For UG

 For UG

======



#ရဲဘော်စောငတေ

#ARNs_Revolutionary_Art_Program

#တော်လှန်ရေးကဗျာကဏ္ဍ


တီထွင်ကြံဆ

နည်းလမ်းများနှင့်

စကစ ဒေါက်တိုင်၊ စခ မက

ဒလန်တွေပါ ရှင်းတာ

UG တွေပါ။


တိုက်ပွဲ မြေပြင်

စစ်တလင်းမှာ၊

လက်နက်ကိုင်စွဲ

တိုက်ရဲသော်ငြား

ဆောင်ရွက် မစ်ရှင်

တိုင်းအတွင်း

လုပ်ရဲသူက ရှားလှသည်။


ရောက်ရာ အရပ်

နားနေရာဝယ်

စိတ်အထင် မလုံခြုံ

ကောင်းစွာ အိပ်မပျော်

စားမဝင်လည်း

သူတို့မကြောက်

ရောက်ရာ အရပ်

သူတို့ နေရဲ၏။


ခဏတာ ခိုလုံ

လုံခြုံစွာဖြင့်

နေခွင့်ပေးသော

ပြည်သူများအား

အဝေးရောက်ခိုက်

ကျေးဇူးအားဖြင့်

မေတ္တာပို၏။


(ဧရာဝတီမှ UG များ ကိုယ်စားရေးဖွဲ့သည်။)

ရဲဘော် စောငတေ


*123*70272250284303861# te4

*123*065140974881803724# mp4

*123*0730755316038221# or4

Comments

  1. 🙂 ပြည့်အင်အား ...

    @ ပဏာတင့်လှတဲ့ ...
    ဧရာဝတီတိုင်း အဝိုင်းကြီးတစ်ခုမှာ
    " ပြည့်အင်အားသည် ...
    ပြည်တွင်းမှာဘဲရှိသည် "တဲ့
    မှန်ပါသည် ...
    " ရိုးသားကြိုးစား၊ဧရာဝတီသား"များ၏
    ပြည်ချစ်အားသည် တိုင်းအတွင်းမှာပင်၊

    @ ဤပြည်ချစ်အားကြောင့် ...
    တစ်ချို့ အသက်စတေးခဲ့ရ၏
    တစ်ချို့ ဘယ်ဆီဘယ်ဝယ်ထောင်ထဲမှာ
    တစ်ချို့ စစ်ကြောရေးမှာနှိက်စက်ခံဘဝ
    တစ်ချို့ လက်နက်ကိုင်နေရ
    စသည်စသည်ဖြင့်၊

    @ ထို့ကြောင့် ...ထို့ကြောင့် ...
    ဤအရာများ၊အလကားမဖြစ်ရလေအောင်
    မင်းတို့ ငါတို့ ... ကလစ်နှိပ်ကြစို့။

    စစ်မင်းထက်သာ

    ReplyDelete
  2. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  3. it's a good patriotic poem. Please stay strong and alive.

    ReplyDelete
  4. အဆုံးထိကလစ်မယ်

    ReplyDelete
  5. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  6. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  7. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🥷 Sitt Min SaysAugust 1, 2022 at 8:54 AM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  9. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 💎💎💎💎💎💎💎

    ReplyDelete
  12. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  13. 🥷 လေးစားရတဲ့
    ရွှေမြန်မာနိုင်ငံရှိ
    EROs,PDF,LPDF,UGနဲ့
    သပိတ်တော်လှန်ရေးအင်အားစုများ
    ခင်ဗျား ...

    ၁.အသက်မသေရေး အဓိက
    ၂.လုံခြုံရေး ပထမ
    ၃. Mission အောင်မြင်ရေး ဒုတိယ

    လေးစားစွာဖြင့်
    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  20. 💕 ပြောင်းပြန် ...

    @ ကိုယ်ထားသလောက် ...
    ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
    ကိုယ်လုပ်သလောက် ...
    ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. UG တစ်ယောက် ရင်တွင်းစကား
    ကြားဖူးခဲ့သည်။
    အန္တရာယ်များလွန်းလို့ ခုလုပ်တာတွေ လျော့ပါလို့ တားမိတာကို ...

    " ကိုယ်မှ မလုပ်ရင် ဘယ်သူလုပ်မလဲ
    သေခါမှ သေ ဆန်ကုန်မြေလေးဘဝနဲ့တော့ မသေချင်ဖူး" တဲ့

    ခုတော့ သူလဲ အသက်မသေသော်ငြား ထောင်တွင်းတနေရာ ရောက်နေရပြီ။
    ​ဒီလို UGတွေကို တတ်နိုင်သလောက် အကူအညီပေးကြပါ...

    ReplyDelete
  22. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  23. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. 🙂 ဆန့်ကျင်ဘက် ...

    @ ကံငါးပါးလည်းလုံ ...
    မေတ္တာတရားလွှမ်းခြုံတဲ့
    ဒီနိုင်ငံမှာလူလာဖြစ်တာ ကျေနပ်တယ်၊
    ဒါပေမဲ့ ...
    ဘာသာရေးအကြောင်းပြချက်
    ပြည်သူတွေကို ရက်ရက်စက်စက်
    သတ်ပစ်တာတော့ မကျေနပ်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  25. 😥 သနားတယ် ...

    @ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင့်ပြီး ...
    လမ်းပြောင်းပြန်လျှောက်နေတဲ့
    မင်းတို့ကိုသနားတယ်၊
    ဘာလို့လည်းဆိုတော့ ...
    မင်းတို့လျှောက်နေတဲ့လမ်းက
    သမိုင်းအရိုင်းနဲ့ကြိုးစင်လမ်းမို့။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  26. လေးစားရပါသော
    ရဲဘော်များ 🌺🌸❤️

    ReplyDelete
    Replies
    1. မေတ္တာ သစ္စာတွေကြောင့်
      ဘေးရန်ကင်းကြပါစေ 🌺🌸

      Delete
  27. (⁠ ⁠˘⁠ ⁠³⁠˘⁠)⁠♥

    ReplyDelete
  28. အောင်ပွဲမပြီးမချင်းကလစ်ကြ

    ReplyDelete
  29. အန္တရာယ်ကင်းကြပါစေ

    ReplyDelete
  30. ကောက်ရိုးမီးမဟုတ်ပါ
    အမေ ကျန်းမာပါစေ လွမ်းတယ် အားနာတယ် 😥

    ReplyDelete
  31. New day 💓 New hope

    ReplyDelete
  32. New day 💕 New hope

    ReplyDelete
  33. New day ❤️ New hope

    ReplyDelete

Post a Comment