တော်လှန်ရေးဟာ စျေးကြီးလွန်းတယ်

တော်လှန်ရေးဟာ စျေးကြီးလွန်းတယ်

~~~~~~~~~~~~~~~~~~~~~~~~~

ARNs_Revolutionary_Art_Program 

တော်လှန်ရေးစာပေအနုပညာကဏ္ဍ




တခါတလေတော့

အလွမ်းတွေမေ့ထားရတယ်

ဒီနေရာမှာအရေးကြီးဆုံးလိုအပ်ချက်က

လွပ်လပ်ခြင်းနဲ့ တရားမျှတမှုလေ။

ငါတို့ပြန်ရှာဖွေတော့

စားပွဲဝိုင်းမှာ ဆွေးနွေးရတာမဟုတ်ဘူး

သွေးတွေနဲ့ စတေးပြီးရေးရတာ

ငါတို့အသက်နဲ့ ဘဝဟာ

စျေးပေါပါတယ်

တော်လှန်ရေးဟာ

စျေးကြီးလွန်းတယ်။

တချို့တွေ

နိုင်ငံအတွက်အသက်ပေးတယ်

တချို့တွေ

အနေအစားမပျက်ခရီးဆက်လျှက်

တချို့တွေ

ဆီစျေးတက်လို့ငြီးနေကြတယ်

တချို့တွေ

နေစရာမရှိတဲ့ မီးလောင်ပြင်တွေ

တချို့တွေ

မီးမလာလို့ အဲယားကွန်းမရတာပူပန်နေကြချိန်

တချို့တွေ

စားစရာဆန်တောင်မရှိဘူး

တချို့တွေ

နေနိုင်လွန်းတယ်

တချို့တွေ

တော်လှန်ရေးဆိုတာ အပျော်ဓာတ်ပုံရိုက်ရာထင််ကြတယ်။

စစ်ဖိနပ်ဟာ မင်းအိမ်ရှေ့နင်းတဲ့အခါ

မင်းခေါင်းငုံ့ပြီး လည်စင်းပေးလိုက်ပါ

ငါတို့တွေ အဲ့အတွက် ဆက်တော်လှန်မယ်

မင်းမှမဟုတ်ဘူး

အားလုံးသိအောင်ပြောလိုက်ပါ

လက်သုံးချောင်းထောင်ရုံနဲ့

ဒီမိုကရေစီမရဘူး

ကဲ

Blame ကြတော့။

#မောင်အာကြီး 

#R #S

#ARNs_Revolutionary_Art_Program 

#တော်လှန်ရေးစာပေအနုပညာကဏ္ဍ

တခါတလေတော့

အလွမ်းတွေမေ့ထားရတယ်

ဒီနေရာမှာအရေးကြီးဆုံးလိုအပ်ချက်က

လွပ်လပ်ခြင်းနဲ့ တရားမျှတမှုလေ။

ငါတို့ပြန်ရှာဖွေတော့

စားပွဲဝိုင်းမှာ ဆွေးနွေးရတာမဟုတ်ဘူး

သွေးတွေနဲ့ စတေးပြီးရေးရတာ

ငါတို့အသက်နဲ့ ဘဝဟာ

စျေးပေါပါတယ်

တော်လှန်ရေးဟာ

စျေးကြီးလွန်းတယ်။

တချို့တွေ

နိုင်ငံအတွက်အသက်ပေးတယ်

တချို့တွေ

အနေအစားမပျက်ခရီးဆက်လျှက်

တချို့တွေ

ဆီစျေးတက်လို့ငြီးနေကြတယ်

တချို့တွေ

နေစရာမရှိတဲ့ မီးလောင်ပြင်တွေ

တချို့တွေ

မီးမလာလို့ အဲယားကွန်းမရတာပူပန်နေကြချိန်

တချို့တွေ

စားစရာဆန်တောင်မရှိဘူး

တချို့တွေ

နေနိုင်လွန်းတယ်

တချို့တွေ

တော်လှန်ရေးဆိုတာ အပျော်ဓာတ်ပုံရိုက်ရာထင််ကြတယ်။

စစ်ဖိနပ်ဟာ မင်းအိမ်ရှေ့နင်းတဲ့အခါ

မင်းခေါင်းငုံ့ပြီး လည်စင်းပေးလိုက်ပါ

ငါတို့တွေ အဲ့အတွက် ဆက်တော်လှန်မယ်

မင်းမှမဟုတ်ဘူး

အားလုံးသိအောင်ပြောလိုက်ပါ

လက်သုံးချောင်းထောင်ရုံနဲ့

ဒီမိုကရေစီမရဘူး

ကဲ

Blame ကြတော့။

မောင်အာကြီး 


Comments

  1. နိုင်ရာတာဝန်ထမ်းကြမယ်

    ReplyDelete
  2. 🙂 ဆုတောင်းနေတယ်သူငယ်ချင်း ...

