သားတစ်ယောက်ရဲ့ တမလွန်မှ ရေးတဲ့ စာ

 “သားတစ်ယောက်ရဲ့ တမလွန်မှ ရေးတဲ့ စာ”

****************************************



#ShweKaren

#ARNs_Revolutionary_Art_Program 

တစ်နေ့တော့ 

အိမ်ပြန်မယ့် စိတ်ကူး အခွင့်မရှိတော့ဘူး။

အမေ့ကိုပြုစုမယ်ဆိုတဲ့အတွေး 

အခွင့်မရှိတော့ဘူး။

အမေ့လက်ရာ ဟင်းတစ်ခွက် 

မစားရတာကြာတော့ လွမ်းတယ် အမေရဲ့... ။

အရင်ကသတိရတဲ့အခါ 

လွမ်းတဲ့အခါတွေတိုင်း ဖုန်းတွေဆက် 

ပြောခဲ့ကြ

အခုတော့... ဘဝတွေကခြား အမေသိများ သိပါ့မလား အမေ...။

အနာဂါတ်... အနာဂါတ်လို့ ရေရွတ်ရင်း 

အနာဂါတ်ကစျေးကြီးတယ်၊ အရင်းအနှီးကြီးတယ် 

` သား ´ အပါအဝင်ပေါ့။

သေမှ RIP ဆိုတဲ့ post တွေနဲ့ နောင်လာမယ့် 

လူငယ်များ နောက်နောင် 

မကြုံပါရစေနဲ့လို့ တိုးတိုးလေး

ဆုတောင်းနေမိတယ်။

လူငယ်တွေရဲ့ပေးဆပ်မှု့တိုင်းဟာ 

သမိုင်းစာမျက်နှာမှာ ထင်ကျန်နေမှာပါ။

အမေချစ်တဲ့သား

#ShweKaren

(ဧရာဝတီတိုင်းရှိ UG တစ်ဦးမှ ပေးပို့သည်။)


*123*93272064028958352# te3

*123*111392896855689456# mp3

*123*7707823064242405# or3

Comments

  1. 🙂 လောက ...

    @ ‌အော် ...
    ‌ လောကကြီးမှာ
    အမှားအမှန်မသိတဲ့သူတွေနဲ့
    ခဏအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေနဲ့
    ဝေလေလေကြိုက်တဲ့သူတွေနဲ့
    တွေနဲ့တွေနဲ့ဆိုတဲ့သူတွေများလာရင် ...
    ဒီလောကကြီး ပျက်စီးပြီ။

    စစ်မင်းထက်သာ

    ReplyDelete
  2. We feel very sad to see the young lose their limps, their future and their lives.

    ReplyDelete
  3. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  4. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  5. We feel very sorry to see the youths sacrifice their lives every day so we must go forward to the successful end.

    ReplyDelete
  6. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  7. 🥷 Sitt Min SaysAugust 1, 2022 at 8:52 AM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  8. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. လူငယ်တွေရဲ့ပေးဆပ်မှု့တိုင်းဟာ

    သမိုင်းစာမျက်နှာမှာ ထင်ကျန်နေမှာပါ။

    ReplyDelete
  10. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. တို့ မန္တလေး မှာ
    ဒီကဗျာလေးကို
    နေရာအနှံ့မှာ
    ရေးကပ်ထားချင်မိတယ်

    ReplyDelete
  15. 🥷 လေးစားရတဲ့
    ရွှေမြန်မာနိုင်ငံရှိ
    EROs,PDF,LPDF,UGနဲ့
    သပိတ်တော်လှန်ရေးအင်အားစုများ
    ခင်ဗျား ...

    ၁.အသက်မသေရေး အဓိက
    ၂.လုံခြုံရေး ပထမ
    ၃. Mission အောင်မြင်ရေး ဒုတိယ

    လေးစားစွာဖြင့်
    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. တကယ့်ကိုရင်နာရပါတယ်😔
    ဒါပေမယ့်
    လာပါ လက်ချင်းယှက်လို့
    အားတင်းရှေ့ဆက်ကြရမယ်
    💪🏽💪🏽

    ReplyDelete
  18. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  26. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 ဆန့်ကျင်ဘက် ...

    @ ကံငါးပါးလည်းလုံ ...
    မေတ္တာတရားလွှမ်းခြုံတဲ့
    ဒီနိုင်ငံမှာလူလာဖြစ်တာ ကျေနပ်တယ်၊
    ဒါပေမဲ့ ...
    ဘာသာရေးအကြောင်းပြချက်
    ပြည်သူတွေကို ရက်ရက်စက်စက်
    သတ်ပစ်တာတော့ မကျေနပ်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  28. 😥 သနားတယ် ...

    @ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင့်ပြီး ...
    လမ်းပြောင်းပြန်လျှောက်နေတဲ့
    မင်းတို့ကိုသနားတယ်၊
    ဘာလို့လည်းဆိုတော့ ...
    မင်းတို့လျှောက်နေတဲ့လမ်းက
    သမိုင်းအရိုင်းနဲ့ကြိုးစင်လမ်းမို့။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  29. နိုင်ကိုနိုင်ရမည်

    ReplyDelete
  30. ငါတို့ ဘာတွေလုပ်နိုင်လဲဆိုတာ သိစေရမယ်

    ReplyDelete
  31. Right 👍👍👍👍👍

    ReplyDelete
  32. ဟုတ်ကဲ့ မင်္လာ နံနက်ခင်းပါ

    ReplyDelete
  33. FB ‌ေပေါ်က RIP တစ်ကြောင်းထက်
    ကလစ်တစ်ချက်က ပို တန်ဖိုးရှိတယ်

    ReplyDelete
  34. Young heroes gave their lives for 🥺

    ReplyDelete
  35. ကောင်းရာမွန်ရာ မှာ ဘဝ သစ်ရကြပါစေ

    ReplyDelete
  36. လူငယ်တွေရဲ့ပေးဆပ်မှု😔

    ReplyDelete
  37. New day 💗 New hope

    ReplyDelete
  38. New day ❤️ New hope

    ReplyDelete
  39. Good days are coming 😊

    ReplyDelete
  40. Good days are coming 😊

    ReplyDelete

Post a Comment