ကျောင်းခန်းထဲက မအလရဲ့ ကျိန်စာသင့်ခဲ့ရသူများ

ကျောင်းခန်းထဲက မအလရဲ့ ကျိန်စာသင့်ခဲ့ရသူများ

************************************************

စလားဖန်း 

ARNs_Revolutionary_Art_Program 

တော်လှန်ရေးဆောင်းပါးတိုကဏ္ဍ


 

"တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်..တို့မြေ...

များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ...

ပြည်ထောင်စုအမွေ အမြဲတည်တန့်စေ အဓိဌာန်ပြုမလေ ထိန်း သိမ်း စို့ လေ" 

ဒီသီချင်းကို တစ်ချိန်က စာသင်ကျောင်းရဲ့ အလံတိုင်ရှေ့မှာ ဆိုခဲ့တုန်းကအချိန်လေးကို သတိရမိသွားတယ်။

အဲ့ဒီတုန်းကတော့ ဘာမှန်းမသိ လိုက်ဆိုခဲ့တာ ခုပြန်တွေးကြည့်တော့ အဲ့ဒီအပိုဒ်လေးထဲမှာ အဓိပ္ပါယ်တွေစုံလို့ပါလား။

လွတ်လပ်ပြီးတရားမျှတမှုရှိရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှု ရှိတဲ့ ဝါဒကိုကျင့်သုံးရေး စတဲ့ အကြောင်းအရာတွေကို စာပိုဒ်လေးတစ်ပိုဒ်ထဲနဲ့ ပြည့်စုံအောင်ရေးသွားခဲ့တာ အရမ်းကိုလေးစားဖို့ကောင်းတယ်။

ဒါပေမယ့် ဟိုးငယ်ငယ်လေးထဲက ကျောင်းမှာ နေ့တိုင်းရွတ်ဆိုလာခဲ့ပေမယ့် ခုခေတ်ချိန်ထိ နိုင်ငံတော်သီချင်း စာသားထဲကလိုမျိုး မနေခဲ့ရဖူးဘူး။

လွတ်လပ်ပြီးတရားမျှတတဲ့ ဘဝမျိုးလည်းမနေခဲ့ရဖူးဘူး ငြိမ်းချမ်းရေးဆိုတာလည်း တိုင်းရင်းသားဒေသတွေမှာ အရာရာက နတ္ထိပါပဲ တန်းတူညီမျှမှုဆိုတာကတော့ ဝေးလာမှဝေးနေရောပဲ။

တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်က စာသင်ခန်းထဲက ကလေးငယ်လေးတွေပါပဲ။ တစ်ချို့နိုင်ငံတွေမှာဆို ကျောင်းနေအရွယ် ခလေးတွေကို တိုင်းပြည်ရဲ့အနာတ်လို့ သတ်မှတ်ပြီး အစိုးရက လိုအပ်တဲ့ထောက်ပံ့မှုတွေ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးကြတယ်။

ဟိုတစ်လောက ကျုပ်တို့တိုင်းပြည်က မအလ ကြီးပြောတာကြားလိုက်ပါသေးတယ် ကျုပ်တို့တိုင်းပြည် ပညာတတ်တွေနဲလို့ ဆင်းရဲရတာဆိုပဲ

ဒီစကားကြားရတော့ တော်တော်လေး စိတ်ထဲ အော်ဂလီဆန်သွားခဲ့ရတယ်။

ကျောင်းတွေကိုအတင်းပြန်ဖွင့်၊ ကျောင်းသားမိဘတွေကိုအစည်းဝေးခေါ်၊ အတင်းကျပ်ခလေးတွေကို ကျောင်းတတ်ခိုင်းပြီး ကျောင်းသားတွေ စာသင်ခန်းထဲရောက်တဲ့အချိန် အစုလိုက်အပြုံလိုက် သတ်ပစ်မယ် ပြီးရင် PDF တွေလုပ်တာပါဆိုပြီး အာဗြဲကြီးနဲ့ အော်မယ် (သူတို့တွေရဲ့ မြေးမြစ်တီတွတ် ဂျွတ်ပလွတ်) ကောင်တွေကိုတော့ အစိုးရပိုင်ကျောင်းတွေမှာ တစ်ကောင်မှ မထားကြဘူး။

ခုတော့ သူတို့ရည်ရွယ်ထားသလို တကယ်လည်းလုပ်သွားခဲ့တယ်။ ဒီလောက်ထိယုတ်မာရိုင်းစိုင်းတဲ့ အပြုမှုမျိုးကို လုပ်နိုင်တာ ကျုပ်တို့မြန်မာပြည်မှာ မအလ တစ်ကောင်ပဲရှိတယ်။

🩸 ခုတော့ ကျောင်းစာသင်ခန်းတွေမှာ ကျောင်းတတ်ခေါင်းလောင်းသံအစား သေနတ်သံတွေကြားခဲ့ရပြီ၊ 

🩸 နိုင်ငံတော်သီချင်းသံအစား ကလေးတွေရဲ့ အော်ဟစ်ငိုကြွေးသံတွေ ကြားခဲ့ရပြီ၊ 

🩸 သန့်ရှင်းလှပပြီး သင်ထောက်ကူ ပစ္စည်းတွေကပ်ထားတဲ့ ကျောင်းနံရံတွေပေါ်မှာ ခုတော့သွေးကွက်တွေအဖြစ် မြင်တွေ့ခဲ့ကြရပြီ၊ 

