ချစ်သောဧရာဝတီအား အမြင်မစောင်းစေချင်ပါ

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၃၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

 ချစ်သောဧရာဝတီအား အမြင်မစောင်းစေချင်ပါ

***************************************



ကျုပ်တို့ ဧရာဝတီသားတွေဟာ ဒီတော်လှန်ရေးမှာ စိတ်ဓာတ်တွေအရမ်းပြင်းပြနေပေမယ့်...

ကိုယ်တော်လှန်ဖြတ်သန်းနေရတဲ့ နယ်မြေဒေသအရ တိုက်စစ်ဆင်လို့မရတဲ့အတွက် အခြားအခြားသောဒေသအသီးသီးတွေသို့ထွက်ပြီး ကျရာနေရာကနေ တိုက်ပွဲဝင်နေကြပါတယ်...

လက်နက်ကိုင် တော်လှန်ရေးကာလကစလို့ ဒီနေ့ဒီချိန်ထိ လက်နက်ကိုင်တိုက်ပွဲဝင်ပြီးကျဆုံးသွားကြတဲ့ ရဲဘော်တွေကို နေရာဒေသ အသီးသီးမှာ စစ်တမ်းကောက်ကြည့်ပါ...ကျုပ်တို့ဧရာဝတီသားတွေ အများကြီး ပါနေတာကိုလည်း အသိအမှတ်ပြုပေးကြပါ...

လက်နက်ကိုင်တော်လှန်ရေး ဖြစ်တဲ့အတွက် တိုက်ပွဲတွေဖြစ်လာခဲ့ရင် အဓိက ထိခိုက်နစ်နာရမှာက နယ်မြေခံပြည်သူတွေပါပဲ...

ဧရာဝတီရဲ့ နယ်မြေဒေသဟာ တိုက်ပွဲဖြစ်ရင် အဖက်ဖက်က အဆုံးအရှုံးတွေ များလွန်းမှာဖြစ်တဲ့အပြင် မြို့နယ်တိုင်းလိုလို စခ အင်အားအမျာအပြား တပ်စွဲရာဒေသလည်း ဖြစ်ပါတယ်

ဒီအားနည်းချက်တွေကြောင့်ပဲ ဒလန်တွေပေါတဲ့ တိုင်းဆိုပြီး နာမည်ကြီးနေရသလို...တကယ်လည်း စခ တွေ ရခ တွေရဲ့ ဒလန်တွေ ကြီးစိုးရာ​ နေရာဒေသ တစ်ခုလည်း ဖြစ်နေခဲ့ပါတယ်...

ခုလိုဧရာဝတီမှာ အခက်အခဲပေါင်းစုံနဲ့ အဖက်ဖက်က တိုက်ပွဲအတွက် ပြည့်စုံမှုမရှိနေသေးတဲ့အချိန်မှာ “လုပ်လို့ရတဲ့နေရာ လုပ်လို့ရတဲ့အချိန်တိုင်းမှာ အခွင့်ရေးရရင်ရသလို” တိုက်ပွဲဝင်နေကြတဲ့ တိုင်းတွင်းရှိ PDF လေးတွေ/ UG တွေ/ STF တွေကို အားပျက်စေမယ့် စကားမျိုးတွေ မပြောကြပါနဲ့လို့ တောင်းဆိုပါရစေ...

သမိုင်းအဆက်ဆက်မှာ ဧရာဝတီသည် ဘယ်တုန်းကမှ သွေးနည်းခဲ့ကြတဲ့သူတွေမဟုတ်ခဲ့ကြပါ..ဧရာဝတီကသွေးတွေ အချင်းချင်းပေါင်းစည်းပေးကြပါ...တခြားသူတွေရဲ့ စကားတွေနဲ့ လမ်းမဆုံးကြပါနဲ့ဗျာ...

ဧရာဝတီဟာ သူရဲကောင်းတွေပေါတဲ့ တိုင်းတစ်ခုဆိုတာကို သက်သေပြနိုင်ဖို့ အချင်းချင်းစည်းလုံးပေးကြပါ...တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါ...

ပြောပါ..

ခင်ဗျားတို့ပြောသလိုလည်း ကျွန်တွေပေါတဲ့တိုင်း ဒလန်တွေပေါတဲ့တိုင်းတစ်ခုဆိုတာအမှန်ပါပဲဗျာ

ဒါပေမယ့် ​ခင်ဗျားတို့ကြိုက်သလိုပြောဆိုလုပ်ပြီးသွားကြရင်တော့ တိုင်းအတွင်းမှာ လှုပ်ရှားနေတဲ့ ရဲဘော်လူငယ်တွေကိုတော့ အားပေးစကားတွေ ပြောပေးသွားကြပါဗျာ...

