တော်လှန်ရေးကို မေ့လိုက်ပြီလား ချစ်တဲ့ ဧရာဝတီရေ

“တော်လှန်ရေးကို မေ့လိုက်ပြီလား ချစ်တဲ့ ဧရာဝတီရေ”

====================================

 မောင်Rကြီး

ARNs_Revolutionary_Art_Program 

တော်လှန်ရေးစာပေကဏ္ဍ 



တော်လှန်ရေးကို မေ့လိုက်ပြီလား

ချစ်တဲ့ဧရာဝတီရေ•••

အဝေးရောက်

ဆယ်လေးမျှဉ်းဇောင်းတစ်ယောက်

စောင်းငဲ့ကြည့်မိပြန်တော့

မြင်းခွာတချက်ပေါက်ရင် 

မီးဟုန်းဟုန်းတောက်စေရမည်လို့

ဟစ်ကြွေးခဲ့တဲ့

မယ်ဇလီကုန်းသား 

“ဗိုလ်အောင်ကျော်” ကို အားနာမိပြန်တယ်၊

ရဲဘော်သုံးကျိပ်ဝင် ကျိုက်ပိသား

“ဗိုလ်ဗလ” ကိုလည်း အားနာမိပြန်တယ်၊

ကျောင်းသားခေါင်းဆောင် ဝန်ကြီးချုပ်

စတဲ့ဂုဏ်ပုဒ်တွေနဲ့ ဝါးခယ်မသား

“သခင်နု ခေါ် ဦးနု” ကို အားနာမိပြန်တယ်၊

အင်္ဂလိပ်လက်အောက်မှာ ရဲရဲတောက်

ကလောင်သွားနဲ့ထိုးနှက်ခဲ့သူ

အာဇာနည်သူရဲကောင်း 

မြောင်းမြသားကြီး

“ဒီးဒုတ်ဦးဘချို” ကို အားနာမိပြန်တယ်၊

ကရင့်ခေါင်းဆောင် တော်လှန်ရေးသူရဲကောင်း

ဝတ်လုံတော်ရ ပုသိမ်သားကြီး

“စောဘဦးကြီး” ကို အားနာမိပြန်တယ်၊

သမိုင်းအဆက်ဆက်မှာ ဧရာဝတီသားတွေ

ကျရာနေရာက တာဝန်ကျေခဲ့ကြတဲ့

တော်လှန်ရေးသူရဲကောင်းတွေကို လည်း

အားနာနေမိပြန်တယ်••••

အိမ်ပြန်ဖို့ အားမွေးနေကြတဲ့အခါ

ဒို့ပြည်သူတွေညီရဲ့လားဟေ့လို့

ကြွေးကြော်ခဲ့သလို့

ဒို့ ဧရာသားတွေ ညီရဲ့လားဟေ့လို့

မေးချင်စမ်းမိတော့တယ်။

မောင်Rကြီး

Telenor 

15 8820 7050 5128 3296


12 8225 9050 5177 3068


16 5671 9569 2662 0404


13 5373 1269 6841 1359


2757 8504 5706 4239 52

Comments

  1. Try to fight.

    ReplyDelete
  2. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  3. Utube မှာ ရွတ်တာလေးနားထောင်ပြီးပါပြီ

    ReplyDelete
  4. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  5. 🤠 Sitt Min SaysJuly 31, 2022 at 7:58 PM

    🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  6. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 ပြည်သူတွေရဲ့ ...
    စိတ်ကိုလာမဆွနဲ့
    မင်းတို့ပါ အမျိုးကန်းပြီး
    မြေဇာပင်ဖြစ်သွားမယ်။

    ReplyDelete
  10. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  11. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  12. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  14. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. တိတ်တဆိတ်ညီကြရအောင်ဗျာ

    ReplyDelete
  19. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  22. " ဧရာဝတီကို သက်သေတည်ပါသည်။ "

    ၂၂ရာစုရဲ့သမိုင်းတွင်မဲ့ တော်လှန်ရေးကို
    ရာဇဝင်မရိုင်းစေဖို့
    ကိုယ်သမိုင်း ကိုယ်ရေး
    ကိုယ်လမ်း ကိုယ်ဖောက်
    မလျော့သောဇွဲနဲ့ အောင်ပွဲဆီသို့
    အဆုံးသတ်တိုက်ပွဲ ဆင်နွဲလျက်ပါ.
    Fighting all together

    ReplyDelete
  23. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  25. မမေ့ပါဘူး
    သေတောင်မမေ့ဘူး
    တစ်မိသားစုလုံးရဲ့ ဘ၀ကြီးနဲ့ရင်းထားရလို့

    ReplyDelete
  26. ဦးနု က မော်ကွန်း သား မဟုတ်လားဗျ

    ReplyDelete
  27. New day 💝 New hope

    ReplyDelete
  28. New day ❤️ New hope

    ReplyDelete
  29. New day 💖 New hope

    ReplyDelete
  30. New day 💗 New hope

    ReplyDelete
  31. New day 💖 New hope

    ReplyDelete

Post a Comment