    @ ကုန်ဈေးနှုံးတွေတက် ...
    အလုပ်နဲ့ဝင်ငွေတွေရှား
    မိသားစုတွေများတဲ့ဘဝမို့
    မင်းဘယ်လိုနေနေလဲ သူငယ်ချင်း၊

    @ ကျောင်းနေဖက်အချင်းချင်းမို့ ...
    အတွင်းလည်းသိ၊အဆင်းလည်းရှိအောင်
    မင်းတို့ငါတို့ကြိုးစားခဲ့ကြတယ်လေ ...
    သွေးသောက်သူငယ်ချင်း၊

    @ ရိုးသားကြိုးစားကြတဲ့ ...
    မင်းတို့ ဧရာဝတီသားတွေကို
    အဝေးတစ်နေရာကဘဲ ...
    အဆင်ပြေကြပါစေလို့
    ဆုတောင်းပေးနေပါတယ်သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  3. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီကြပါဦးနော်❤️🙏💪💪💪🤜🤛

    ReplyDelete
  4. Replies
    1. တော်လှန်ရေးဟာဈေးကြီးလွန်းတယ်

      Delete
  5. Right, #လက်သုံးချောင်းထောင်ရုံနဲ့
    ဒီမိုကရေစီမရဘူးး
    တချို့တွေပုံမှန်ဖြစ်သွားကြပီ
    လက်သုံးချောင်းထောင်ခဲ့တာသူတို့မဟုတ်တဲ့အတိုင်း
    ပေးဆပ်နေတဲ့ကလေးတွေကိုအားမနာ မစာနာကြဘူးလေ

    ReplyDelete
  6. good morning all clickers

    ReplyDelete
  7. June 25 Click ♥

    ReplyDelete
  8. ဒီမိုကရေစီ စျေးကြီးလွန်းတယ်

    ReplyDelete
  9. 🙂 ကြားဘူးတာပါ ...

    @ ကျနော်ငယ်ငယ်က ...
    လူကြီးသူမပြောတာ
    မှတ်သားခဲ့ဘူးတယ်
    ဆိုရှယ်လစ်ခေတ်ကပေါ့
    အရင်ဆုံး တရုပ်ကစတာ
    ဟိုတုံးကလည်း တရုပ်အားကိုး
    ဒီနေ့ထက်ထိလည်း တရုပ်အားကိုး၊

    @ အလံတိုင်တစ်ခု ...
    ထိပ်ဆုံးမှာ ဆိုရှယ်လစ်အလံ
    အလံဆိုတာ အောင်မြင်မှုပန်းတိုင်
    " မော်စီတုံး"၊တရုတ်ခေါင်းဆောင်က
    ထိပ်ဆုံးရောက်နေပြီ၊ အလံယူရုံဘဲ
    ခလယ်လောက်မှာ ...