ခင်ဗျားတို့ပြောနေတဲ့ ကျွန်တွေပေါတဲ့တိုင်း ဒလန်တွေပေါတဲ့တိုင်းထဲမှာ နယ်မြေဒေသအရ

ဘယ်လောက်ထိခက်ခက်ခဲခဲနဲ့ လှုပ်ရှားနေရလဲဆိုတာကို ခင်ဗျားတို့နားလည်ပေးကြပါဗျာ... 

အားပေးကြပါ ကူညီပေးကြပါ မကျေနပ်လို့ လိုင်းပေါ်မှာ ဒေါသတွေပေါက်ကွဲယုံနဲ့ တော်လှန်ရေးကြီးပြီးသွားမှာမဟုတ်ဘူးဆိုတာ နားလည်စေချင်တယ်...

ခုချိန်ထိ တစ်ချို့တွေက တော်လှန်ရေးက တောထဲမှာပဲရှိတယ်လို့ ထင်နေကြတုန်း...စိတ်မကောင်းစရာပါပဲ...

ပြည့်စုံမှုမရှိပဲ နေ့စဉ်နဲ့အမျှ အသက်နဲ့ရင်းပီး လှုပ်ရှားနေကြတဲ့ တိုင်းတွင်းက ရဲဘော်တွေကို ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းပြီးကူညီပေးကြပါလို့ ပြောချင်ပါတယ်...

ဧရာဝတီမှာ ခင်ဗျားတို့ရဲ့ကူညီမှုတွေကို လိုအပ်နေကြတဲ့ အညတရသူရဲကောင်းတွေ အများကြီးရှိနေတယ်ဆိုတာကိုတော့ သိထားကြပါဗျာ...

ဧရာဝတီသမိုင်း ဘယ်တုန်းကမှ မရိုင်းခဲ့ပါဘူးဗျာ..

တော်လှန်ရေးဆောင်းပါးတိုကဏ္ဍ

ရဲဘော်_စလားဖန်းမှရေးသားပေးပို့သည်

ARNs_Revolutionary_Art_Program 

Comments

  1. We will build a better tomorrow than today.

    ReplyDelete
  2. We will build a better tomorrow than today.we can do it.

    ReplyDelete
  3. 🧑‍💻💪🧑‍💻💪🧑‍💻💪🧑‍💻💯💞❤️💯💞❤️

    ReplyDelete
    Replies
    1. 1ကနေ30ထိထိုင်ရေပြီးမှထွက်နေရတယ် အပိုဆောင်းလေးကထပ်ရေရသေးမပြည့်ရင် အလဟသဖြစ်မှာစိုးလို့🙂

      Delete
  4. စက္ကန့်အချိန်မှတ်လေးထဲ့ပေးရင်ကောင်းမယ်

    ReplyDelete
    Replies
    1. ဟုတ်တယ်မင်မင်တို့ရေ

      Delete
    2. Floating clock ကို play store ကနေ ဒေါင်းထားလိုက်ပါ

      Delete
  5. 14/❤️🔴🟥🤍⚪

    ReplyDelete
  6. Hlaine Nwae NwaeMay 9, 2022 at 7:30 PM

    အမြဲအားပေးနေပါတယ် အားတင်းထားကြပါနော်။🤍🤍Missionတွေလည်း အောင်မြင်ပါစေရှင်။🙏🤍

    ReplyDelete
  7. ဖိုက်တင်း ဧရာဝတီ✊

    ReplyDelete
  8. ဖိုက်တင်းပါဧရာဝတီရေ

    ReplyDelete
  9. ဖိုက်တင်းပါ ၁၄/တို့ရေ

    ReplyDelete
  10. Fighting Ayarwaddy...We are believed you...❤

    ReplyDelete
  11. အားတင်းထားပါ

    ReplyDelete
  12. Link အများစုက ၁၀sec ဆိုရတယ်ပြောကြတယ် ။ ၃၀ sec ကဘာလို့လဲဗျ ။

    ReplyDelete
    Replies
    1. ကျနော်လည်းမေးချင်တာ 2ခေါက်စာအချိန်မလို့ပါ

      Delete
  13. အားတင်းထားပါ။ နေ့တိုင်း ကလစ်နေတယ်။ ဘေးကင်းကြပါစေ။

    ReplyDelete
  14. ဧရာဝတီဟာ
    သိမ်ငယ်မနေပါဘူး
    ရတဲ့နေရာက
    တိုက်ပွဲဝင်နေကြတာ
    အားလုံးသိကြပါတယ်။

