပ်ပါနဲ့
    ငါထက်သိတဲ့သူ ...
    ငါ့ထက်တတ်တဲ့သူတွေက
    ငါတို့ရဲ့အသက်တွေကို ...
    နှုတ်သွားတတ်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  29. 🏇 ဗျူဟာ ...

    @ ဗျူဟာဆိုတာ ...

    ၁.စိတ်ဓါတ် ...
    အောင်စိတ်မွေးပြီး၊အောင်နိုင်ရေးကိုဦး
    တည်လို့ ခိုင်ခိုင်မာမာယုံကြည်ချက်နဲ့ဘက်
    ပေါင်းစုံက တိုက်ခိုက်ရမယ်၊
    ၂.စုစည်းခြင်း ...
    ဦးတည်ချက်တူရာ၊တစ်ဦးချင်း တစ်ဖွဲ့
    ချင်း၊တစ်စုချင်း ကွဲမနေဘဲ၊ကျစ်လစ်ခိုင်မာ
    စွာဖွဲ့စည်းပြီး တိုက်ခိုက်ရမယ်၊
    ၃.စုဆောင်းခြင်း ...
    တိုက်ခိုက်ရေးအတွက်၊လိုအပ်တဲ့ လူ၊
    ရိက္ခာ၊လက်နက်၊ဆေးဝါးစသည်တို့ကို ရနိုင်
    တဲ့ အဘက်ဘက်က စုဆောင်းရမယ်၊
    ၄.အကူအညီ ...
    ဘက်စုံထောင့်စုံကတွေးပြီး၊ ပြည်သူ
    ခရိုနီ၊ပြည်ပရောက်နိုင်ငံသားများ၊နိုင်ငံခြား
    တိုင်းပြည်မှ အပေးအယူအကူအညီများကို
    တတ်နိုင်သလောက်ရယူရမယ်၊
    ၅.မှန်ကန်မှု့နဲ့မြန်ဆန်မှု့ ...
    တော်လှန်ရေးဦးတည်ချက်ကို မည်သည့်
    အကြောင်းအရာနဲ့မျှ မတွန့်ဆုတ်ဘဲ၊ မှန်မှန်
    ကန်ကန်နဲ့မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရ
    မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  30. 🙂 လွပ်လပ်ရေး ...

    @ ဗိုလ်ချုပ်ပေးခဲ့တဲ့ ...
    လွပ်လပ်ရေးအစစ်ကို
    မင်းတို့ငါတို့ ...
    ပြန်တိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete

Post a Comment