သို့

 


သို့/


🥀 ကိုဂျင်မီ

။။။။။။။။။။။။။။

ကျွန်တော်ခင်ဗျားကို သိတယ်…

ခင်ဗျားဟာ ၈၈ မျိုးဆက်ခေါင်းဆောင်…

၈၈၈၈ အရေးတော်ပုံအပြီးမှာ ထောင် ၁၆ နှစ်ချခံခဲ့ရသူ…

၂၀၀၇ မှာလည်း ခင်ဗျားတော်လှန်တယ်…

ထောင် ၅ နှစ် ချခံရတယ်..

၂၀၁၂ မှာပြန်လွတ်တယ်…

၂၀၂၁ နွေဦးတော်လှန်ရေးမှာလဲ ရှေ့ဆုံးက တော်လှန်တယ်…

ခင်ဗျားဟာ စစ်အာဏာရှင်ကို အစဉ်အဆက် တော်လှန်နေသူပဲ….

ဒီကနေ့ခင်ဗျား ကြိုးပေးခံရတဲ့အထိ စစ်ကောင်စီလက်အောက်

ခင်ဗျား ဒူးမထောက်ခဲ့ဘူး…

ခင်ဗျားရဲ့ သတ္တိဟာ ဥဒါန်းတွင်နေစေ့မယ်…

ခင်ဗျားဟာ သိက္ခာနဲ့ အသက်ကို လဲသွားခဲ့သူပဲ..

ခင်ဗျားဟာ နိုင်ငံရေးသိက္ခာ၊ တော်လှန်ရေး သစ္စာ အရှိဆုံးသူပဲ…ဖြစ်တယ်။


🥀 ကိုဖြိုးဇေယျာသော်

။။။။။။။။။။။။။။။။။။။။။။

ခင်ဗျားကိုလဲ ကျတော်သိတယ်ဗျ…

ခင်ဗျားဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ လို့ တင်စားခံရသူလေ…

၂၀၀၇ ကြောင့် ခင်ဗျား ထောင် ၅ နှစ်အချခံရတယ်..

ခင်ဗျားဟာ လူငယ်အဆိုတော်…

ခင်ဗျားဟာ လူငယ်လွှတ်တော်ကိုယ်စားလှယ်..

ခင်ဗျားဟာ လူငယ်ခေါင်းဆောင်

ခင်ဗျားဟာ အလားအလားကောင်းတွေအများကြီးရှိတဲ့ တိုင်းပြည်ရဲ့ အဖူးအညွှန့်ပဲ…

ဒီကနေ့ ကြိုးပေးခံခဲ့ရတဲ့အထိ ခင်ဗျားဟာ စစ်ကောင်စီလက်အောက် ဒူးမထောက်ခဲ့ဘူး…

စစ်ကောင်စီကို လက်မြောက်အရှုံးမပေးဘူး…

စစ်ကောင်စီကို သေဒဏ်အတွက် အသနားမခံခဲ့ဘူး..

ခင်ဗျားရဲ့ သိက္ခာကို ခင်ဗျားရဲ့အသက်နဲ့ လဲသွားခဲ့တယ်..

ခင်ဗျားတို့ရဲ့ ကျေးဇူးတရားတွေအတွက် ကျွန်တော်တို့ ဆုံးခန်းတိုင်တော်လှန်သွားမယ်။


🥀 ကိုလှမျိုးအောင်

။။။။။။။။။။။။။။။။။။။

ခင်ဗျားကို ကျတော်မသိဘူး…

သေချာတာကတော့ ခင်ဗျားဟာ လူငယ်တစ်ယောက်…

စစ်အာဏာရှင်ကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူ တစ်ယောက်…

ခင်ဗျားဟာ နှလုံးသားလှသူ တစ်ယောက်…

မိမိကိုယ်ကျိုးအတွက် မျှော်လင့်ချက်မရှိ တော်လှန်ခဲ့သူတစ်ယောက်…

နိုင်ငံ့အတွက် အသက်ပေးသွားတဲ့

လူသိပ်မသိတဲ့ အာဇာနည်တစ်ယောက်ပဲ။


🥀 ကိုအောင်သူရဇော်

။။။။။။။။။။။။။။။။။။။။။

ခင်ဗျားကိုလဲ ကျနော် မသိဘူးဗျ…

ခင်ဗျားတို့က ပေါ်ပင်သမားတွေ မဟုတ်ဘူးလေ…

နိုင်ငံရေးကို မိမိနာမည်ကြီးဖို့အတွက် လုပ်စားမသွားဘူးလေ..

ခင်ဗျားဟာ ယုံကြည်ရာကို စွဲကိုင်ခဲ့သူပဲ…

ခင်ဗျားဟာ ယုံကြည်ရာအတွက် အသက်ပေးခဲ့သူပဲ..

ဒီလမ်းဟာ ဒီလိုဖြစ်မယ်ဆိုတာ ခင်ဗျားကောင်းကောင်းကြီး သိတာပေါ့…

ဒါပေမဲ့ နိုင်ငံ့မျက်နှာကို ကြည့်ပြီး ခင်ဗျားရွေးခဲ့တယ်…

ခင်ဗျားဟာ နိုင်ငံ့သူရဲကောင်းပဲ..

ခင်ဗျားဟာ နိုင်ငံ့သားကောင်းတစ်ဦးပဲ။


ဒီနေတော့ဗျာ ခင်ဗျားတို့လေးဦးစလုံးမရှိကြတော့ဘူး..

