ဘယ်ကောင်သေရဲလဲ

 “ဘယ်ကောင်သေရဲလဲ”

***********************

မောင်အာကြီးသရော်စာကဏ္ဍ

ARNs_Revolutionary_Art_Program 



ဆန္ဒပြတုန်းက လက်နက်ဆိုလို့

အပ်တိုတစ်ချောင်းပင်မပါတဲ့

ပြည်သူတွေကို သေနတ်ကြီးတကားကား

ဖိနှိပ်တုန်းကတော့

ဘာတဲ့

"" ဘယ်ကောင်သေရဲလဲ""ဆိုပြီး

ပြည်သူ့ကျွေးတာစားပြီး လူမိုက်စကားပြောတဲ့

မိုက်သွေးကြွခဲ့တဲ့ ရခ စခ တွေ

အိမ်မှာနေရင် ဘယ်သူမှမပစ်ဘူးဆိုပြီး

အားပေးအားမြှောက်ပြုခဲ့တဲ့

ပန်းနုသွေးတွေ...၊


မင်းတို့ လပ်တီးထဲ 

မျက်ရည်မစဲတသည်းသည်းဆို

မင်းတို့ကိုးကွယ်တဲ့ မင်းတို့အဘကတော့ 

ဝတ်ကောင်းစားလှလေးဝတ်ပြီး

မင်းတို့တော့ ခွေးသေဝက်သေ

သေချင်သလိုသေ၊ ထောက်ပို့လည်းမလာ 

စစ်ကူမပေး သေသော့ဘိုးမှာ မင်းတို့

အဘလေးတွေ မြေသြဇာဖြစ်တာ 

မျက်စိတပ်အပ်မြင်တယ်မလား၊


အေးပြောဦးမယ်

မင်းတို့ ကျွန်အောက်က သဘောက်သာသာ

ဘဝမှာ ဝါးလုံးတန်းခံတပ်နဲ့ ခုခံမယ်ပေါ့

လူရွှင်တော်များ ပြောသလို ဂျပန်ခေတ်က

ငါတို့အဖွား ဂျပန်စစ်တပ်တစ်ခုလုံး ခုခံခဲ့တာ

ဘာနဲ့လဲလို့မေးတော့ ခေါင်းအုံးနဲ့တဲ့

ဂေါင်းကြီးတို့ ခေါင်းသုံးခေါင်းသုံးပြောနေတာ

ဂျွမ်းချည်းလှိမ့်မထိုးနေနဲ့....။


တခါက မင်းတို့အဘပြောသလို

ရွှေလက်နဲ့ခေါ်လို့မလာရင် ဘူးလက်နဲ့ခေါ်မယ်


'' ဘယ်ကောင်သေရဲလဲ'''


မောင်အာကြီး

#R #S

Comments

  1. We must Win
    The Winner take its all.....

    ReplyDelete
  2. 💪💪💪💪✊

    ReplyDelete
  3. ကျွန်စိတ်မကုန်ကြသေးဘူး စခရခ

    ReplyDelete
  4. ရှက်စရာကောင်းပြန်ပြီ မိဧရာရယ် 😪😪😔

    ReplyDelete
  5. 💪💪💪💪💪💪🧑‍💻🧑‍💻🧑‍💻🧑‍💻🧑‍💻🧑‍💻💟💕💖💖

    ReplyDelete
  6. 💪💪💖💖💖💖💖💕💕💕💖💖💖💖💪💪💪

    ReplyDelete
  7. ဒီနေ့နဲနဲနောက်ကျသွားတယ် Game တွေဝင်ဆော့ပေးနေရလို့ပါ💪💪💪

    ReplyDelete
  8. ပြည်သူတွေက သေရဲ သတ်ရဲသွားပါပြီ။အဲဒိမအိမ်လုံးတွေကတော့ မသေရဲပါဘူး။

    ReplyDelete
  9. ဆန္ဒပြတဲ့အထဲ မပါဘူး ဆန္ဒပြတဲ့သာတွေဘေးကင်းပါစေ ဆုတောင်းလိုက်ရတာအမော

    ReplyDelete
  10. ဘယ်ကောင်သေရဲလဲ

    ReplyDelete
  11. June 18/ click♥

    ReplyDelete
  12. စစ်ပွဲ့ကမြို့ထဲဝင်လာချေပီ

    ReplyDelete
  13. Fighting 💪💪💪💪💪

    ReplyDelete
  14. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 ငြိမ်းချမ်းတိုးတက်ရေး ...

    @ မင်းနဲ့ငါ ...
    မိတ်ဆွေမဟုတ်ပေမယ့်
    ရန်သူတော့မဟုတ်
    တစ်မိုးအောက်ထဲနေလို့၊

    @ မင်းနဲ့ငါ ...
    အဖြူအမဲ ကွဲလွဲနေပေမယ့်
    ငြိမ်းချမ်းရေးလမ်း
    လျှောက်ချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    တိုက်တာချင်း မတူပေမယ့်
    တိုးတက်စေချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    ဘက်ချင်းမတူပေမယ့်
    ဓမ္မဘက်ချင်း တူလာရင်တော့
    အမြန်ငြိမ်းချမ်းတိုးတက်လာမှာ
    အမှန်ပေါ့။

    စစ်မင်းထက်သာ🙂 ငြိမ်းချမ်းတိုးတက်ရေး ...

