တမလွန်မှ လွတ်လပ်ရေး သူရဲကောင်း ဖခင်ကြီးသို့

 တမလွန်မှ လွတ်လပ်ရေး သူရဲကောင်း ဖခင်ကြီးသို့ 

**********************************************

ရဲဘော်စလားဖန်း

(၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ရေးဖွဲ့သည်။)



သို့...

အဖိုးအောင်ဆန်းရေ...

ခုနေများ အဖိုးအောင်ဆန်းရှိနေခဲ့ရင် ဒီကာလမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကိုမြင်ရင် အဖိုး ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေလိမ့်မလဲ။

အဖိုးအောင်ဆန်းရေ...

အဖိုးတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ခုဆိုရင်လေ အဖိုးသိပ်ချစ်ခဲ့တဲ့ ပြည်သူတွေအပေါ် ယုတ်မာမှုပေါင်းများစွာနဲ့ ဖိနှိပ်နေတာမြင်ရင် အဖိုးဘယ်လောက်တောင်စိတ်မကောင်းဖြစ်လိမ့်မလဲ။

အဖိုးအောင်ဆန်းရေ...

ခုဆိုရင်လေ အဖိုးသိပ်ချစ်တဲ့ပြည်သူတွေ အဖိုးသိပ်ချစ်ခဲ့တဲ့ တပ်မတော်ကြီးကို အဖိုးကိုယ်စား ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဖိုးရဲ့သမီးအထွေးဆုံးလေးကိုလည်း သူတို့တွေ မတရားဖမ်းစီးချုပ်နှောင်ပြီး မတရားတဲ့ဥပဒေတွေနဲ့ ပြစ်ဒဏ်စီရင်နေကြတယ် အဖိုးရေ..

အဖိုးအောင်ဆန်းရေ...

အဲ့ဒါအပြင်လေ မတရားတာကို မတရားမှန်းသိလို့ ထပြီး တော်လှန်ကြရတဲ့ လူတန်းစားအလွှာအသီးသီးထဲ ခုချိန်မှာ မိဘရင်ခွင်ထဲမှာပဲ ခိုလှုံနေကြရမယ့် ကလေးငယ်လေးတွေ၊ ပြီးတော့ ကျမ်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ အာဏာရှင်စနစ်ကိုမလိုလားတဲ့ အခြားခြားသော ပြည်သူ့ဝန်ထမ်းတွေကို ရက်ရက်စက်စက် ဖမ်းစီး  သတ်ဖြတ်နေတာမြင်ရင် အဖိုးဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေလိမ့်မလဲ။

အဖိုးအောင်ဆန်းရေ...

သူတို့တွေကတော့ အဆုံးထိယုတ်မာနေကြအုံးမှာပဲ...အဖိုးရေ အဖိုးတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ လူယုတ်မာတစ်သိုက်ကြောင့် ပျက်စီးသွားရတော့မယ်...ဒါပေမယ့်စိတ်မပူပါနဲ့အဖိုးရေ အဲ့ဒီလူယုတ်မာတွေကို သုတ်သင်ပြီးသွားတဲ့အခါ အဖိုးသိပ်ချစ်တဲ့ ပြည်သူတွေကိုကာကွယ်ဖို့ စစ်မှန်တဲ့ ပြည်သူ့တပ်မတော်ကြီး ပေါ်ပေါက်လာမှာပါ။

အဖိုးအောင်ဆန်းရေ...

ဒီနေ့ဟာဆိုရင် အဖိုးတို့ အာဇာနည်သူရဲကောင်းကြီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့နေ့...အို...ကောင်းကင်ကြီးကလည်း တစ်မိုးလုံးအုံ့စိုင်းပြီး မိုးဖွဲလေးတွေလည်းကျနေတယ်အဖိုးရေ...အဖိုးတို့ကျဆုံးခြင်းကို ရည်ညွှန်းဖွဲ့ဆိုပြီး တေးသီထားတဲ့ သီချင်းသံတွေကလည်း မြန်ပြည်တခွင်အနှံ့...လွမ်းလိုက်တာအဖိုးရေ...

