ပြည်သူ့ပန်းတို့နွမ်းခဲ့ပြီ

 ပြည်သူ့ပန်းတို့နွမ်းခဲ့ပြီ

**********************

ဘုန်းတေဇာမင်း

(၇၅ နှစ်မြောက် အာဇာနည်နေ့ အထိန်းအမှတ်ရေးဖွဲ့သည်။)




သြော်...ဇူလိုင်လ၊

မှိုင်းပြပြ..မိုးညို.....

လွမ်းတသသ...အဆွေးပိုတယ်...

မှိုင်းတို့က....ငို....။

သြော်...သည်လ ဆယ့်ကိုးရက်..

အတွေးဇာတ်မှာ...ဖြေမဆည်၊

လုပ်ရက်လေသည်....ပြည်သူ့ပန်းကိုမှ...

နွမ်းခဲ့ရပြီ....ဟိုသဘောက်တွေကြောင့်၊

လှမ်း၍ မြင်ပြီ..ဟိုရွှေနိုင်ငံတောက်တောက်ကိုလ...

သူတို့တတွေ..သွေးမြေခ,ရတယ်..

တွေးတသသ....ဆွေးရပါတဲ့...

လေးဆယ့်ခွန်...။

သူတို့တွေလဲ....လွန်ရှာပြီ၊

ကုန်လာပြီ....ခေတ်အပေါင်းရယ်က...

ပခုံးပြောင်းဖို့....အချိန်တန်ပြီ...

တို့လူငယ်အပေါင်းဆီသို့၊

ထိုသို့ရယ်ဆိုလျှင်....

ရှေးယမန်..တွန်းလှန်ခဲ့ နယ်ချဲ့ရန်ကို....

ဒေါင်းအလံတွေနဲ့...သမိုင်းလှန်ခဲ့သလိုပ၊

သည်နိုင်ငံ...ယိုင်နဲ့နဲ့ကို..

တို့လူငယ်အပေါင်းရယ်က၊

ထမ်းကာတင်စို့......။  ။

ဘုန်းတေဇာမင်း

#B #S

#ARNs_Revolutionary_Art_Program


ooredoo

2141 8732 2017 2602


2365 5113 6827 1493


2789 3530 2017 5574


2143 3137 9242 8980


2000 8311 8671 9099

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. ဖုန်းbill၂ထောင်ရပါတယ်၊ ကျေးဇူးပါဗျ ။ အောက်ဆုံးက ၂ကြောင်း❗

    ReplyDelete
  3. အာဇာနည်မျိုးသေရိုးမရှိ

    ReplyDelete
  4. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  9. 🥳 Sitt Min SaysJuly 31, 2022 at 8:01 PM

    🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 Love Song 2.

    ReplyDelete
  12. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. 23.8.2022(Y. M. O)

    ReplyDelete
  15. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  16. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  24. Good night all clickers 💫

    ReplyDelete
  25. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  26. 🙂 ဘယ်သူမဆို ...

    @ ဘယ်သူမဆို ...
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးပေါင်းစုံကို
    တိုးတက်ကြီးပွား ငြိမ်းချမ်းစေချင်ကြတယ်
    ကိုယ်နိုင်ရာ နိုင်ရာကိုလုပ်နေကြပေမယ့်
    ချင့်ချိန်စဉ်းစားဘို့လိုသလို ...
    ကိုယ့်လုပ်ရပ်တွေကိုပြန်သုံးသပ်ဘို့လိုတယ်
    အဓိကကတော့ ...
    မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဘို့ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  27. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ
    🍃🌸🌺

    ReplyDelete
  28. ပွဲကပြီးခါနီးပြီ သွေးမအေးကျပါနဲ့နော်။ ဆက်တိုက်ထုတ်ကျမယ်

    ReplyDelete
  29. Fighting 💪💪💪
    We must win 💯💯💯

    ReplyDelete
  30. New day ❣️ New hope

    ReplyDelete
  31. New day ❤️ New hope

    ReplyDelete
  32. New day 💗 New hope

    ReplyDelete

Post a Comment