မောင်အာကြီးတို့ရွာ - အပိုင်း (၂)

မောင်အာကြီးတို့ရွာ - အပိုင်း (၂)

*******************************

တော်လှန်ရေးအခန်းဆက်ဝတ္ထုရှည်

#ARNs_Revolutionary_Art_Program 



“ဦးလေးရေ … ဦးလေးရေ”

အမောတကောအော်တက်လာတဲ့ 

တူမလေးစပီကာ

“ဟဲ့ ဘာဖြစ်တာတုန်း တူမရဲ့”

“ဦးလေး NUG မိသွားပြီတဲ့”

“ဟေ … “

မောင်အာကြီး နှင့် စလားဖန်းနှစ်ဦးစလုံးပြိုင်တူ

မတိုင်ပင်ပဲ အသံထွက်သွားကျလေသည်။

“နေစမ်းပါဦး ငါ့တူမရယ် ဘယ်လိုမိတာလဲ၊

ဘယ်မှာမိတာလဲ”

“အဲဒါတော့ မသိဘူးဦးလေး ရွာထိပ်က

ဘကြီးကြည်ပြောနေတာကြားတာမလို့

ဦးလေးကိုလာပြောတာ”

“ကိုင်း … ကိုအာကြီးရေ ကျုပ်တို့တော့

ဒီကိစ္စ ဦးလေးကြည်ကို သွားမေးမှဖြစ်မယ်

တော်ကြာ ကိုဂျင်မီတို့ ကိုဇေယျာသော်တို့လို

ကြိုးပေးနေမှ” ဟု စလားဖန်းက ဆိုလိုက်သည်။

“နေစမ်းပါဦး ကိုစလားဖန်းရာ

အခုဟာက သေသေချာချာလည်းသိရတာ

မဟုတ်သေးဘူး” 

“ကဲ …. ကဲ ဒါဖြင့် ဦီးလေးကြည်ဆီ သွားမေးကြစို့”

နှစ်ဦးသား ရွာထိပ်က ဦးလေးကြည်နေအိမ်သို့

ဦးတည်ထွက်လာခဲ့မိလေတော့သည်။

အတွေးကိုယ်စီဖြင့် စကားပင်မဆိုမိပဲ

ခပ်သုတ်သုတ်ကလေးလျှောက်လာခဲ့လေရာ

“စလားဖန်းတို့ မောင်အာကြီးတို့ရေ

ကြင်စိုးက လှူပြန်ပြီတဲ့တော့်” ဟု လမ်းမှ လှမ်းပြောလိုက်သည့် အမနွေဦးနှင့် ဆုံကြသည်။

“ဘာလှူတာတုန်း အမနွေဦးရဲ့ အရင်မရှိအဖျားမရှိ”

“ဒီလိုမောင်လေးတို့ရဲ့ - ‘’ ကြင်စိုးနောက်လိုက်ခွေးတသိုက်က ရခိုင်မှာ AA ကိုလှူတာတဲ့ မနေညက ပလက်၀မှာ သဲမ၀တပ်စခန်း နဲ့ ကလက်ချောင်းကပွိုင်စခန်းနှစ်ခု သုံးပွင်နဲ့ခွေးသေတွေပါရသတဲ့..လက်နက်ခဲယမ်းတွေလည်း ထုံးစံအတိုင်း အပုံလိုက်လှူသတဲ့ “ ဟု အမ နွေဦးက အားတက်သရော ပြောနေလေသည်။ 

“ကြားရတာတော့ အားရစရာပဲ၊ ဒါကအရေးမကြီးဘူး

NUG မိတယ်ဆိုလို့ ဦးလေးကြည်ဆီ သွားမေးမလို့” လို့ စလားဖန်းက မြန်မြန်ပဲ ပြန်ပြောလိုက်သည်။ 

‘’ ဟင် ‘’ 

