NUG ရဲ့ နောက်ထပ်အရေးပါတဲ့ခြေလှမ်းက ဘာလဲ?

 NUG ရဲ့ နောက်ထပ်အရေးပါတဲ့ခြေလှမ်းက ဘာလဲ?

***********************************************



မေ ၃၀ ရက်နေ့မှာ ဒုတိယ သမ္မတကြီး ရှေ့တန်းစခန်းကို စစ်ဆေးတဲ့ သတင်း ထွက်ပေါ် လာပြီးတဲ့ နောက် လက်နက် နဲ့ အင်အား အထိုက်အလျောက် ပြည့်စုံလာပြီ ဖြစ်တာကြောင့် စစ်ဆင်ရေးအတွက် ပြင်ဆင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရကို အမိန့်ပေးခဲ့တဲ့ သတင်းဖတ်လိုက် ရပါတယ်။


စစ်ရေး နဲ့ ပါတ်သက်ရင် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း မှာ စစ်ကြောင်းတွေ ထိုးပြီး ကျေးရွာတွေ ကို စီးနင်းနေ ပါတယ်။ ရွာသူရွာသားတွေ တိမ်းရှောင်နေရပြီး မပြေးနိုင်၊ မပြေးဖြစ်လို့ ကျန်ရစ်ခဲ့တဲ့ ရွာသူရွာသားတွေကို ဖမ်းဆီး နှိပ်စက်တာ၊ သတ်ဖြတ်တာတွ အပြင် မီးရှို့ဖျက်ဆီးတာတွေ လုပ်တဲ့ သတင်းတွေ တက်လာပါတယ်။ အလားတူ မကွေးတိုင်းရှိ ပခုက္ကူ၊ မြိုင်၊ ရေစကြို မြို့နယ်တွေမှာလည်း စကစ စစ်ကြောင်း ထိုးတာတွေ ရှိခဲ့ပါတယ်။

မရှေး မနှောင်းဘဲ အဲ့ဒိ စစ်ဆင်ရေးတွေ အတွင်း ကျကျန် ခဲ့တဲ့ စစ်သား တစ်ယောက်ရဲ့ ဖုန်းထဲကနေ သူတို့ စစ်ရာဇဝတ်မှု့တွေ ကျူးလွန်တဲ့ သက်သေ အထောက်အထားတွေ ရခဲ့ပြီး သတင်းဌာနတွေ ဆီပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒိ ဖုန်းဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသား (၂၉) ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု့အတွက် အရေးပါတဲ့ ပစ္စည်း သက်သေပါပဲ။


ရခိုင်မှာ ရခိုင့်တပ်မတော်နဲ့ စစ်ကောင်စီအကြား အပြန်အလှန်ဖမ်းဆီးမှု့တွေ အကြောင်း သတင်းတွေ တက်ခဲ့တယ်။ ဇွန်လ နှောင်းပိုင်းမှာ ကရင့်လွတ်လပ်ရေး တပ်မတော်နဲ့ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း စစ်ကြောင်းတွေ ဟာ စစ်ရေး လှုပ်ရှားမှု့တွေ ပြု လုပ်ခဲ့ပြီး ဘုရားသုံးဆူ နဲ့သံဖြူဇရပ် ခွင် အတွက် အရေးပါတဲ့ ထောင်ပို့ ကာကွယ်ရေး စခန်း တစ်ခုဖြစ်တဲ့ ဥကရစ်ထ စခန်းကို တိုက်ခိုက် ခဲ့ကြရာမှာ စကစ စစ်သား အမြောက်အများ ကို သုတ်သင်နိုင်ခဲ့ ကြတာကို တွေ့ရတယ်။ စကစဟာ သူတို့ စခန်း အတွင်းမှာသာမက ရွာထဲက လူနေအိမ်တွေ တိုက်တွေ မှာပါ ခံစစ်ယူထားတာ ဖြစ်ပြီး ပူးပေါင်း တပ်ဖွဲ့ များဟာ မြို့တွင်းတိုက်ပွဲ တစ်ခုလို တစ်ဆင့်ချင်း တိုက်ခိုက်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ လေကြောင်း ပစ်ကူတွေကြောင့် စခန်းကို သိမ်းပိုက် မထိန်းချုပ်နိုင်ခဲ့ ပေမယ့် သက်တမ်း နုနယ်သေးတဲ့ ပီဒီအက်ဖ်တွေ အတွက်တော့ နောင်တိုက်ပွဲကြီးတွေ အတွက် စစ်ရေး လေ့ကျင့်ခန်းကြီး တစ်ခု ဆင်းခဲ့ရသလိုဖြစ်မှာ သေချာပါတယ်။


