ကြင်စိုးကိုင်မိသော ယပြွတ်တချောင်း

 ကြင်စိုးကိုင်မိသော ယပြွတ်တချောင်း

—————————————————-


photo credit

ARNs_Revolutionary_Art_Program 

သရော်စာကဏ္ဍ 

မောင်နွေဦး (ဥတ္တရမဲဇာ)

မောင်နွေဦး ဘဝကလည်း ဆိုးသား။ 

ခေတ်ပျက်ထဲလူဖြစ်လာရတော့ ထောင်ဆိုတဲ့ လူ့ငရဲခန်းထဲ ဖြတ်ခဲ့ရသေး။ 

ဇတ်ပို့ ဇတ်ရံမဟုတ်ခဲ့ပေမင့် ထောင်တွင်းဖြတ်လျောက်အဆင့်လောက်ပေါ့။ ထောင်ဆိုတာက မရောက်ဘူးသေးခင်သာ ခပ်လန့်လန့်။ နောက်တော့လည်း ကိုယ့်ပြည်ကိုယ့်ရွာလိုပဲ၊ မန်းတတ်မှုတ်တတ်၊ ကြံတတ်ဖန်တတ်။ ပျော်စရာကောင်းတဲ့ အရပ်မဟုတ်ပေမယ့် ပျော်အောင်နေရတာပဲ။  တော်လှန်ရေးကာလမှာ ညစ်တာတို့၊ လွမ်းတာတို့၊ မကျန်းမာဖြစ်တာတို့ဘာတို့ဆို ကိုယ့်ဘဝ ခွေးစားသွားမှာပဲ။ အဲသည်တော့ မောင်နွေဦးလည်း ခြေကျရာပျော်အောင်နေရတော့တာ။

ထောင်ထဲက ကောင်တွေဆိုတာတကယ့် ငကြပ်တွေ။ နိုင်ငံရေး အုပ်စုကတော့ တစ်ဦးနဲ့ တစ်ဦးလေးစားစွာ စည်းခြားနေကြတယ်ဆိုပေမယ့်လည်း လူငယ်သဘာဝကတော့ ကြုံသလို ကြပ်ချင်။ စခြင်နောက်ချင်။ နည်းနည်းပေါတောတော နိုင်တဲ့ကောင်က ရူးတူးတူးဖြစ်ပြီး၊ ရူးတူးတူး ဖြစ်ခြင်တဲ့ကောင်မျိုး သွက်သွက်ခါသွားမယ်ဆိုတာ အဲလိုနေရာ။ 

မောင်နွေဦးတို့က ဖြတ်လျောက်အဆင့်ဆိုတော့ နေရတော့ အဆောင်မှာ။ လူသတ်မှုကစပြီး မှောင်ရိပ်ခိုမှုအထိ ကိုယ်တွေက အတူနေဖူးတာ။ အဆောင်က လူပေါင်းစုံဆိုတော့ စားရိုက်ပေါင်းစုံ။ စားရိုက်ပေါင်းစုံကြားထဲ ယောက်ကျားတွေကြည့်ဆိုတော့ ပြောမနေနဲ့တော့။ အချို့ကလည်း အပြင်ကဆောင့်ကြွားကြွားစတိုင်က အထဲထိပါသေး။ အဲ့ထဲ ချဲမှုနဲ့ရောက်လာတဲ့ ပေါက်ကြီး ဆိုတဲ့ကောင်က သိတ်အထာမကျ။ ထောင်ကျရုံးထောင်မှုးကို ရေလေးဘာလေး ကမ်းထားနိုင်တော့ ရဲဖက်မထွက်ရ။ အဆောင်သန့်ရှင်းရေးဘာဘာလောက်သာထားပြီး ကွမ်းလေးစားလိုက်၊ ရေနွေးလေးသောက်လိုက်။ ဇိမ်ကိုကျလို့။ ထောင်ထဲ အေးဆေးနေရပေမယ့် ပေါက်ကြီး  ဟောင်ဖွာဟောင်ဖွာလုပ်တတ်တဲ့  အကျင့်ကမပြောက်။ နေရာတကာ သူသိသူတတ် လုပ်ချင်သည်။ တကယ်တော့လည်း ဘာမှ စောက်ဖြစ်ရှိသည့်ကောင်မဟုတ်။ 

