Morning Greeting

 Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

Good Morning 😀




🙏 ​အစဥ်တစိုက် click ​ပေးကြ​သော မိဘပြည်သူ ၁​ယောက်ချင်းစီတိုင်းကိုc4a Family က ​ကျေးဇူးအများကြီး အများကြီးတင်ပါတယ် ခင်ဗျာ ။ 🙏


Comments

  1. Have a sweet day clickers and admin.🙆‍♀️💞

    ReplyDelete
    Replies
    1. Good morning all clickers🌞✨💐🧡

      Delete
  2. မင်္ဂလာနံနက်ခင်းပါ

    ReplyDelete
  3. ဓမ္မကသာ အနိုင်ရပါစေ။

    ReplyDelete
  4. ညီညာတဲ့ ဧရာ ဖြစ်ပါစေ

    ReplyDelete
  5. 💪💪💪

    ReplyDelete
  6. Good morning 🌞

    ReplyDelete
  7. Love your country.
    Love your children's future.
    Strive for a better life.

    ...........❤️Ko Thit ...........

    ReplyDelete
  8. Good Morning!🤍🌄

    ReplyDelete
  9. Done today click4aya

    ReplyDelete
  10. မင်းကိုချစ်လို့
    click ခဲ့ပြီ...ခလေးရေ

    ReplyDelete
  11. ဗုဒ္ဓေါ၊ဘယ်လိုတွေတုန်း🙄🙄

    ReplyDelete
  12. lovely. click.is more everybody

    ReplyDelete
  13. 💯💪💟🧑‍💻💖🤍💞💕💗💗💕💞🤍💖🧑‍💻💟💪💯

    ReplyDelete
  14. 💗💕💞🤍💖🧑‍💻💟💪💯💓❤️💗💕💞🤍💖🧑‍💻💟💪💯

    ReplyDelete
  15. done by အညတရ

    ReplyDelete
  16. နောက်ကျသွားတယ်💪💪💪

    ReplyDelete
  17. Done💪💪💪

    ReplyDelete
  18. Click ♥ June 23

    ReplyDelete
  19. 🙂 နိုင်ပွဲ ...

    @ ပြည်သူအားလုံး ...
    စဉ်းစားတွေးခေါ်သုံးသပ်ပြီး
    ဓမ္မဘက်ရပ်တည်ဘို့ ...
    ခိုင်မာလာတဲ့ တစ်နေ့
    နိုင်ပွဲ အမြန်ဖြစ်လာမှာ။

    စစ်မင်းထက်သာ

    ReplyDelete
  20. နေ့တိုင်း မပျက်မကွက် click ကြပါ‌

    ReplyDelete
  21. နိုင်ပွဲ နွေဦးနေကြာ

    ReplyDelete
  22. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  23. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  24. အတူတူရှုန်းကျမယ်။ ကလစ်ကျမယ်

    ReplyDelete
  25. နေ့တိုင်းclick & stream, ကြမယ်

    ReplyDelete
  26. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 စစ်မင်းငြိမ်နေတာ ...
    အကောင်းမထင်ကြနဲ့
    ကြောက်လို့လည်းမဟုတ်သလို
    မှုမှာလည်းမဟုတ်ဘူး
    မုန်တိုင်းလည်းတိုက်မယ်
    အတွဲလိုက်လည်းလာမယ်။
    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 အောက်ခြေ ...

    @ အောက်ခြေသည်လည်း ...
    ခိုင်မာဘို့လိုသည့်အတွက်
    အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်
    အောက်ခြေခိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံ
    တည်ဆောက်လို့ရသလို
    အောက်ခြေပိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံကြီး
    တည်မြဲပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 ခံကောင်းနေကြသည် ...

    🥷 ဒေါ်လာဈေးတက်တာ ...
    ကိုယ်နဲ့မဆိုင်ဆိုသူတွေ
    ကိုယ့်ငွေတွေ ဈေးကျနေတာ
    ခံကောင်းနေကြသည်၊
    ကိုယ်လုပ်မှကိုယ်ရတာ ...
    ကုန်ဈေးနှုံး မတရားတက်တော့
    ခံကောင်းနေကြသည်၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  33. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  37. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  39. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete

Post a Comment