အဖိုးအောင်ဆန်းရေ...

စိတ်ချပါ ကျွန်တော်တို့တွေအားလုံး အဖိုးသိပ်ချစ်တဲ့မြန်မာပြည်ကြီးနဲ့ အဖိုးသိပ်လိုချင်ခဲ့တဲ့ ကောင်းမွန်တဲ့ ပြည်သူ့တပ်မတော်ကြီး ပေါ်ပေါက်လာတဲ့အထိ မျိုးမစစ်တဲ့အယုတ်တမာအရိုင်းအစိုင်းကောင်တွေကို အဆုံးထိအမြစ်ဖြတ်တော်လှန်သွားမှာပါ။

အဖိုးနဲ့အတူ ဒီနေ့မှာ ကျဆုံးသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအားလုံးကို အလေးပြုပါတယ်...

ကောင်းရာသုဂတိဘုံမှာ အေးချမ်းစွာအနားယူနိုင်ကြပါစေ...

စလားဖန်း

#ARNs_Revolutionary_Art_Program


MPT


34 6879 8896 0552 1172


27 4950 6188 2424 0748


26 8902 2921 0768 6602


30 3652 3093 0104 7746


24 8991 1528 6816 1388

Comments

  1. အဖိုးအောင်ဆန်းရေ.....

    ReplyDelete
  2. Mpt ၂ထောင်အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ နေ့တိုင်း clickပါတယ်နော်၊ USA (VPN)

    ReplyDelete
  3. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  4. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  5. ရဲ​ဘော်​စလားဖန်း နဲ့အားလုံး ​ဘေးဘယာ​တွေ ​ဝေးပါ​စေ​နော်​🙏

    ReplyDelete
  6. We must end dictators and dictatorship by any means.

    ReplyDelete
  7. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🤠 Sitt Min SaysJuly 31, 2022 at 8:05 PM

    🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 Round 2.
    Click 2 times.

    ReplyDelete
  12. ရောင်နီလာတော့မယ်

    ReplyDelete
  13. ရောင်နီလာနေပီပိုကလစ်ကြမယ်

    ReplyDelete
  14. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  15. More click whenever you have time

    ReplyDelete
  16. 🥷 အောင်စိတ် ...
    အောင်နိမိတ်နဲ့
    ကလစ်ကလေးကိုနှိပ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  18. 23.8.2022(Y. M. O)

    ReplyDelete
  19. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  20. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. # အမြန်ပြီးမှ ငြိမ်းချမ်းရ
    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  26. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  28. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  29. " ပြည်သူတွေကိုကာကွယ်ဖို့
    စစ်မှန်တဲ့ ပြည်သူ့တပ်မတော်ကြီး
    ကို ကြိုဆိုလျက်ပါ "

    ReplyDelete
  30. 🙂 ဆန့်ကျင်ဘက် ...

    @ ကံငါးပါးလည်းလုံ ...
    မေတ္တာတရားလွှမ်းခြုံတဲ့
    ဒီနိုင်ငံမှာလူလာဖြစ်တာ ကျေနပ်တယ်၊
    ဒါပေမဲ့ ...
    ဘာသာရေးအကြောင်းပြချက်
    ပြည်သူတွေကို ရက်ရက်စက်စက်
    သတ်ပစ်တာတော့ မကျေနပ်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  31. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  32. ချစ်သောဗိုလ်ချုပ် အောင်ဆန်း

    ReplyDelete
  33. New day 💗 New hope

    ReplyDelete
  34. New day 💓 New hope

    ReplyDelete
  35. New day 💕 New hope

    ReplyDelete
  36. New day 💟 New hope

    ReplyDelete
  37. New day ❤️ New hope

    ReplyDelete
  38. New day ❤️ New hope

    ReplyDelete
  39. New day ❤️ New hope

    ReplyDelete

Post a Comment