    @ မင်းနဲ့ငါ ...
    မိတ်ဆွေမဟုတ်ပေမယ့်
    ရန်သူတော့မဟုတ်
    တစ်မိုးအောက်ထဲနေလို့၊

    @ မင်းနဲ့ငါ ...
    အဖြူအမဲ ကွဲလွဲနေပေမယ့်
    ငြိမ်းချမ်းရေးလမ်း
    လျှောက်ချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    တိုက်တာချင်း မတူပေမယ့်
    တိုးတက်စေချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    ဘက်ချင်းမတူပေမယ့်
    ဓမ္မဘက်ချင်း တူလာရင်တော့
    အမြန်ငြိမ်းချမ်းတိုးတက်လာမှာ
    အမှန်ပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🙂 လောက ...

    @ ‌အော် ...
    ‌ လောကကြီးမှာ
    အမှားအမှန်မသိတဲ့သူတွေနဲ့
    ခဏအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေနဲ့
    ဝေလေလေကြိုက်တဲ့သူတွေနဲ့
    တွေနဲ့တွေနဲ့ဆိုတဲ့သူတွေများလာရင် ...
    ဒီလောကကြီး ပျက်စီးပြီ။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 ဦးညွှတ်အလေးပြုပါ၏ ...

    @ ကျောက်ခေတ်ဖြစ်ဖြစ် ...
    မှောက်ခေတ်ဖြစ်ဖြစ်
    ဘယ်ခေတ်ဖြစ်ဖြစ်
    " မသမာသူလူတစ်စု "
    ဆိုတာရှိခဲ့တယ်၊
    အဲ့ဒီလူတွေကြောင့်ဘဲ ...
    နိုင်ငံရဲ့လူတော်လူကောင်းတွေ
    နိုင်ငံရဲ့အနာဂါတ်တိုးတက်မှုတွေ
    အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်
    " အာဇာနည် " အသီးသီးအား ...
    ဦးညွှတ်အလေးပြုပါ၏။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 ပွင့်လင်းမြင်သာတဲ့ ...
    ဒီခေတ်ကြီးထဲမှာ၊အကောင်းနဲ့အဆိုး
    လိုချင်မက်မောမှုနှင့်ပေးဆပ်လိုက်ရမှု
    လုပ်ချင်တာနဲ့လုပ်သင့်တာဆိုတာရှိတယ်
    အများကြီးစဉ်းစားရတယ် ...
    အများကြီးလည်းစဉ်းစားသင့်တယ်‌။

    စစ်မင်းထက်သာ

    Photos - Credit !

    ReplyDelete
  20. 🥷 Sitt Min SaysAugust 1, 2022 at 8:26 PM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  21. 🥷 တွေးကြည့်ကြပါ ...

    @ လူ့လောကမှာ ...
    ဘက်၂ဘက်ရှိတယ်
    အကောင်းနဲ့အဆိုး ...
    လက်ဖဝါးနဲ့လက်ဖမိုး
    အဖြူနဲ့အမဲ
    ဓမ္မနဲ့အဓမ္မ
    စသည်ဖြင့်၊

    @ လောကသဘာဝအရလည်း ...
    အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပြည်သူ
    အာဏာရှိသူနဲ့အာဏာမဲ့သူ
    ပါဝါရှိသူနဲ့ ပါဝါမဲ့သူ
    စသည်ဖြင့်၊

    @ အဲ့ဒီမှာပြဿနာစတော့တာဘဲ ...
    အုပ်ချုပ်သူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    အာဏာရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    ပါဝါရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    နောက်တစ်ဖွဲ့က ..
    အုပ်ချုပ်ခံပြည်သူကို ဝန်းရံတဲ့အဖွဲ့
    အာဏာမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    ပါဝါမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    စသည်ဖြင့်၊

    @ တွေးကြည့်ရအောင် ...
    ဘက်ဆိုတာ ၂ဘက်ရှိတော့
    တစ်ဘက်က ဓမ္မဆိုလျှင်
    တစ်ဘက်က အဓမ္မပေါ့၊

    @ သင်ရော ...
    ဘယ်ဘက်က ပါနေပြီလဲ ?
    ဘယ်ဘက်က ပါသင့်သလဲ ?
    အလကားလူတော့ မဖြစ်ပါစေနဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. “ဘယ်ကောင်သေရဲလဲ”

    ReplyDelete
  23. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  24. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 စကားရှာမတွေ့ ...