“ငါတို့ သူခိုးတွေဆိုတာက ညဆို ကြယ်ရောင်အောက်မှာ မြင်တတ်ရတယ်။ မျက်လုံးထဲ ဓါတ်မီးထည့်ထားသလိုပေါ့”

သူခိုးကြီး အေးနိုင်စကားကြောင့် ပေါက်ကြီး မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။ 

“ မင်းကွာ… လမိုက်ညမှာတောင် သောက်ခလောက်ထဲသော့တုထည့်ပြီးဖွင့်တတ်ရမယ်” သူခိုးကြီး အေးနိုင် စကားအဆုံးမှာ ပေါက်ကြီးက 

“ မင်းကလည်း အဲတာဘယ်လောက်ခက်လို့လည်းကွာ”

“ စောက်ပြောမကြီးနဲ့ပေါက်ကြီး”

“ အော်…မင်းကလည်း ပေါက််ကြီး မလုပ်တတ်တာ ဘာမှမရှိဘူးကွ”

“ တကယ်လား…ဒါဆိုလောင်းမလား။ မင်းမျက်စိပိတ်ပြီး ကြမ်းပြင်ပေါ်က ထောင်ထားတဲ့ ဆေးလိပ်တိုကို လက်နှစ်ချောင်းနဲ့ ( လက်ညှိုးလက်ခလယ်နဲ့) ညှပ်နိုင်သလား”

“ ဒါလေးများ အေးနိုင်ရာ”

သည်လိုနဲ့ အဆောင်ကော်ရစ်ဒါထောင့်ကို ပေါက်ကြီးတို့ ချီတက်သွားသည်။ ထောင့်ရောက်တော့ အေးနိုင် ကြမ်းခင်းပေါ်ဖင်ချထိုင်းပြီး ခြေတောက်နှစ်ခြောင်းကို ခွဲထားသည်။ အလည်မှာတေ့ာ ဆေးလိပ်တို တချောင်း။ ပေါက်ကြီးက မျက်လုံးကို အဝတ်နဲ့စည်းပြီး သည်ဆေးလိပ်တိုကို လက်နှစ်ချောင်းဖြင့်ညှပ်မည်။ 

“ လက်စလေးဘာလေးမှန်းကြည့်အုံးမလား ပေါက်ကြီး”

“ မလိုပါဘူးကွာ ပေါက်ကြီးကွ”