ခင်ဗျားတို့ မရှိတော့ပေမဲ့ ခင်ဗျားတို့ရဲ့တော်လှန်စိတ်ဓာတ်ဟာ ကမ္ဘာအဆုံးထိရှိနေမယ်…

ခင်ဗျားတို့ဟာ သူရဲကောင်းတွေပဲ…

ခင်ဗျားတို့ဟာ အာဇာနည်တွေပဲ…

ခင်ဗျားတို့ဟာ အများအကျိုးအတွက် အသက်စွန့်ခဲ့သူတွေပဲ…

ခင်ဗျားတို့ဟာ လူငယ်ပီပီ အစွမ်းရှိရှိတော်လှန်ခဲ့သူတွေပဲ…

ခင်ဗျားတို့ဟာ စစ်ကောင်စီကို ကြောက်ဒူးတုန်စေခဲ့တယ်…

ခင်ဗျားတို့ဟာ စစ်ကောင်စီအရှိုက်ကို ထိုးနှက်နိုင်ခဲ့တယ်…

ခင်ဗျားတို့ ကျေးဇူးတရားအတွက်

ကျွန်တော်တို့အားလုံး ညီညီညွှတ်ညွှတ်ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမယ်…

ခင်ဗျားတို့အတွက် မင်းအောင်လှိုင်၊ စိုးဝင်းနဲ့ အပေါင်းအပါတွေကို ကြိုးပေးမရမချင်းကျွန်တော်တို့ ဒီပွဲကို အဆုံးမသတ်ဘူး…။


ဘုန်းတေဇာမင်း

Comments

  1. သွေးကြွေးမှာ ဆွေးနွေးစရာမရှိ!!

    ReplyDelete
  2. အလှည့်ကျမနွဲ့စတမ်းပဲ။

    ReplyDelete
  3. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  4. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  5. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  6. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. We will fight till the end

    ReplyDelete
  9. More click whenever you have time

    ReplyDelete
  10. 🥷 ပြည်သူတွေရဲ့ ...
    စိတ်ကိုလာမဆွနဲ့
    မင်းတို့ပါ အမျိုးကန်းပြီး
    မြေဇာပင်ဖြစ်သွားမယ်။

    ReplyDelete
  11. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  12. ဘာမှမလုပ်နိုင်ရင် click ကြ

    ReplyDelete
  13. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. မင်းအောင်လှိုင် မိသားစု အသေဆိုးနဲ့သေပါစေ၊🙏

    ReplyDelete
  17. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  25. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  26. 🏇 ငါ့မြင်းငါစိုင်း
    စစ်ကိုင်းရောက်ရောက် ...

    @ အလကားထားခဲ့တဲ့စကားမဟုတ် ...
    ပညာရှိသတိဖြစ်ခဲဆိုပေမယ့် လူ လူ
    လူဆိုတဲ့အရာမို့ လူလိုစဉ်းစားဘို့တော့
    လိုလိမ့်မည် လိုပါလိမ့်မည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  27. အဲ့နေ့က အခန်းကျဉ်းလေးထဲမှာ တစ်နေလုံး ယူကျုံးမရငိုနေမိတယ်
    ပြန်တွေးတိုင်းလဲ ကိုယ်ကို ကိုယ် အားမလို အားမရငိုမိတုန်း

    ရာထူးနေရာတစ်ခု စွန့်တယ်
    ခုငွေရှာတယ် ပို့စရာရှိတာပို့တယ်
    ကလစ်တယ် ဒါထက်
    ငါ ဘာတွေလုပ်ပေးနိုင်လဲ💔💔
    ဒါထက်ပိုလုပ်ပေးချင်တယ်
    မစွမ်းသာဘူး 😭😭

    ReplyDelete
  28. သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေတာလား…ဒါဆိုများများကလစ်ပါ

    ReplyDelete
  29. 🙂 ဘာလုပ်ပြီးပြီလဲ ...

    @ အရေးကြီးအချိန်ရောက်ပြီမို့ ...
    သူတို့လည်း အသက်စွန့်အလုပ်လုပ်နေပြီ
    ကျနော်လည်း လုပ်သင့်တာတွေလုပ်နေပြီ
    ခင်ဗျားလည်း ဘာလုပ်ပြီးပြီလည်း ???

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  30. 😡 အယုံအကြည်မရှိ
    လုံးဝကန့်ကွက်သည် ...

    @ စစ်အာဏာရှင်မှ ...
    ကျင်းပပြုလုပ်မည့်
    တရားမျှတမှုမရှိသော ...
    "ရွေးကောက်ပွဲ"အား အယုံအကြည်မရှိ
    လုံးဝ(လုံးဝ)ကန့်ကွက်သည်။

    ပြည်သူများကိုယ်စား
    🥷 စစ်မင်း ထက်သာ

    ReplyDelete
  31. ဘယ်တော့မှမေ့မရသူများ

    ReplyDelete
  32. ဘယ်တော့မှ မ ဖည်တဲ့လက်သီးဆုပ်တွေ💪💪

    ReplyDelete
  33. New day 💕 New hope

    ReplyDelete
  34. New day 💕 New hope

    ReplyDelete
  35. New day 💕 New hope

    ReplyDelete
  36. Good days are coming 😊

    ReplyDelete

Post a Comment