    @ ရဲဘော်လေးပြောသွားတာကို ...
    တစ်ချက်ချင်း၊တစ်ချက်ချင်းစဉ်းစား
    လူဆိုတာ ဦးနှောက်ရှိပြီးသား ...
    တွေးကြည့်ရင်၊အဖြေပေါ်ပါတယ်
    ဒါကိုအမှားဘက်က ...
    ဇွတ်မှိတ်ပြီး ရပ်တည်ခဲ့ရင်
    ကိုယ့်သမိုင်းကြောင်း မကောင်းနိုင်ဘူး
    ပြောတာပြောနေရတာ ...
    တစ်ခါတစ်လေ မင်းတို့အပြော
    မင်းတို့လုပ်ရပ်တွေကြည့်ပြီး
    ပြောစရာစကားတောင် ...
    ရှာမတွေ့ဘူးဖြစ်နေတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 ဥပဒေ ...

    🤨 ပြည်သူတွေ ...
    ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
    မထုတ်တဲ့ဥပဒေတွေကို
    မင်းတို့ကိုယ်ကျိုးအတွက် ...
    ဆက်ဆက်ထုတ်နေမယ်ဆိုရင်
    မင်းတို့အာဏာဆုံးရှုံးရုံမက
    မင်းတို့လည်းကျဆုံးရလိမ့်မယ်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  31. သေ ရဲရဲ
    နေ ရဲရဲ ... ဆိုတာ
    ဒို့ အာဇာနည် (PDF)တွေ ... ပဲ

    ReplyDelete
  32. 💕 ကစားကွက် ...

    @ ဒါကြောင့် ...
    ငါတို့လူတွေကိုယုံကြည်အားကိုးတာ
    အောင်စိတ်နဲ့အောင်နိမိတ်တွေ ...
    ငါတို့လူတွေမှာအခိုင်အမာရှိပြီးသား
    ငါတို့Gen-Zတွေဟာ ...
    ဘက်စုံတော်ပြီးအားထားရသလို
    သူ့နေရာနဲ့သူ ကစားကွက်ကလှပြီးသား
    မကြာခင် ... မင်းတို့ ...
    ကျိန်းသေ ကျဆုံးရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  33. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  34. 😥 အောက်တိုဘာ(၂၃),၂၀၂၂ ...

    @ မြန့်မာ့သမိုင်း ...
    မရိုင်းသင့်ဘဲ ရိုင်းခဲ့လေပြီ
    ရန်သူဆိုတာ ...
    သက်ညှာထောက်ထားမှုမရှိသလို
    ငါတို့သည်လည်း ...
    သွေးကြွေးဆပ်ဘို့ အချိန်သင့်ပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🥷 EROs,PDFs,UGsများသို့ ...

    @ စစ်ရေးစစ်ရာမှာလျှို့ဝှက်ရမယ် ...
    မှန်တဲ့နေရာမှန်သလို၊စဉ်းစားရမှာလည်းရှိတယ်၊အဓိကဗျူဟာကျွမ်းဘို့ဘဲ၊
    * အားသာချက်
    ၁.ပြည်သူအားလုံးထောက်ခံထားတယ်
    ၂.အင်အားယ္ခင်ထက်တောင့်တင်းခိုင်မာပြီ
    ၃.ရည်မှန်းချက်အားလုံးတူနေတယ်
    ၄.နယ်မြေကျွမ်းကျင်မှုအားသာနေပြီ
    ၅.စစ်ရေးအတွေ့အကြုံရှိပြီးသား
    * အားနည်းချက်
    ၁.အဖွဲ့ပေါင်းစုံစုစည်းလို့မရသေးဘူး
    ၂.ပြိုင်တူနေရာစုံမထကြွနိုင်သေးဘူး
    ၃.PDFs,UGsလက်နက်မပြည့်စုံသေးဘူး
    ၄.ဦးဆောင်မှု နေရာမမှန်သေးဘူး
    ၅.NUG,CRPHအနီးကပ်မကြီးကြပ်နိုင်သေး
    * ပြင်ဆင်ထားသင့်သောအချက်
    ၁.အဖွဲ့ပေါင်းစုံ စုစည်းထားရမယ်
    ၂.လိုအပ်လက်နက်ဖြည့်ထားရမယ်
    ၃.စစ်မြေပြင်ကျွမ်းကျင်သူဦးဆောင်ရမယ်
    ၄.ခံစစ်မှရန်သူတပ်ရင်း/တပ်ဖွဲ့ထိထိုးစစ်ဖွင့်
    ၅."အရိပ်"ဗျူဟာသုံးရမယ်

    🏇 ကျေးဇူးတင်လေးစားလျှက်
    စစ်မင်း ထက်သာ

    ReplyDelete
  36. 💙❤️👍💜

    ReplyDelete
  37. Victory is here and NOW

    ReplyDelete
  38. New day ❤️ New hope

    ReplyDelete
  39. New day 💕 New hope

    ReplyDelete
  40. New day 💓 New hope

    ReplyDelete
  41. New day ❤️ New hope

    ReplyDelete
  42. Good days are coming 😊

    ReplyDelete

Post a Comment