သည်လိုနဲ့ ပေါက်ကြီး မျက်လုံးကို စွတ်ကျယ်နဲ့စည်းလိုက်သည်။ အမှောင်ထဲတွင် ပေါက်ကြီး ဆေးလိပ်တိုရှိရာသို့မှန်းပြီး လက်ညိုးနှင့် လက်ခလယ်ကို ကပ်ကြေးတခုလို ဆပြီးညှပ်လိုက်သည်။ ပျော့စိစိ အရာတခုကိုညှပ်မိသဖြင့် ပေါက်ကြီးလန့်သွားသည်။ လက်ကိုနောက်ပြန်ဆုတ်မိသည်။ ရှေ့တိုးပြီး ထပ်ညှပ်ပြန်သည်။ ဆေးလိပ်တိုက ခပ်မာမာ ကျစ်ကျစ် မဖြစ်နေပဲ ပျော့စိစိနှင့်။ ဘေးကရပ်ကြည့်နေသူများထံမှ ကြိတ်ရီသံတချို့ကြားရသည်။ ပေါက်ကြီး ခေါင်းနပန်းကြီးသွားသည်။ သူလွယ်မည်ထင်လို့လုပ်ခဲ့တာ ထင်သလို မလွယ်မှန်းသိသွားပေမင့် နောက်ကျခဲ့ပြီ။ သူညှပ်ထားသည်က ဆေးလိပ်တိုတော့ မဟုတ်။ ဒါဆိုဘာဖြစ်မည်နည်း။ သူမျက်လုံးဖွင့်ကြည့်သည်နှင့် အေးနိူင်သူ့ကိုဟားတိုက်တော့မည်။ ဝိုင်းကြည့်နေသူများဟားကြမည်။ သူခံလိုက်ရတာကို ပြောမဆုံးပေါင်ဖြစ်ကြမည်။ မျက်စိစည်းကို ပိတ်ထားလို့လည်းမရ၊ ဖွင့်ထားလိုက်ပြန်ရင်လည်း အရှက်ကွဲမည်။တကယ် စညှပ်မည်ဆိုတော့ သူခိုးကြီးအေးနိုင်က ဆေးလိပ်တိုကိုဖယ်ပြီး ပုဆိုးကိုလှန်၊ သူလပြွတ်ကို ဆေးလိပ်နေရာတွင် အောက်စိုက်ထားခြင်းဖြစ်သည်။ သို့ကြောင့်လည်း ပေါက်ကြီးညှပ်မိသည့်အရာက ပျော့စိစိဖြစ်နေခြင်းဖြစ်သည်။ 

ခုလည်း မလုပ်ရဲတာ ဘာမှမရှိ၊ မလုပ်တတ်တာ ဘာမှမရှိဆိုသော ကြင်စိုး တယောက် လပြွတ်ကိုင်မိနေပြီ။ အတ္တကြီးသော ငမိုက်သား ကြင်စိုးကြောင့် တပြည်ထောင်လုံး အပူသောကတွေ၊ ဒေါသမီး၊ သောကမီးတွေ တောက်လောင်ခဲ့ရပြီ။ ဘဝပျက်ရတဲ့ပြည်သူတွေများသလို အသက်ပျောက်ခဲ့ရတဲ့သူတွေလည်းမနည်း။ သာမန် အပြစ်မဲ့ပြသည်သူတွေလည်း သေဆုံးရသလို တိုက်ပွဲဝင် ပြည်သူတွေလည်း အသက်ရင်းခဲ့ရပြီ။ ငမိုက်သား ကြင်စိုးရဲ့ နောက်မြီးဆွဲ စစ်သားထောင်ချီနှင့် ဒလန်ဆိုရာပေါင်းများစွာရဲ့ အသက်သွေးများစွာ ဖင်ခုထိုင်ရင်း ကြင်စိုးနှင့် မိသားစု ကြွယ်ဝနေကြပြီ။

ပေါက်ကြီးကိုင်မိသော လပြွတ်လို ကြင်စိုးလည်း လပြွတ်ကိုင်မိနေလေပြီ။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက နှစ်ဖက်လုံးမှာရှိသည်။ ကိုယ်တွေဖက်က ထောက်ပံတာတွေ လှုတာတွေလျော့လို့မရ။ အချိန်ရသလို ကလစ်ကြရင်း လူငယ်တွေ အသက်ပေး ဘဝတွေပေးရင်း တိုက်ပွဲဝင်နေကြတာကို ကိုယ်တွေက ဓနအင်အား၊ နည်းပညာအင်အား ဖြင့် ပူးပေါင်းကြပါစို့။

မောင်နွေဦး ( ဥတ္တရမဲဇာ)

Comments

  1. 🗣 Toxic-like words🙅

    -👨‍👩‍👧‍👦The human race could not survive on its own, so it survived among family, friends, and community👨‍👨‍👧‍👧

    -🗣In society, friends, family,for words are the main means of communication🗣

    -🗣Words can be poisonous and can kill people,Words can ruin a friendship, and word choices can lead to quarrels the more you talk unnecessarily, the more toxic it becomes.✖