လူအများ ဥကရစ်ထ စခန်းသတင်းကို အာရုံစိုက်နေကြ ချိန်မှာ KNU တပ်မဟာ ၅ က စကစ စခန်း ငါးခု ကို သိမ်းပိုက် နိုင်ခဲ့ တယ် လို့ ရုတ်တရက် ကြေငြာခဲ့ပါတယ်။ ထို့အတူ တပ်မဟာ ၁ က သူတို့နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် သထုံ ခရိုင် ထဲမှာ ဇွန်လ အတွင်း တိုက်ပွဲပေါင်း ငါးဆယ် နီးပါး မှာ စကစ ၉၄ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်နဲ့ ဖယ်ခုံ မှာ ဆိုရင် ဇွန်လ ပထမပါတ်ထဲတင် စကစ ၅၀ ကျော် သုတ်သင်ခံရတယ် လို့ ဆိုပါတယ်။ တစ်ဘက်မှာလည်း PDF တွေဘက်က ထိခိုက် ကျဆုံးမှု့ တွေလည်း အထိုက်အလျောက် ရှိခဲ့ပါတယ်။


စာရင်းချုပ်လိုက်ရင် NUG ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ စာရင်းအရ ဇွန်လ ထဲမှာတင် နိုင်ငံနဲ့ အဝှမ်း စကစ ၇၃၀ ကျော်ကို သုတ်သင် နိုင်ခဲ့ပါတယ်။ စကစ ဘက်မှာ လစဉ် အဲ့ဒိလို ထောင်ဂဏန်း နီးနီး အင်အားဆုံးရှုံးမှု့ တွေ ရှိပေမယ့် ဗိုလ်သင်တန်းတောင် လျောက်တဲ့သူ မရှိတော့တာမို့ ပြန်လည် အစားထိုးဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ပျူစောထီးလို့ အများသိကြတဲ့ ပြည်သူ့စစ်တွေကို စစ်မှု့ထမ်းဟောင်းတွေ၊ အရံမီးသတ်လို အဖွဲ့အစည်း တွေနဲ့ ဖွဲစည်းလက်နက် တပ်ဆင်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာ လည်း ပီဒီအက်ဖ် တွေဟာ လက်နက်တပ်ဆင်နိုင်မှု့တွေ ရှိလာသလို လေ့ကျင့်ရေးနဲ့ လက်တွေ့ တိုက်ပွဲဝင်မှု့တွေ၊ ပွဲရမှု့တွေ မပြတ်ရှိနေတဲ့ အတွက် တိုက်ရည်ခိုက်ရည် တိုးတက် လာတယ်လို့ ဆိုရမှာပါ။ မြို့ပြ မြေအောက် လှုပ်ရှားမှု့ တွေမှာလည်း မှော်ဘီ လေတပ်အတွင်း ဗုံးထောင်နိုင်သည်အထိ ထိုးဖေါက် ဝင်ရောက်နိုင်လာကြတာကို တွေ့ရပါတယ်။


တစ်ဘက်မှာလည်း ဇွန်လကုန် အထိ မှတ်တမ်းတွေ အရ CDM လုပ်လာတဲ့ ရဲနဲ့ စစ်သည် တစ်သောင်း ကျော်သွားပြီလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ ကျေးလက်ဒေသ အခြပြုပြီး ပြည်သူ့ အုပ်ချုပ်ရေး အားကောင်းအောင် တဖြည်းဖြည်ချင်း တည်ဆောက် လာပါတယ်။ စာသင် ကျောင်း တွေ တိုးချဲ့ ဖွင့်လှစ် တာတွေ အပြင် မီးသတ်လေ့ ကျင့် ခန်းလို အရပ်ဘက် ကာကွယ်ရေး လှုပ်ရှားမှု့ တွေ ကို တိုးမြှင့် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီလိုပြည်သူ့ အုပ်ချုပ်ရေး တည်ဆောက်ရာမှာ စကစ အနေနဲ့ စစ်ကြောင်းတွေ ထိုးပြီး ဖျက်ဆီးတာမျိုး မခံရအောင်၊ ကာကွယ်နိုင်အောင် ကြိုးစားကြရအုံးမှာပါ။


နယ်မြေ အများစုကို ထိန်းချုပ် ထားနိုင်ပြီဖြစ်တဲ့ ကယား ပြည်နယ်မှာလည်း ပြည်သူ့ အုပ်ချုပ်ရေး တည်ထောင်နိုင်ဖို့ အတွက် ဒေသခံ ကရင်နီပြည်နယ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ကြေငြာချက် ထွက်လာပါတယ်။ တစ်ပြိုင်နက်တည်းမှာ စာသင်ကျောင်း တွေ ဖွင်လှစ်နိုင်ဖို့ အားထုတ် နေတာ ကို တွေ့ရပါတယ်။ ဒါဟာ စစ်ရေး အရ စိုးမိုးကာကွယ် နိုင်ပြီးတဲ့နောက် အရပ်ဘက် အုပ်ချုပ်ရေး ကို တည်ဆောက်နိုင် ဖို့ အတွက် အရေးပါတဲ့ ကြိုးပမ်း အားထုတ် မှု့တွေပါပဲ။


