“ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသူများသို့

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသူများသို့

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

#သရော်စာကဏ္ဍ

#မောင်Rကြီး

#ARNs_Revolutionary_Art_Program


 

“ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ” လို့ ပြောတဲ့စကားကြားဖူးကြမပေါ့။

အနှီးအမျိုးကောင်းသား အမျိုးကောင်းသမီးတွေကို မေးစမ်းပါရစေဦး။ မြွေနိုးကြင်စိုး လက်တော်အခါသမယမှ ဘာများပြောမလဲ သိချင်စမ်းပါဘိ။ 

ဟို သီချင်းထဲကလို  

“ နည်းနည်းလေးတက်တာမလောက်လို့ အများကြီးတက်ပါဦီးလို့ ဒီလိုပြောတော့ မင်းကိုနာမည်လေးတခုပေးမယ်ကြားလား …. မအေနိုးရေ” လို့ ကြိတ်များဆဲနေကြသလား၊ သိချင်စမ်းပါဘိ။

ပြည်သူအစိုးရလက်က ဖေ့ဘုတ်စဆရကတွေ နဲ့ ဘောမတွေက ဒေါ်လာစျေးတက်တာ ၁၄၀၀ လောက်ရောက်တော့ တိုင်းပြည်ပဲပျက်တော့မလိုလို မလုပ်တတ်မကိုင်တတ်လို့ ထုလိုက်တဲ့ဖောင်းဆိုတာ မြင်မကောင်းဘူး။

ကိုင်း…

မင်းတို့ဘဘ လုပ်တတ်ကိုင်တတ်ကြီး

လက်တော်အခါသမယမှာ ဒေါ်လာကိုင်ရင်တောင် အဖမ်းခံရမယ်ကိန်းဆိုက်နေတာ

ဘာများ ဆို့ ထားလို့ငြိမ်ကုပ်နေကြတာတုန်းကွယ်….။ 

ဒေါ်လာစျေးက ၄ထောင်

နီးပါးတက်ဖြစ်သွားတော့ ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့သူတွေလည်း ဘာသံမှ မထွက်ရဲပဲ အောင့်ခံနေကျသလား။ 

မြန်မာငွေကို နယ်စပ်ဒေသတွေမှာတောင် လဲလှယ်

တာလက်မခံတော့လောက်အထိဖြစ်သွားလေရဲ့။

ရွှေတစ်ကျပ်သားဟာ သိန်းသုံးဆယ်ကျော်၊

ဆီတစ်လီတာဟာ နှစ်ထောင့်ငါးရာ၀န်းကျင်

စားဆီတစ်ပိသာ (စားအုန်းဆီ) တစ်သောင်းကျော် လုပ်တတ်ကိုင်တတ် ဒေါ်စိန်အေးကျောင်း

ဆင်းတွေလက်ထက်မှာ ပြည်သူတွေအိပ်ထဲက ကျပ်ငွေဟာ နေရင်းထိုင်ရင်းနဲ့ တန်ဖိုး

လျော့ကျသွားတာအားလုံးအသိပဲ။

ဘယ်အစိုးရတက်တက်ဆိုတာမဟုတ်ဘူး 

ကျုပ်တို့ဟာ အစိုးရကောင်းကိုရွေးခြယ်ခွင့်ရှိတဲ့

စနစ်တကျကို ပြန်လည်တည်ထောင်ဖို့ ကိုယ့်အခွင့်အရေး၊ အားလုံးအခွင့်အရေးပြန်တိုက်

ယူနေရတာ အားလုံးသိရှိစေချင်တယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ကူညီကျဖို့

လိုတယ်။ 

တလောလေးကပဲ Click For Aya (C4A) ကနေ ဧရာ၀တီတိုင်းအတွင်း တော်လှန်ရေးအဖွဲ့တွေကို

သိန်း ၄၀ ကျော် ထောက်ပံ့လှူဒါန်းနိုင်တာတွေရတော Clicker အပေါင်းသူတော်ကောင်းတွေကို

ကျေးဇူးတင်မိပြန်တယ်။ 

တော်လှန်ရေးအမြန်ပြီးချင်ရင် များများ Click ပါလို့ မောင်Rကြီးမှ တိုက်တွန်းလိုက်ပြန်ပါတယ်။

ပြောတာများပြီ ၂၀၂၁ က စျေးနှုန်းလေးတွေပြန်ဖတ်ပြီး ဘယ်အစိုးရတက်တက်လို့ ပြောဖူးခဲ့သူတွေ စဉ်းစားနိုင်ဖို့ပြန်တင်ပေးလိုက်ပါတယ် ဗျ။ 

Comments

  1. Click နေတဲ့သူတွေအားလုံးက အဲ့လိုပြောမယ့်သူထဲပါမှာမဟုတ်ပါ...😁

    ReplyDelete
  2. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. Thanks for reminding the people who are selfish.

    ReplyDelete
  4. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  9. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  10. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  12. Fighting 💪💪💪
    We must win 💯💯💯

    ReplyDelete
  13. ရာဇ၀င်ထဲက သတို့သမီး

    ReplyDelete
  14. နီကိုးလ်May 22, 2023 at 1:10 PM

    take care

    ReplyDelete
  15. မြန် မြန် ပြီးချင်များများကလစ်

    ReplyDelete
  16. New day ❤️ New hope

    ReplyDelete
  17. New day❤️ New hope

    ReplyDelete
  18. Good days are coming 😊

    ReplyDelete

Post a Comment