    -🗣There is even a saying, "Say a few words and do a lot of work."

    the downside is that the Myanmar language is very broad and can have many meanings,this is why the meaning may be different when you hear the message, not directly.🗣

    🗣When a person opens his heart to trust one another, that trust should not be abused and must be maintained,This is morality and trust among human beings✅

    -✅ I wrote a long letter, but there was only one reason I wanted to say it

    -Do not confuse word , do not abuse trust,Avoid talking about other people in secret without his permission. Be ethical.💕 Please stop by saying that others behind bad in secret,If you like other existence people, try to be like them✌✌

    __Don't miss much before we meet again,Don't give up
    We win unless we give up.💪

    ............❤Htet.........

    ReplyDelete
  2. မျက်စိနှစ်လုံးပွင့်တာနဲ့Click link ,appအကုန် Clickတာပါ

    ReplyDelete
  3. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီကြပါဦးနော်❤️🙏💪💪💪🤜🤛

    ReplyDelete
  4. အာဏာရှင်စံနစ်ကျဆုံးပါစေ

    ReplyDelete
  5. June 25 Click ♥

    ReplyDelete
  6. ကြင်စိုးကိုင်မိသောယပြွတ်😂😂😂

    ReplyDelete
  7. 🙂 ကြားဘူးတာပါ ...

    @ ကျနော်ငယ်ငယ်က ...
    လူကြီးသူမပြောတာ
    မှတ်သားခဲ့ဘူးတယ်
    ဆိုရှယ်လစ်ခေတ်ကပေါ့
    အရင်ဆုံး တရုပ်ကစတာ
    ဟိုတုံးကလည်း တရုပ်အားကိုး
    ဒီနေ့ထက်ထိလည်း တရုပ်အားကိုး၊

    @ အလံတိုင်တစ်ခု ...
    ထိပ်ဆုံးမှာ ဆိုရှယ်လစ်အလံ
    အလံဆိုတာ အောင်မြင်မှုပန်းတိုင်
    " မော်စီတုံး"၊တရုတ်ခေါင်းဆောင်က
    ထိပ်ဆုံးရောက်နေပြီ၊ အလံယူရုံဘဲ
    ခလယ်လောက်မှာ ...
    " ဦးနေဝင်း"၊ မဆလဥက္ကဌတက်နေတယ်
    အပေါ်ကနေ၊ မော်စီတုံးကလှမ်းပြောတယ်
    " ဟေ့ကောင်နေဝင်း၊ ထပ်မတက်နဲ့တော့"
    အပေါ်မှာ၊ ဘာမှမရှိဘူးတဲ့၊

    @ အခုလည်း ...
    " မအလ"ရေ ဆက်မတက်ပါနဲ့တော့
    အပေါ်မှာ ဘာဆိုဘာမှ မရှိဘူးဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  8. 😃 လှည့်ကွက် ...
    # Credit !
    Real True Man
    လပ်တီးကို လျှော့မတွက်လေနဲ့။

    ဥကရစ်ထမှာ စစ်ကူရောက်တဲ့ပုံဆိုပြီး Online မှာ တက်လာတုန်းက ခြင်းကျားနဲ့။ ဟော… MRTV, မြဝတီမှာလည်း လွှင့်ရော ဟက်ချလောင်းဆိုပြီး ခြင်းကျားကနေ ကျောပိုးအိတ် ဖြစ်သွားရော။

    ပြောပါတယ်
    လပ်တီးကို လျှော့မတွက်နဲ့
    ဖိုတိုရှော့လည်း တတ်တယ်။

    😁

    ReplyDelete
  9. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 ဝမ်းနည်းမိပါသည် ...

