အို မြန်မာပြည်…

အို မြန်မာပြည်…

****************

ARNs_Revolutionary_Art_Program 

တော်လှန်ရေးစာပေအနုပညာကဏ္ဍ(ကဗျာ) 



ဇန်နဝါရီ လေးရက် လေးနာရီနှစ်ဆယ်မိနစ်က

စခဲ့တဲ့ ဇာတ်လမ်း ခုထိ မပြီးဆုံးသေးပါလား။

အကုန်လုံး ဖိုးတွမ်တိတွေ ဖြစ်လို့…

လွတ်လပ်ရေးရပြီးလည်း တိုက်နေတဲ့သူတွေက 

တိုက်တုန်း… သေကြကြေကြစစ်ဘေးရှောင်ကြပေါ့။

လွတ်လပ်ရေးဆိုတာကို ငါမယုံကြည်တော့ဘူး။

ဘယ်တုန်းက လွတ်လပ်ခဲ့တာလဲ….

တိုင်းတပါးအောက်က ခဏတာလွတ်လပ်ခဲ့ပေမဲ့…

ခုထိငါတို့ ကိုယ့်လူမျိုးလက်အောက်က

မလွတ်လပ်သေးဘူး…ငါတို့ တိုက်နေရတုန်း…။

တိုင်းတပါးသားထက် ကိုယ့်လူမျိုးက လက်စောင်းထက်တော့… 

ဒီနေ့ထိ ပစ်ကြခတ်ကြ..။

ယုံကြည်ရာအတွက် လုပ်ကြပေါ့။

ဓမ္မကသာ နိုင်မှာပါတဲ့…ဓမ္မဆိုတာ မလာခင်

အဓမ္မတွေက များလှသားပဲ…။

စစ်တပ်က တိုင်းပြည်ကို အနိုင်ကျင့်တော့

ငါတို့ဘက်မှာ ဘယ်သူမှ မရှိတော့ဘူး…။

လောကပါလတရားဆိုတာ ဆိတ်သုန်းနေပြီလား…

စာသင်ကျောင်းပါမချန်..လေယာဉ်နဲ့ပစ်တော့

ကလေးငယ်တွေ သေရကြေရ…။

စိတ်မကောင်းယုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။

မခံချင်စိတ်တွေက တွန်းလှန်ဖို့ဖြစ်လာတယ်

ငါသေသွားရင် ငါ့သားတော်လှန်လိမ့်မယ်။

ဒီမြေမှာ ဒီမိစ္ဆာတွေ အမြစ်မပြတ်သ၍

ဒီနိုင်ငံကြီးက ဖိုးတွမ်တိနေအုံးမှာပဲ….။

ဘုန်းတေဇာမင်း

Comments

  1. အနာဂတ်ရဲ့ပန်းကလေးတွေ💔😥

    ReplyDelete
  2. ဒီကောင်တွေဆီ က လူဆန် မှူဆိုတာ တသက်လုံးရှာတွေ့မှာမဟုတ်ဘူး
    တတ်နိုင်တဲ့ဖက်က ကူပေးရမှာပဲ ကလစ် နိုင်တဲ့လူက ကလစ် လှူနိုင်တဲ့လူက လှူက နှစ်ခုလုံးတတ်နိုင်တဲ့လူက နှစ်ခုလုံးလုပ် ကြရမှာပေါ့ ဗျာ

    ReplyDelete
  3. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  4. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. လွတ်လပ်ရေးရဖို့ များများကလစ်ကြစို့

    ReplyDelete
  6. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  8. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. Done (⁠。⁠♡⁠‿⁠♡⁠。⁠)

    ReplyDelete
  10. Done ❄️❄️❄️❄️❄️

    ReplyDelete
  11. 🙂 လူတွေ ...

    @ လူတွေ ... လူတွေဟာ ...
    အချိန်အခါ၊နေရာဒေသ
    အတွေ့အကြုံပေါ်မူတည်ပြီး
    တွန်းလှန်ချင်စိတ် ...
    ဖြစ်တည်လာရတာပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  12. Dhamma shall be win!

    ReplyDelete
  13. မိတ်ဆာတွေအမြစ်ပြတ်မှ

    ReplyDelete
  14. New day ❣️ New hope

    ReplyDelete
  15. New day 💕 New hope

    ReplyDelete
  16. Good days are coming 😊

    ReplyDelete

Post a Comment