    " ဦးနေဝင်း"၊ မဆလဥက္ကဌတက်နေတယ်
    အပေါ်ကနေ၊ မော်စီတုံးကလှမ်းပြောတယ်
    " ဟေ့ကောင်နေဝင်း၊ ထပ်မတက်နဲ့တော့"
    အပေါ်မှာ၊ ဘာမှမရှိဘူးတဲ့၊

    @ အခုလည်း ...
    " မအလ"ရေ ဆက်မတက်ပါနဲ့တော့
    အပေါ်မှာ ဘာဆိုဘာမှ မရှိဘူးဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  10. မအလရေမသေနိုင်သေးဘူးလား

    ReplyDelete
  11. 😃 လှည့်ကွက် ...
    # Credit !
    Real True Man
    လပ်တီးကို လျှော့မတွက်လေနဲ့။

    ဥကရစ်ထမှာ စစ်ကူရောက်တဲ့ပုံဆိုပြီး Online မှာ တက်လာတုန်းက ခြင်းကျားနဲ့။ ဟော… MRTV, မြဝတီမှာလည်း လွှင့်ရော ဟက်ချလောင်းဆိုပြီး ခြင်းကျားကနေ ကျောပိုးအိတ် ဖြစ်သွားရော။

    ပြောပါတယ်
    လပ်တီးကို လျှော့မတွက်နဲ့
    ဖိုတိုရှော့လည်း တတ်တယ်။

    😁

    ReplyDelete
  12. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 ပြည့်အင်အား ...

    @ ပဏာတင့်လှတဲ့ ...
    ဧရာဝတီတိုင်း အဝိုင်းကြီးတစ်ခုမှာ
    " ပြည့်အင်အားသည် ...
    ပြည်တွင်းမှာဘဲရှိသည် "တဲ့
    မှန်ပါသည် ...
    " ရိုးသားကြိုးစား၊ဧရာဝတီသား"များ၏
    ပြည်ချစ်အားသည် တိုင်းအတွင်းမှာပင်၊

    @ ဤပြည်ချစ်အားကြောင့် ...
    တစ်ချို့ အသက်စတေးခဲ့ရ၏
    တစ်ချို့ ဘယ်ဆီဘယ်ဝယ်ထောင်ထဲမှာ
    တစ်ချို့ စစ်ကြောရေးမှာနှိက်စက်ခံဘဝ
    တစ်ချို့ လက်နက်ကိုင်နေရ
    စသည်စသည်ဖြင့်၊

    @ ထို့ကြောင့် ...ထို့ကြောင့် ...
    ဤအရာများ၊အလကားမဖြစ်ရလေအောင်
    မင်းတို့ ငါတို့ ... ကလစ်နှိပ်ကြစို့။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  16. Jul 19 Click ♥

    ReplyDelete
  17. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  19. ဒီလိုအသက်တွေဘဝတွေရင်းရတဲ့
    ပြည်တွင်းစစ်တွေဘယ်သူ့ကိုမှမကြုံစေချင်တော့တာ

    ReplyDelete
  20. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  22. တော်လှန်ရေးဟာ စျေးကြီးလွန်းတယ်

    ReplyDelete
  23. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  24. 🌸🌸🌸🍃🍃🍃

    ReplyDelete
  25. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  26. ဈေးကြီးလွန်းပါတယ်။ အဲ့တာ မသိကျိုးကျွံပြုပြီး နန်းရက်တဲ့ သူငယ်ချင်းအရင်းကြီးတွေကို

    ReplyDelete
    Replies
    1. မုန်းတယ် မသာမကြီးတွေ ငါသတိရနေတယ် နင်တို့ကို 😭😭
      အားကိုးစရာယောက်ျားလည်းရှိ၊ သားလည်းရှိ
      ပစ္စည်းလည်းရှိတယ်။ ဘာကိုကြောက်နေတာ။🙄😒

      Delete
  27. 🥷 လေးစားရတဲ့
    ရွှေမြန်မာနိုင်ငံရှိ
    EROs,PDF,LPDF,UGနဲ့
    သပိတ်တော်လှန်ရေးအင်အားစုများ
    ခင်ဗျား ...