    ReplyDelete
  15. အားတင်းထားပါ ဧရာဝတီ

    ReplyDelete
  16. ရွှင်လန်းချမ်းမြေ့ကြပါစေ။

    ReplyDelete
  17. Fighting Ayarwaddy

    ReplyDelete
  18. ​တော်​လှန်​​ရေး ရဲ​ဘော်​​အားလုံးကို ​လေးစားပါတယ်
    ဂရုစိုက်​ကြပါ ​ဘေးဘယာ​ဝေးကွာ နိုင်​ပါ​စေ🙏

    ReplyDelete
  19. တော်လှန်ရေးတပ်ဖွဲ့ဧရာဝတီသားတွေကို အစဥ်အမြဲ လေးစားဉီးညွှတ်ပါတယ်ဗျ

    ReplyDelete
  20. Take care all comrades, we believe you all. Fighting Aya.

    ReplyDelete
  21. fighting ayeyarwaddy

    ReplyDelete
  22. သမိုင်းပေးတာဝန်ကို ကျရာထမ်းကြတဲ့သူတိုင်းကို ဦးညွှတ်လျှက်ပါ💪💪💪

    ReplyDelete

  23. မောနင်း
    ငါတို့နိုင်ရမည်

    ReplyDelete
    Replies
    1. 💪🤍💞👍👍👍👍💪💪💪💪

      Delete
  24. 🔴🟠❤️🧡🟡🟢💛💚🔵🟣💙💜🟤⚪🤎🤍💪

    ReplyDelete
  25. ပွင့်ဖြူပီဒက်တွေအတွက် ဝမ်းနည်းရပြန်သည်

    ReplyDelete
  26. ချစ်သောဧရာဝတီပါ Done👩‍💻

    ReplyDelete
  27. Click ♥ June 24

    ReplyDelete
  28. တာဝန်ကြေသူ
    ကလေးများ အားအပြစ်ဆိုစရာတစက်မှမရှိ
    နေစိမ့်သူမြို့ပေါ်ကျန်ခဲ့တဲ့သူတွေကိုသာပြောကြတာပါ

    ReplyDelete
  29. မအလမသေမချင်းကလစ်မယ်

    ReplyDelete
  30. 🙂 ခံတပ် ...

    @ ခံတပ် ...
    ခံစစ်တပ်
    ခံတိုက်တပ်လို့ခေါ်မှာပေါ့၊
    မသိတာက ...
    ဓမ္မဘက်ကဆိုရင်
    နတ်ကောင်းနတ်မြတ်တွေ
    စောင့်ရှောက်လို့၊အောင်မြင်မှာပါ၊
    အဓမ္မဘက်ကဆိုရင်တော့ ...
    နတ်ဆိုးနတ်ယုတ်တွေစောင့်လို့
    သေချင်းဆိုးနဲ့တွေ့မှာပေါ့။
    စစ်မင်းထက်သာ

    ReplyDelete
  31. Fighting Ayarwady 💪💪💪

    ReplyDelete
  32. ကြံခင်းပွဲက စခ 12 ကောင်သေ
    စခန်းစွန့်ရ လက်နက်ဆုံး

    ReplyDelete
  33. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  34. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  35. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
    Replies
    1. မန့်ရေးတဲ့အချိန် profile ကိုထိပါ

      Delete
  36. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  37. အချိန်ရတိုင်းကလစ်ကျပါ

    ReplyDelete
  38. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  39. 🥷 Sitt Min SaysAugust 3, 2022 at 9:35 AM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  40. Fighting ရဲဘော်တို့

    ReplyDelete
  41. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  42. ဧရာဝတီတိုင်းက အဖိဘယ်လောက်ခံထားရတဲ့တိုင်းဆိုတာ သမိုင်းရှိပါတယ် ဒါပေမဲ့ ဧရာဝတီရဲ့တော်လှန်သွေးကြောက ဘယ်တော့မှရပ်တန့်မှာမဟုတ်ပါဘူး ဆက်စီးနေမယ်ဆိုတာယုံတယ်💪

    ReplyDelete
  43. We will resist the dictator with unity

    ReplyDelete
  44. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  45. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  46. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  47. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  48. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  49. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  50. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  51. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  52. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  53. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  54. တို့လဲ ဧရာဝတီတိုင်းသူပါဗျ..
    ဟလဝါထွက်တဲ့အရပ်ကပေါ့...
    ဒါပေမဲ့ ဒေသအစုံအတွက် ထောက်ပို့တပ်သား (clicker) လုပ်ပါတယ် ...