ဇွန်လအတွင်း အရေး ပါတဲ့ခြေလှမ်း တစ်ရပ်ကတော့ စီမံဘဏ္ဍာ ဝန်ကြီးဌာနရဲ့ ဒစ်ဂျစ်တယ် ကျပ်ငွေထုတ်ဝေ နိုင်မှု့ နဲ့ ငွေစာရင်းအတွက် NUG Pay (နတ်ပေး) ဆိုတဲ့ wallet ကို ဖြန့်ချီနိုင်မှု့ပါ။ block chain နည်းပညာသုံး တဲ့ မြန်မာ ဒစ်ဂျစ်တယ် ကျပ် ငွေ DMMK ဟာ မြန်မာ ကျပ်ငွေ နဲ့ တိုက်ရိုက် ချိတ် ဆက်ထား တာ ဖြစ်တဲ့ အတွက် ငွေတန်ဘိုး ကစား တာမျိုး ပြုလုပ်လို့ မရပါဘူး။ သို့သော် ဒီ စံနစ်ဟာ တော်လှန်ရေး အတွက် လိုအပ်တဲ့ ငွေကြေး စီးဆင်းမှု့ တွေ ကို စစ်ကောင်စီ အနေနဲ့ ဟန့်တားလို့ မရ တော့ အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။


ပြည်သူလူထု အနေနဲ့ နတ်ပေး ကို အသုံးပြုရာမှာ ပြည်တွင်းဘဏ် တွေရဲ့ ဘဏ် အကောင့်နဲ့ K-Pay တွေလို စကစ နဲ့ ဗဟိုဘဏ်က ခြေရာခံ ဒုက္ခ ပေးမှာကို စိုးရိမ်စရာ မရှိတော့ပါဘူး။ အခုလို အဘက်ဘက်က ပိတ်ပင် ဒုက္ခပေးနေတဲ့ ကြားက ပြည်တွင်းကနေ တစ်ဦးတည်း ဒေါ်လာသိန်းချီ လှူဒါန်းတာမျိုးလို စွန့်စားမှု့တွေ ရှိနေတဲ့ အတွက် နတ်ပေး အသုံးကျယ်ပြန့်လာတဲ့ အခါ တော်လှန်ရေး အတွက် လိုအပ်တဲ့ ငွေကြေးဟာ အင်နဲ့အားနဲ့ စီးဆင်းလာနိုင်စရာ ရှိပါတယ်။


ဒါ့အပြင် ပြည်သူ့ အုပ်ချုပ်ရေး အာဏာ သက်ရောက်ရာ ဒေသတွေမှာ ပြည်သူလူထု နေ့စဉ်ပြုလုပ် ကြမယ့် အရောင်း-အဝယ် လုပ်ငန်းတွေ၊ အခွန် အကောက်နဲ့ အထောက်အပံ့တွေ အတွက် အလွယ် တကူ လည်ပတ် သုံးစွဲ နိုင်တာ မျိုးတွေ အထိ တွင်ကျယ် လာနိုင်ပါတယ်။ ဘဏ်လုပ်ငန်း တွေနဲ့ ရုံးခွဲတွေ တည်ထောင်စရာ မလိုဘဲ ငွေကြေး စီးဆင်း နိုင်မှု့ အားကောင်း အောင် ပြုလုပ် နိုင်စရာ ရှိတဲ့ အတွက် နိုင်ငံသစ် အတွက် ဘဏ္ဍာရေး စီးကြောင်း တည်ဆောက်ရာမှာ လည်းများစွာ အထောက်အကူ ပြုနိုင်ပါတယ်။


စမ်းသပ် လည်ပါတ် မှု့ အနေနဲ့ NUG Pay (နတ်ပေး) wallet တစ်သောင်း စတင် အသုံးပြုနေပြီ ဖြစ်ပြီး တွေ့ရှိတဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတဲ့ နောက် မကြာခင် အများအပြား အသုံးပြုနိုင် မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်ဟာ နိုင်ငံသုံး ဒစ်ဂျစ်တယ် ငွေသေား (CBDC) ပထမဆုံးသုံးတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။


ကျွန်တော့် အမြင်ပြောရရင် တော်လှန်ရေးဟာ သွေးမအေးသွားပါဘူး။ ကျယ်ပြန့်လွန်း တဲ့အတွက် တဖြည်းဖြည်းချင်း ခရီးဆက်နေဆဲပါ။


သမ္ဗဝ (ဆောင်းပါးရှင်)

သုံးသပ်ချက်ဆောင်းပါး

ဇူလိုင်လ ၁၁ ရက်နေ့


*123*26684152367318248# te5

*123*121280900891422736# mp5

*123*5267182688070771# or5

Comments

  1. မရသေးဘူး NUG Pay ကြိုးစားနေတုန်း

    ReplyDelete
  2. 🙂 ပြည့်အင်အား ...