    @ အရင်နဲ့မတူ ...
    တမူထူးခြားသည် ဒို့ဧရာဝတီ
    ကွမ်းမန်းဘဲမိလေသလား ...
    မကွဲပြားတဲ့ ဧရာဝတီ
    တငုတ်တုတ်တုတ်နဲ့ ...
    ရာဇဝင်ဖျက်တော့မလား ဧရာဝတီ
    ရေငုံနှုတ်ပိတ်နဲ့ ...
    လှုပ်မရတော့ဘူးလား ဧရာဝတီ
    ဒလန်တွေများ ...
    ဝေလေလေဘဲလား၊ ဘာသာတရားလား
    စဉ်းစားမရတော့တဲ့ ဒို့ဧရာဝတီ
    ဝမ်းနည်းမိပါသည်။

    စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 လောက ...

    @ ‌အော် ...
    ‌ လောကကြီးမှာ
    အမှားအမှန်မသိတဲ့သူတွေနဲ့
    ခဏအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေနဲ့
    ဝေလေလေကြိုက်တဲ့သူတွေနဲ့
    တွေနဲ့တွေနဲ့ဆိုတဲ့သူတွေများလာရင် ...
    ဒီလောကကြီး ပျက်စီးပြီ။

    စစ်မင်းထက်သာ

    ReplyDelete
  12. ဗိုလ်ယုတိတွေမျိုးပြုတ်ဖို့များများကလစ်ကြမယ်

    ReplyDelete
  13. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  14. Jul 19/ Click ♥

    ReplyDelete
  15. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  19. ကြင်စိုးကိုင်မိသော ယပြွတ်တချောင်

    ReplyDelete
  20. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  21. စစ်မှန်သောမေ တ္တာ ရရှိပါစေ

    ReplyDelete
  22. 🥷 အားနာမိတယ် ...

    @ ကမ္ဘာ့အရည်အချင်းနဲ့ ...
    ပြည့်စုံပြီး မိသားစုနဲ့ခွဲ
    အနစ်နာခံခဲ့တဲ့ အမေအိုကို
    ထောင်ထဲထဲ့ထားတာ
    အားနာမိတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  23. နေကောင်းလား အဆင်ပြေလား

    ReplyDelete
  24. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 စကားရှာမတွေ့ ...

    @ ရဲဘော်လေးပြောသွားတာကို ...
    တစ်ချက်ချင်း၊တစ်ချက်ချင်းစဉ်းစား
    လူဆိုတာ ဦးနှောက်ရှိပြီးသား ...
    တွေးကြည့်ရင်၊အဖြေပေါ်ပါတယ်
    ဒါကိုအမှားဘက်က ...
    ဇွတ်မှိတ်ပြီး ရပ်တည်ခဲ့ရင်
    ကိုယ့်သမိုင်းကြောင်း မကောင်းနိုင်ဘူး
    ပြောတာပြောနေရတာ ...
    တစ်ခါတစ်လေ မင်းတို့အပြော
    မင်းတို့လုပ်ရပ်တွေကြည့်ပြီး
    ပြောစရာစကားတောင် ...
    ရှာမတွေ့ဘူးဖြစ်နေတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  32. 💕 ပြောင်းပြန် ...

    @ ကိုယ်ထားသလောက် ...
    ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
    ကိုယ်လုပ်သလောက် ...
    ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  33. ဒီအကြိမ်မှာ တစ်ခါတည်း အပြတ်ချရမယ် ✊🍀

    ReplyDelete
  34. 🥷 မလွဲဧကန် ...

    @ ဘာသာရေးကိုခုတုံးလုပ် ...
    ပြည်သူကို ဂုတ်သွေးစုပ်
    ပြည်သူ့လစာ ထမင်းလုပ်ပြီး
    ပြည်သူကို ပြန်သတ်နေမှတော့
    ဇက်ပိုးနင့်ပြီး ...
    မကြာခင်သေဇတ်ခင်းရမှာ
    မလွဲဧကန်ပေါ့ မအလတစ်သိုက်ရေ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  35. နေ့စဉ်အလုပ်တွေထဲ clickက မပါမဖြစ်ပါပဲ။💪

    ReplyDelete
  36. ဖိုက်တင်း ကော့ကရိတ် 💪

    ReplyDelete
  37. 🙂 တစ်ခါတစ်လေ ...

