တော်လှန်သွေးတွေ ပိုရဲပေးကြပါ မမဲကြနဲ့...ရဲကြပါ

 “တော်လှန်သွေးတွေ ပိုရဲပေးကြပါ

မမဲကြနဲ့...ရဲကြပါ”

။။။။။။။။။။။။။။။။



ရဲဘော် စလားဖန်း


ကျုပ်တို့တွေက ဒီတော်လှန်ရေးကာလမှာ

သူရဲကောင်းတွေကျဆုံးတိုင်း အမဲရောင် profile ကြီးကို ချိန်းတတ်ကြတယ်...ဒီတစ်ခေါက်တော့ အမဲရောင် profile ကြီးတွေမချိန်းကြပါနဲ့ဗျာ•••


ကျုပ်တို့တွေရဲ့ခန္ခာကိုယ်ထဲက သွေးတစ်စက် အဖောက်ခံလိုက်ရတယ်လို့ တွေးပြီး အဲ့ဒီအဖောက်ခံလိုက်ရတဲ့သွေးစက်ပေါက်တွေကို ပြန်ချုပ်ပစ်လိုက်ပါ။


ကျုပ်တို့ခန္ခာကိုယ်ထဲမှာ ရဲနေတဲ့သွေးတွေ အများကြီးရှိပါသေးတယ်... ခင်ဗျားတို့တွေဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ကျုပ်တို့ရဲ့သွေးတွေကဘယ်တော့မှ အရောင်မရောဘူး...အမြဲတမ်းရဲနေကြောင်း မအလ တွေကို သက်သေပြလိုက်ကြစမ်းပါဗျာ•••


ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေအတွက် ဝမ်းနည်းလို့ profile အမဲကြီးတွေချိန်းတာထက် ကျန်နေခဲ့ကြတဲ့ တစ်ယောက်ခြင်းစီတိုင်းရဲ့အသွေးအသားတွေက ပိုပြီးရဲရင့်ကြောင်း ပြသပေးကြပါ•••


ကျုပ်တို့ပြည်သူတွေ ဒီချိန်မှာ အရင်ကထက်ပိုပြီး စည်းလုံးကြမယ် အရင်ကထက်ပိုပြီး တော်လှန်ရေးကိုအရှိန်မြှင့်ကြရမယ် ကျုပ်တို့ရဲ့သွေးတွေရဲနေမှ ဒီတော်လှန်ရေးကြီးက အောင်မြင်မှာ•••


ကျုပ်တို့တွေ ဒီတိုင်းထိုင်ပြီး ဝမ်းနည်းပြနေကြရမယ့်

ချိန်မဟုတ်တော့ဘူး ကျုပ်တို့ပြည်သူတွေလုပ်နိုင်တဲ့ဘက်ကနေပြီး အရင်ကထက်ပိုပြီး ဝိုင်းဝန်းကူညီပေးကြဖို့လိုပြီ•••


ကျုပ်တို့တွေအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး တတ်ညီလက်ညီနဲ့ အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပျက်တဲ့အထိ ကူညီပေးကြပြီး တော်လှန်ရေးအရှိန်ကိုမြှင့်တင်ကြပါစို့။


ကျုပ်တို့အားလုံးရဲ့သွေးတွေ မဲမသွားကြပါနဲ့…

တော်လှန်သွေးတွေ ပိုရဲပေးကြပါ•••


ရဲဘော်စလားဖန်း

Comments

  1. နာကျည်းစိတ်တွေနဲ့ရဲနေမဲ့သွေးတွေ။

    ReplyDelete
  2. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  3. Let's unite and so we must win.

    ReplyDelete
  4. ပိုရဲရမယ်

    ReplyDelete
  5. သွေးမအေးကြေး

    ReplyDelete
  6. ✊️✊️✊️

    ReplyDelete
  7. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 Round 2.
    Click 2 times.

    ReplyDelete
  12. More click whenever you have time

    ReplyDelete
  13. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. တလရကြီးအောင်မြင်ပြီးမြောက်တဲ့နေ့
    တွေ့ပါရစေ

    ReplyDelete
  15. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  16. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. We need unite together with more click

    ReplyDelete
  19. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. လမ်းချင်းတူလို့ လူချင်းတွေ့ကြတာပါ
    အန္တရယ်ကင်း ‌ေးရှင်းကြပါ‌ေစဘေ

    ReplyDelete
  23. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  28. ဖိုက်တင်း ဧရာဝတီ

    ReplyDelete
  29. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  30. Rest in peace bro jime and phyo zay ya thaw !

    ReplyDelete
  31. ငါတို့မှာ ငါတို့ရှိတယ်

    ReplyDelete
  32. Pp အမဲရောင်က ဟိုးအစကတညက ချိန်းထားတာ
    အောင်ပွဲရ မှ ယူနီဖောင်းနဲ့အလှပုံကိုရိုက်တင်ပြီး
    ချေမိုးပစ်မယ် 😁😁

    ReplyDelete
  33. New day ❤️ New hope

    ReplyDelete
  34. New day ❤️ New hope

    ReplyDelete
  35. New day 💞 New hope

    ReplyDelete
  36. New day 💞 New hope

    ReplyDelete
  37. New day 💖 New hope

    ReplyDelete
  38. New day ❤️ New hope

    ReplyDelete

Post a Comment