    ခုဆို အညာမှာတိုက်ပွဲဖစ်တော့ မြန်မာတစ်ပြည်လုံးရဲ့ ရိက္ခာဆန်စပါးအတွက် ယခုနှစ်ကစ ဧရာဝတီတိုင်းက ဆန်ကို အားကိုးရာမို့ ထောက်ပို့ရိက္ခာနယ်မြေဖြစ်ရတာ မြန်မာတစ်ပြည်လုံးရဲ့ကိုယ်စား ကျေနပ်မိပါတယ် ။

    ReplyDelete
  55. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  56. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  57. 🙂 အချိန် ...

    @ အချိန်ဆိုတာ ...
    ဆွဲထားရင်မကောင်းသလို
    မြန်မြန်လုပ်ဆောင်ရင်လည်း ...
    မှားတတ်ပြန်တဲ့နိယာမ၊

    @ အဲ့ဒီတော့ ...
    လုပ်ဆောင်သူရဲ့အရည်အချင်းနဲ့မှန်ကန်တဲ့
    ဆုံးဖြတ်ချက်အပေါ်တည်မှီပါလိမ့်မယ်၊
    ဒါ့အပြင်အခြေအနေနဲ့အချိန်အခါကို ...
    ပိုင်ပိုင်နိုင်နိုင်သိရပါလိမ့်မယ်၊

    @ ဒီလိုမှမဟုတ်ရင်တော့ ...
    မထင်မှတ်ထားတဲ့ဆုံးရှုံးနစ်နာမှုတွေ
    ဦးဆောင်သူတွေရော ...
    နောက်လိုက်များနဲ့ပြည်သူအားလုံး
    ခံစားရမှုတွေနဲ့ ...
    တစ်သက်လုံး နောင်တရလိမ့်မယ်ဆိုတာ
    သတိချပ်စေချင်ပါတယ်။

    🙂 စေတနာဖြင့်
    စစ်မင်းထက်သာ

    ReplyDelete
  58. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  59. 🙂 ပုံရိပ် ...

    @ ပန်းချီကာတွန်းလေးတွေကို ...
    ကျနော့်အယူအဆအရ"ပုံရိပ်"လို့ထင်တယ်
    ဘာလို့လည်းဆိုတော့ ...
    သက်ရှိသက်မဲ့လှုပ်ရှားမှုသဘာဝတွေကို
    ပုံရိပ်အဖြစ်ဖန်တီးထားလို့ပါဘဲ
    ဒီနေရာမှာပုံရိပ်လေးတွေကိုကြည့်ပြီး
    လူတွေက ...
    မှန်တယ်မှားတယ်
    ကောင်းတယ်ဆိုးတယ်လို့ဝေဖန်ပါလိမ့်မယ်
    ဒါပေမယ့်"အရေးအကြီးဆုံး"က ...
    လူသားဆန်ဆန်‌တွေးခေါ်ကြည့်တတ်ဘို့
    လိုအပ်ပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာသီအိုရီ

    ReplyDelete
  60. 🙂 ဟောင်းပြီ
    ဟောင်းပြီတဲ့ ...

    @ သေချာစဉ်းစားကြည့်တော့ ...
    တစ်နှစ်ပြီးတစ်နှစ် နှစ်သစ်ဆီကို
    ကူးပြောင်းသွားတိုင်း လူတွေရဲ့စိတ်
    အတိတ်ကို ထားခဲ့ချင်ကြတယ်
    မကောင်းတဲ့အရိပ်တွေကို ...
    ထားခဲ့သင့်တယ်ဆိုပေမယ့်
    " နွေဦးတော်လှန်ရေး"ဆိုတဲ့
    မေ့မရနိုင်တဲ့ အတိတ်ဆိုးကိုတော့
    ထားမပစ်ခဲ့ကြပါနဲ့
    မနိုင်မချင်း ...
    မအောင်မချင်းတော့
    နှစ်သစ်နှစ်သစ်တွေဆီကို
    "လက်ဆင့်ကမ်း သယ်ဆောင်သွားရမှာပါဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  61. ယုံကြည်ချက်နဲ့
    ရှေ့ဆက်လျှက် 💪🏾

    ReplyDelete
  62. နီကိုးလ်May 22, 2023 at 8:18 AM

    💪💪💪

    ReplyDelete
  63. လုံး၀အုပ်ချုပ်ခွင့်မရစေရ
    ငါတို့ဟာ ပုန်ကန်နွယ် 💪🏾💪🏾💪🏾

    ReplyDelete
  64. New day ❤️ New hope

    ReplyDelete
  65. New day ❤️ New hope

    ReplyDelete
  66. Good days are coming 😊

    ReplyDelete

Post a Comment