မနွေဦးတယောက်ဟင်ကနဲပဲ အသံမြည်နိုင်ပြီး

“ဒါဆိုအမြန်သွားကြမယ်လေ” ဟုဆိုကာ သုံးဦးသား

ဦးလေးကြည်ဆီသို့ အသောနှင်ကျလေတော့သည်။

‘’ ဗျိုး ဦးလေးကြည် … “

“အာကြီး စလားဖန်း နွေဦးတို့ပါလား၊

လာကြလေ” ဟု ဦးလေးကြည်မှ ပြောလေသည်။

ဦးလေးကြည် : “မင်းတို့တွေဘယ်ကနေစုပြီးလာတာလဲ” 

အာကြီး : “ဘယ်ကမှစုမလာဘူး ဦးလေးစီတန်းလာတာ”

ဦးလေးကြည် : “ကဲဘာကိစ္စရှိလိုလဲ”

“NUG မိပြီဆိုဟုတ်လား” စလားဖန်းမှ မအောင့်နိုင်ပဲမေးလေသည်။

ဦးလေးကြည် : “ဟုတ်တယ်လေ မနက်ကမိတာပဲ “

နွေဦး : “ဘယ်လိုဖြစ်ပြီးမိတာလဲဟင်” ဟု

မနွေဦးတစ်ယောက် မျက်စိမျက်နှာပျက်စွာ မေးလိုက်လေသည်။ 

ဦးလေးကြည် : “ဟုတ်တယ်ဟေ့ 11.94 MHZ” နဲ့မှ မိတော့တာ”

‘’ ဟင် “ 

သုံးယောက်သားပြိုင်တူမေးမိတာတာက

“ ဘယ်လို . .  . ဘယ်လို “

ဦးလေးကြည် : “NUG Radio လေ ဖမ်းနေတာကြာပြီဟ ဒီနေ့မနက်မှမိတော့တာ”

မောင်အာကြီးတစ်ယောက် ဦးလေးကြည် တဲဘေးထောင်ထားသော ဝါးလုံးဆွဲပြီး ပုဆိုးမကာ အိမ်ဘက်ကို အပြေးလေးပြန်တော့သည်။

“အာကြီးရေ မင်းတူမကို အသေသာရိုက်သတ်တော့ “

နောက်မှ စလားဖန်းရီသံနှင့်အတူ အော်ပြောလေတော့သည်။

ဆက်ရန် …….

မောင်Rကြီး

Comments

  1. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  2. အေး ဟုတ်မှာ 😆😆

    ReplyDelete
  3. အမွေစိန်လေး လူကြီးတွေလန့်ကုန်ပြီ။😆😆

    ReplyDelete
  4. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  8. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  9. စပီကာမတို့ လုပ်ချလိုက်ပြန်ပြီး😆

    ReplyDelete
  10. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  11. What a funny girl, Ma'am Speaker!

    ReplyDelete
  12. 🙂 ခွန်အား ...

    @ စိတ်ဓါတ်ကျစရာတွေ ...
    ကိုယ့်ရဲ့ဘဝမှာကြုံတွေ့လာခဲ့ရင်
    ကိုယ့်ထက်ဆိုးတဲ့ဘဝတွေကိုကြည့်ပြီး
    ငါတို့ဘဝတွေဟာ ...
    တော်ပါသေးလားလို့"ခွန်အား"ယူရမယ်၊

    @ အောင်မြင်မှုတွေ ...
    ကိုယ့်ရဲ့ဘဝမှာရလာခဲ့ရင်
    ကိုယ့်ထက်အောင်မြင်သူတွေကိုကြည့်ပြီး
    ငါတို့လိုပါသေးလား ...
    ငါတို့ဒီထက်ကြိုးစားရမှာပါလားလို့
    ကိုယ့်ကိုယ်ကိုယ်"ခွန်အား"တွေယူရမယ်၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  13. စပီကာလေးတော်တော်ဆိုး

    ReplyDelete
  14. What a funny Ma Speaker!

    ReplyDelete
  15. Clicked 💪
    🍀🍀🍀🍀🍀

    ReplyDelete
  16. New day 💞 New hope

    ReplyDelete
  17. New day 💕 New hope

    ReplyDelete
  18. Good days are coming 😊

    ReplyDelete

Post a Comment