    @ တစ်ခါတစ်လေ ...
    ကိုယ့်အစိုးရကိုအားမရဘူး
    အမြန်နိုင်ချင်လို့၊

    @ တစ်ခါတစ်လေ ...
    လက်နက်မပြည့်စုံတာအားမရဘူး
    မြို့တက်သိမ်းချင်လို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ပြည်သူကိုအားမရဘူး
    သွေးအေးသွားပြီလားလို့၊

    @ တစ်ခါတစ်လေ ...
    EROsတွေကိုအားမရဘူး
    ဖက်ဒရယ်စံနစ်ကြာမှာစိုးလို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ကိုယ်ကိုယ်အားမရဘူး
    ဒီထက်မလုပ်ဆောင်နိုင်သေးလို့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  39. 🙂 သနားတယ် ...

    @ ကုန်ဈေးနှုန်းတွေတက် ...
    အလုပ်အကိုင်ရှားပါး,ဝင်ငွေနဲ
    ဘဝတွေမလုံခြုံတဲ့ပြည်သူတွေကို
    သနားတယ်။
    @ ရုံးမတက်နဲ့ရုန်းထွက် ...
    ငါတို့ပြည်သူတွေကျွေးမယ်
    ထောင်ထဲရောက်သူတွေရောက်
    အဝေးပြေးသူပြေး,ဘဝပျက်သူပျက်တဲ့
    CDMသမားတွေကိုသနားတယ်။
    @ နိုင်ငံအရေး ဒို့အရေး ...
    အာဏာရှင်စံနစ်ချုပ်ငြိမ်းရေး ဒို့အရေး
    ငြိမ်းချမ်းစွာနေခဲ့ရတဲ့ ဒို့GeneZတွေ
    လက်နက်ကိုင်တော်လှန်နေရတာတွေကို
    သနားတယ်။
    @ ဖက်ဒရယ်အရေး ဒို့အရေး ...
    အာဏာရှင်စံနစ် တိုက်ဖျက်ပြစ်
    ကြွေးကြော်လှုပ်ရှား,ဒုက္ခတွေဝေနေတဲ့
    ပြည်သူ့အစိုးရကိုလည်းသနားတယ်။
    @ တောင်မင်းကိုလည်း ...
    မြောက်မင်းမကယ်နိုင်
    ကယ်သူတွေက တစ်ငိုင်ငိုင်နဲ့
    လေးလံထိုင်းမှိုင်း တွေဝေနေရင်တော့ဖြင့်
    တိုင်းပြည်ပျက်ရခြေသေး။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  40. 🏇 ငါ့မြင်းငါစိုင်း
    စစ်ကိုင်းရောက်ရောက် ...

    @ အလကားထားခဲ့တဲ့စကားမဟုတ် ...
    ပညာရှိသတိဖြစ်ခဲဆိုပေမယ့် လူ လူ
    လူဆိုတဲ့အရာမို့ လူလိုစဉ်းစားဘို့တော့
    လိုလိမ့်မည် လိုပါလိမ့်မည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  41. အော့အော့ဒွေ😏

    ReplyDelete
  42. New day 💞 New hope

    ReplyDelete
  43. New day 💖 New hope

    ReplyDelete
  44. New day ❤️ New hope

    ReplyDelete
  45. New day ❤️ New hope

    ReplyDelete
  46. New day 💕 New hope

    ReplyDelete
  47. New day ❤️ New hope

    ReplyDelete
  48. New day 💖 New hope

    ReplyDelete
  49. New day 💕 New hope

    ReplyDelete
  50. New day 💕 New hope

    ReplyDelete
  51. Good days are coming 😊

    ReplyDelete
  52. Good days are coming 😊

    ReplyDelete

Post a Comment