    @ ပဏာတင့်လှတဲ့ ...
    ဧရာဝတီတိုင်း အဝိုင်းကြီးတစ်ခုမှာ
    " ပြည့်အင်အားသည် ...
    ပြည်တွင်းမှာဘဲရှိသည် "တဲ့
    မှန်ပါသည် ...
    " ရိုးသားကြိုးစား၊ဧရာဝတီသား"များ၏
    ပြည်ချစ်အားသည် တိုင်းအတွင်းမှာပင်၊

    @ ဤပြည်ချစ်အားကြောင့် ...
    တစ်ချို့ အသက်စတေးခဲ့ရ၏
    တစ်ချို့ ဘယ်ဆီဘယ်ဝယ်ထောင်ထဲမှာ
    တစ်ချို့ စစ်ကြောရေးမှာနှိက်စက်ခံဘဝ
    တစ်ချို့ လက်နက်ကိုင်နေရ
    စသည်စသည်ဖြင့်၊

    @ ထို့ကြောင့် ...ထို့ကြောင့် ...
    ဤအရာများ၊အလကားမဖြစ်ရလေအောင်
    မင်းတို့ ငါတို့ ... ကလစ်နှိပ်ကြစို့။

    စစ်မင်းထက်သာ

    ReplyDelete
  3. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  4. ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်

    ReplyDelete
  5. အရေးတော်ပုံအောင်ရမည် 💪

    ReplyDelete
  6. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  7. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 Sitt Min SaysAugust 1, 2022 at 8:55 AM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  10. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်

    ReplyDelete
  12. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 ရွှေမြို့တော် ...

    မိမိကိုယ်မိမိ ...
    ဂုဏ်ယူရမှာဖြစ်သလို
    ညီညီညွတ်ညွတ်နဲ့ ...
    မြို့တော်တွေဆီသို့
    တက်လှမ်းနိုင်ဘို့လည်း
    လိုပါတယ်။

    🥷 Fighting!
    စစ်မင်းထက်သာ

    ReplyDelete
  14. မေတ္တာခြုံ၍ လုံပါစေ
    🌸🌸🌸🙏🙏🙏

    ReplyDelete
  15. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  16. ဂရိုက်ကြနော်

    ReplyDelete
  17. 🥷 လေးစားရတဲ့
    ရွှေမြန်မာနိုင်ငံရှိ
    EROs,PDF,LPDF,UGနဲ့
    သပိတ်တော်လှန်ရေးအင်အားစုများ
    ခင်ဗျား ...

    ၁.အသက်မသေရေး အဓိက
    ၂.လုံခြုံရေး ပထမ
    ၃. Mission အောင်မြင်ရေး ဒုတိယ

    လေးစားစွာဖြင့်
    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. Thanks for sharing 🙏

    ReplyDelete
  27. 💕 ပြောင်းပြန် ...

    @ ကိုယ်ထားသလောက် ...
    ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
    ကိုယ်လုပ်သလောက် ...
    ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  29. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  30. 😥 သနားတယ် ...

    @ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင့်ပြီး ...
    လမ်းပြောင်းပြန်လျှောက်နေတဲ့
    မင်းတို့ကိုသနားတယ်၊
    ဘာလို့လည်းဆိုတော့ ...
    မင်းတို့လျှောက်နေတဲ့လမ်းက
    သမိုင်းအရိုင်းနဲ့ကြိုးစင်လမ်းမို့။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  31. ❤️❤️❤️🌸🌺🌺🌺

    ReplyDelete
  32. အဆင်ပြေပါစေ

    ReplyDelete
  33. Done 💌💌💌

    ReplyDelete
  34. သူတို့ဘက်က အရူးတေကျ သလို ငါတို့ဘက်က လည်း ကြယ်တွေကြွေတယ်

    ReplyDelete
  35. New day ❤️ New hope

    ReplyDelete
  36. New day 💝 New hope

    ReplyDelete
  37. New day 💗 New hope

    ReplyDelete
  38. New day ❤️ New hope

    ReplyDelete
  39. Good days are coming 😊

    ReplyDelete
  40. Good days are coming 😊

    ReplyDelete

Post a Comment