ဇူလိုင် ၁၉ ( သို့မဟုတ် ) အသက်ရှူမဝ​သော နိုင်ငံ​တော်

ဇူလိုင် ၁၉ ( သို့မဟုတ် ) အသက်ရှူမဝ​သော နိုင်ငံ​တော်

*******************************



ကျဆုံး​လေပြီး​သော
အာဇာနည်​ခေါင်း​ဆောင်ကြီးများနှင့် 
​နွေဦး​တော်လှန်​ရေးအစ မှ
ယ​နေ့ အချိန်ထိ
ကျဆုံးခဲ့ကြ​သော
အာဇာနည်များအား
အ​လေးပြု .......... ။

တစ်မိခန့် ငြိမ်သက်၍
ကျ​နော် ဒီကဗျာကို
ဆက်​ရေးခဲ့သည်။

ဂဠုန်ဦး​စောရဲ့
​ပြောင်းဝမှ ကျည်တစ်​တောင့်ကစလို့
ဗိုလ်ချုပ်​အောင်ဆန်း အပါအဝင်
အာဇာနည် ၉ ဦး
​ကြွေလွင့်​ခဲ့ရပါ​ပေ​ရော့လား ။

1947 July 19 ရက်​နေ့က
မြန်မာနိုင်ငံရဲ့ နှလုံးအိမ် တည့်တည့်
ကျည်ထိမှန်ခဲ့ပြီး​နောက်
အခု ဂဠုန်ဦး​စော လက်သစ်​တွေ​ကြောင့်
အခုချိန်ထိ မြန်မာနိုင်ငံကြီး
အသက်ရှူမဝလိုက်ပုံများ 
​တောက်စ် ................ ။

ရဲ​ဘော်​စောင​တေ
July 19.2022

*123*83429361728730468# te1

*123*006474123246103997# mp1

*123*0105286023804586# or1

 

Comments

  1. After the death of General Aung San, he saluted the martyred leaders.Today is a sad day that should not be forgotten,It is the day when the good leaders of our country are defeated.We shouldn't forget, we can't forget, we can't lose the good leaders of the next generation.
    So we will try and click and stream. We will not give up. We will not give up ,we must win.

    ReplyDelete
  2. အာဇာနည်တွေထပ်မလိုချင်

    ReplyDelete
  3. ကျဆုံး​လေပြီး​သော
    အာဇာနည်​ခေါင်း​ဆောင်ကြီးများနှင့်
    ​နွေဦး​တော်လှန်​ရေးအစ မှ
    ယ​နေ့ အချိန်ထိ
    ကျဆုံးခဲ့ကြ​သော
    အာဇာနည်များအား
    အ​လေးပြု .......... ။

    ReplyDelete
  4. အသက်ရှုမဝသော မွန်းကြပ်မှုများမှ လွတ်မြောက်ဖို့ နိုင်ရာတာဝန်ကိုယ်စီထမ်းကြစို့ 🕊

    ReplyDelete
  5. အာဇာနည်တွေနေတဲ့တိုင်းပြည်

    ReplyDelete
  6. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  7. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  8. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  9. 😡 Sitt Min SaysJuly 31, 2022 at 8:10 PM

    🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. အေးချမ်းပါစေ

    ReplyDelete
  15. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  21. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  23. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. တောင်းဆုတွေအမြန်ပြည့်စေချင်ပြီ

    ReplyDelete
  25. 🙂 ဆန့်ကျင်ဘက် ...

    @ ကံငါးပါးလည်းလုံ ...
    မေတ္တာတရားလွှမ်းခြုံတဲ့
    ဒီနိုင်ငံမှာလူလာဖြစ်တာ ကျေနပ်တယ်၊
    ဒါပေမဲ့ ...
    ဘာသာရေးအကြောင်းပြချက်
    ပြည်သူတွေကို ရက်ရက်စက်စက်
    သတ်ပစ်တာတော့ မကျေနပ်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  26. 😡 အယုံအကြည်မရှိ
    လုံးဝကန့်ကွက်သည် ...

    @ စစ်အာဏာရှင်မှ ...
    ကျင်းပပြုလုပ်မည့်
    တရားမျှတမှုမရှိသော ...
    "ရွေးကောက်ပွဲ"အား အယုံအကြည်မရှိ
    လုံးဝ(လုံးဝ)ကန့်ကွက်သည်။

    ပြည်သူများကိုယ်စား
    🥷 စစ်မင်း ထက်သာ

    ReplyDelete
  27. New day 💗 New hope

    ReplyDelete
  28. New day 💓 New hope

    ReplyDelete
  29. New day 💕 New hope

    ReplyDelete
  30. New day ❤️ New hope

    ReplyDelete
  31. New day ❤️ New hope

    ReplyDelete
  32. New day ❣️ New hope

    ReplyDelete
  33. New day ❤️ New hope

    ReplyDelete
  34. New day 💞 New hope

    ReplyDelete
  35. New day ❤️ New hope

    ReplyDelete
  36. မြန်မာနိုင်ငံရဲ့နှလုံးအိမ်တည့်တည့် ကျည်ထိမှန်ခဲ့ပြီးသည့်နောက်

    ReplyDelete
  37. New day ❤️ New hope

    ReplyDelete
  38. New day 💖 New hope

    ReplyDelete
  39. Good days are coming 😊

    ReplyDelete
  40. Good days are coming 😊

    ReplyDelete

Post a Comment