    ၁.အသက်မသေရေး အဓိက
    ၂.လုံခြုံရေး ပထမ
    ၃. Mission အောင်မြင်ရေး ဒုတိယ

    လေးစားစွာဖြင့်
    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 စကားရှာမတွေ့ ...

    @ ရဲဘော်လေးပြောသွားတာကို ...
    တစ်ချက်ချင်း၊တစ်ချက်ချင်းစဉ်းစား
    လူဆိုတာ ဦးနှောက်ရှိပြီးသား ...
    တွေးကြည့်ရင်၊အဖြေပေါ်ပါတယ်
    ဒါကိုအမှားဘက်က ...
    ဇွတ်မှိတ်ပြီး ရပ်တည်ခဲ့ရင်
    ကိုယ့်သမိုင်းကြောင်း မကောင်းနိုင်ဘူး
    ပြောတာပြောနေရတာ ...
    တစ်ခါတစ်လေ မင်းတို့အပြော
    မင်းတို့လုပ်ရပ်တွေကြည့်ပြီး
    ပြောစရာစကားတောင် ...
    ရှာမတွေ့ဘူးဖြစ်နေတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  33. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 💕 ပြောင်းပြန် ...

    @ ကိုယ်ထားသလောက် ...
    ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
    ကိုယ်လုပ်သလောက် ...
    ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  36. တော်လှန်ရေးဟာ စျေးကြီးတယ် တဲ့
    မှန်တာပေါ့
    တော်လှန်ရေးကစျေးကြီးသလို
    သေမင်းကလည်း အကောင်းကြိုက်လွန်းတယ်
    မျက်နှာလိုက်ပြီး မတရားလိုက်ပုံများ🙃

    တန်ဖိုးရှိတဲ့ ငါတို့ပြည်သူတွေရဲ့အသက်တွေကြွေတိုင်း
    ခန္ဓာတွေစုတ်ပြတ်တိုင်း
    အမှားမလုပ်ထားပဲနဲ့ ထိတ်လန့်နေရတိုင်း
    ဘုံရန်သူကို အပြတ်ခြေမွပစ်ရမယ်ဆိုတဲ့အသိက ပိုပိုသေချာပြီး ခိုင်မာလာတယ် ...✊🍀✌️🕊️

    ReplyDelete
  37. 🥷 မလွဲဧကန် ...

    @ ဘာသာရေးကိုခုတုံးလုပ် ...
    ပြည်သူကို ဂုတ်သွေးစုပ်
    ပြည်သူ့လစာ ထမင်းလုပ်ပြီး
    ပြည်သူကို ပြန်သတ်နေမှတော့
    ဇက်ပိုးနင့်ပြီး ...
    မကြာခင်သေဇတ်ခင်းရမှာ
    မလွဲဧကန်ပေါ့ မအလတစ်သိုက်ရေ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  38. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  39. တို့နိုင်ငံရဲ့ democracy ကပေးဆပ်ရတာများလွန်းတယ်

    ReplyDelete
  40. ငါက​တော.အခုထက်ထိ​ပျော်ရွှင်မူဆိုတာငါနဲ.မဆိုင်သလို​နေတုန်းပဲ

    ReplyDelete
  41. တလရက ဈေးကြီးလွန်းတယ်

    ReplyDelete
  42. လွတ်လပ်ခြင်းများ လွမ်းဆွတ်လို့❗️

    ReplyDelete
  43. လူသားမဆန်တဲ့ လူသားတချို့ကြောင့်
    သောကပင်လယ်ဝေကြရတယ် 💔

    ReplyDelete
  44. New day ❤️ New hope

    ReplyDelete
  45. New day ❣️ New hope

    ReplyDelete
  46. New day 💖 New hope

    ReplyDelete
  47. New day 💓 New hope

    ReplyDelete
  48. New day ❤️ New hope

    ReplyDelete
  49. New day ❤️ New hope

    ReplyDelete
  50. New day ❤️ New hope

    ReplyDelete
  51. New day 💞 New hope

    ReplyDelete

Post a Comment