🩸 အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးတွေကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲကုန်ပြီ၊ 

🩸 စာအုပ်တစ်ချို့ကလည်း မီးတွေစွဲလောင်နေလို့ ကျောင်းဝန်းတစ်ခုလုံးလည်း အရင်က မွှေးပျံ့နေတဲ့ ပန်းနံ့တွေအစား ခုတော့ ယမ်းနံ့တွေနဲ့ ဖုံးလွှမ်းလို့နေခဲ့ပြီ 

🩸 အဝေးကနေ လှမ်းပြီးကြည့်ရင် အင်မတန်မှ ကျက်သရေရှိတဲ့ ကျောင်းဆောင်ကြီးဟာ ခုဆို သုသာန်ကြီးလို ခြောက်ခြားဖွယ် တိတ်ဆိတ်သွားခဲ့လေပြီ…..

ဒါတွေဟာ ဘယ်သူ့အပြစ်လဲ? ဘယ်သူလုပ်ခဲ့တာလဲ? နိုင်ငံတကာကရော ဒီလောက်ယုတ်မာတဲ့ သူတွေကို ဒီတိုင်းပဲ ကိုယ်နဲ့မဆိုင်လို့ လက်ပိုက်ကြည့်နေကြအုံးမှာလား? လူယုတ်မာတွေကတော့ ယုတ်ပြီးရင်းဆက်ယုတ်နေကြအုံးမှာပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘုရားတွေကရော ဒီလိုယုတ်မာရိုင်းစိုင်းတဲ့ သူတွေကို အလွတ်ပေးထားတုန်းပဲလား…..

ခင်ဗျားတို့မှာလည်း သားသမီးလေးတွေရှိမှာပါ…ခင်ဗျား တို့ခုလို လုပ်ခဲ့တဲ့အပစ်တွေကြောင့် ခင်ဗျားတို့ရဲ့ သွေးသားတွေ ငိုသံကြားတိုင်း ခင်ဗျားတို့ရဲ့ ရင်နှစ်ခြမ်းကွဲလောက်တဲ့အထိ ခံစားကြရပါစေလို့ ရှိရှိသမျှ ဘုရားရှင်အကုန်လုံးကို ရည်စူးပြီး သစ္စာဆိုလိုက်ပါရစေ…..


Comments

  1. ကလေးလေးတွေ💔

    ReplyDelete
  2. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  4. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  6. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  7. ကလေးလေးတွေက လောကကြီးကနေ ထွက်ခွာဖို့ အရမ်းစောလွန်းသေးတယ်လေ...😢

    ReplyDelete
    Replies
    1. ဟုတ်တယ်နေ့တိုင်း နာကျင်ရတယ် 💔💔😥

      Delete
  8. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  9. 🙂 ခွန်အား ...

    @ စိတ်ဓါတ်ကျစရာတွေ ...
    ကိုယ့်ရဲ့ဘဝမှာကြုံတွေ့လာခဲ့ရင်
    ကိုယ့်ထက်ဆိုးတဲ့ဘဝတွေကိုကြည့်ပြီး
    ငါတို့ဘဝတွေဟာ ...
    တော်ပါသေးလားလို့"ခွန်အား"ယူရမယ်၊

    @ အောင်မြင်မှုတွေ ...
    ကိုယ့်ရဲ့ဘဝမှာရလာခဲ့ရင်
    ကိုယ့်ထက်အောင်မြင်သူတွေကိုကြည့်ပြီး
    ငါတို့လိုပါသေးလား ...
    ငါတို့ဒီထက်ကြိုးစားရမှာပါလားလို့
    ကိုယ့်ကိုယ်ကိုယ်"ခွန်အား"တွေယူရမယ်၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  10. ခွေးရူးက အာဏာရူးခဲ့လေတော့

    ReplyDelete
  11. ခေါက်သိမ်းထားတယ် ယူနီဖောင်းလေးရေ
    မကြာခင်မင်းပြန်ထွက်လာရတော့မှာပါ ခဏဆက် သည်းခံပေးပါနော်။
    လူမစုံတော့မယ့် စာသင်ခန်းလေးနဲ့
    အတွေ့အကြုံတွေ ဖလှယ်ကြမယ့်
    မြေနီလမ်းလေး မကြာခင်အသက်၀င်လာတော့မှာပါ။ 💪🏾💪🏾💪🏾

    ReplyDelete
  12. ပေးဆပ်မှုတွေများနေတယ်။ များများကလစ်ကျပါနော်

    ReplyDelete
  13. New day 💓 New hope

    ReplyDelete
  14. New day 💕 New hope

    ReplyDelete
  15. New day ❤️ New hope

    ReplyDelete
  16. New day 💟 New hope

    ReplyDelete
  17. New day 💕 New hope

    ReplyDelete
  18. New day ❣️ New hope

    ReplyDelete
  19. New day 💕 New hope

    ReplyDelete
  20. New day ❤️ New hope

    ReplyDelete
  21. New day ❤️ New hope

    ReplyDelete

Post a Comment