မောင်အာကြီးတို့ရွာ - အပိုင်း (၃)

 မောင်အာကြီးတို့ရွာ - အပိုင်း (၃)

*****************************

မောင်Rကြီး

တော်လှန်ရေးအခန်းဆက်ဝတ္ထုရှည်

ARNs_Revolutionary_Art_Program 



“ဆန္ဒတွေပြကုန်ကြပြီတဲ့ ဦးလေးရေ”

တူမတော် စပီကာလေးမှ အော်ဟစ်ပြောသံကြားရပြန်ပြီ။

မောင်Rကြီး : “ဟဲ့...  ဘယ်မှာတုန်းဟ”

စပီကာ : “ရန်ကုန်ပုသိမ်လမ်းမကြီးတလျောက်၊ ကားတွေအပြည့်ပဲတဲ့၊ ဆန္ဒတွေပြနေကြတာတဲ့”

မောင်Rကြီး : “ဟုတ်ရဲ့လား စပီကာရယါ၊ ငါတူမကတော့ ပေါက်ကရတွေပြောပြန်ပြီ”

စပီကာ : “ဟုတ်ပါတယ်ဆို ဦးလေးရဲ့ ၊ ခရီးသွားသပိတ်ဆိုပြီးလုပ်တာတဲ့၊ တနိုင်ငံလုံးဆိုပဲ ဦးလေးရ”

မောင်အာကြီးတယောက် စဥ်းစားမိပြန်ချေသည်။

အင်း...  ဟုတ်တော့လဲ ဟုတ်မှာပေါ့

ဆိုင်းလန့်သပိတ် ပန်းသပိတ်ဆိုပြီးပေါ်သေးတာ

ခရီးသွားသပိတ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်လေ….

ထိုနှင့် ကာလသားခေါင်း ကိုကြီးမင်းမာဃ

တို့ရှိရာ ဘက်ထွက်လာခဲ့တော့သည်။

“လူတွေကလည်း တကယ်အံသြတယ်ဗျာ

တက်ညီလက်ညီ လုပ်နိုင်ကြတာလေးစားပါတယ်” ဟု မင်းမာဃ ကို တွေ့တွေ့ချင်း မောင်Rကြီးမှ ဆိုလိုက်သည်။

မင်းမာဃ : “ဘာတဲ့ မောင်အာကြီး”

မောင်Rကြီး : “ခရီးသွားသပိတ်ဆိုတာလုပ်ကြတာတဲ့၊ ကားလမ်းတွေတောင် အကုန်ပိတ်ကုန်ရောတဲ့”

မင်းမာဃ : “ဘယ်လို ဘယ်လို..နေစမ်းပါဦးဟ ရွာ ဖေစဖုတ်ဆိုလား..ဘာဆိုလား လက်ပွတ်ဖုန်းလေးနဲ့ သုံးနေတဲ့.. ဟိုကောင်လေး ဘုန်းတေဇာမင်း ဆီသွားမေးဦးမှပဲ” ဟုဆိုကာ အာကြီးတို့ ၂ ယောက်သား ဆက်ထွက်ခဲ့ကြသည်။

~~~~~~~~~~~~~~~~~~~~~

“ဦးလေးတို့ ဘယ်ကလာကြတာလဲ” ဟု ကျနော်တို့က လှမ်းနှုတ်ဆက်လိုက်သည်။

မောင်Rကြီး : “လူတွေခရီးသွားသပိတ် လုပ်ကြတယ်ဆိုတာကြားလို့၊ မင်းအပြားလေးပွတ်စမ်းကျိစမ်းပါ၊ ဖေ့စဖုဆိုဘာလားမှာ တွေ့လား” ဟု အာကြီးမှ ဆိုလိုက်သည်။

“ အာ ဦးလေးတို့ကလည်း.. မဟုတ်ပါဘူးဗျာ သီတင်ကျွတ်ပိတ်ရက်ဆိုပြီး …ခရီးတွေသွားနေကြတာပါဗျာ...” ဟု ဘုန်းတေဇာမင်းမှ ရယ်လျက် ပြန်ပြောလေသည်။ 

မင်းမာဃ :  “ဟေ့ကောင် အာကြီး

မင်းကတော့ကွာ လုပ်လိုက်ရင် တလွဲ”

မောင်Rကြီး : “ကျုပ်လည်းဘယ်သိမလဲဗျ

ဟိုတခါ ပန်းသပိတ် ဆိုင်းလန့်သပိတ်တောင်

လုပ်သေးတာပဲ”

မင်းမာဃ : “အခုဟာ မင်းကိုဘယ်သူပြောတာလဲ”

မောင်Rကြီး : “ဘယ်သူရှိမလဲ ကျုပ်တူမ စပီကာပေါ့”

မင်းမာဃ : “အေးမင်းတို့တူရီး လုပ်လိုက်ရင်

ဇောက်ထီးချည်းပဲ”

အားလုံး ပြိုင်တူ အကုန်ရယ်မောလိုက်ကြလေတော့သည်။ 

“ARNs ၏ သတင်းထောက်လှမ်းရေးတပ်သားများအား နွေးထွေးစွာ ကြိုဆိုပါသည်။”

(မှတ်ချက် ။      ။ ယခုတော်လှန်ရေးအခန်းဆက်ဝတ္ထုပါ ဇာတ်ကောင်များသည် စာရေးသူ၏ အနုပညာစိတ်ကူးဖန်တီးမှု သက်သက်သာဖြစ်ပြီး ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ် အလျှင်းသင့်သလို စာပေအနုပညာနှင့် ပေါင်းစပ်ကာ ပြည်သူများ စိတ်အပန်းဖြေစေရန်နှင့် နိုင်ငံရေးအတွေးအမြင် ရသအချို့ ပေးနိုင်ရန်အတွက်သာ ရည်ရွယ်ပါသည်။)

Comments

  1. သပိတ်က တစ်မျိုးလေး🤭
    စပီကာလေးတော်တယ်🤣

    ReplyDelete
  2. သရော် စာလေး အရမ်း ထိမိ

    ReplyDelete
  3. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  4. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. "ဇောက်ထီးချည်းပဲ"😆

    ReplyDelete
  6. လဝက ရုံးမှာ လည်း သပိတ် တဲ့ 🤭

    ReplyDelete
  7. ခရီးသွားသပိတ်

    ReplyDelete
  8. 🙂 လူတွေ ...

    @ လူတွေ ... လူတွေဟာ ...
    အချိန်အခါ၊နေရာဒေသ
    အတွေ့အကြုံပေါ်မူတည်ပြီး
    တွန်းလှန်ချင်စိတ် ...
    ဖြစ်တည်လာရတာပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  9. ရ က ထဲမှာတောင် အလုပ်ကလွဲလို့ ဘယ်မထွက်
    ရွှေတိဂုံ နဲ့ ဆူးလေကို ခလုတ်တိုက်လို့ မိုးကြိုးပစ်ခံရမယ့် အမိုက်မဲလေးပါ 🤭😁

    ReplyDelete
  10. ခရီးသွားသပိတ်😅

    ReplyDelete
  11. ကလပ်တက် သပိတ် ရော😁

    ReplyDelete
  12. New day 💞 New hope

    ReplyDelete
  13. New day 💕 New hope

    ReplyDelete
  14. New day 💓 New hope

    ReplyDelete
  15. သပိတ်...သပိတ်...💪

    ReplyDelete
  16. Good days are coming 😊

    ReplyDelete

Post a Comment