လေးကေကော်တိုက်ပွဲများကြား အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် ဧရာဝတီသားတော်လှန်ရေးသမားတစ်ဦး၏ အတွေ့အကြုံများ - အပိုင်း (၂)

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။ 

လေးကေကော်တိုက်ပွဲများကြား အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် ဧရာဝတီသားတော်လှန်ရေးသမားတစ်ဦး၏ အတွေ့အကြုံများ - အပိုင်း (၂)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




မေး ။ လေးကေကော်က တိုက်ပွဲအတွင်း ဆရာတို့ ကြုံတွေ့ခဲ့ရာတာလေးတွေ ပြည်သူတွေကို မျှဝေပေးပါဦးခင်ဗျ။

ဖြေ ။ —— အပိုင်း (၂)


“ December 25 , Christmas Day “

အင်တာနက်လိုင်းရနေတုန်းလေး လိုင်းသုံးရင်း တိုက်ပွဲတစ်ခုအကြောင်းကို ကျနော် ဖတ်မိခဲ့တယ်၊ စစ်သူပုန်တွေဟာ တိုင်းရင်းသားတွေရဲ့ နေ့ကြီးရက်ကြီးအထိမ်းမှတ်နေ့မျိုးတွေကို ရွေးပြီး ထိုးစစ်လုပ်ဖူးတယ်ဆိုတဲ့ သာဓကတွေကို ဖတ်မိခဲ့တယ်။ အဲ့ထဲက ကျွန်တော်စိတ်ထဲမှာ ထင့်နေခဲ့မိတယ်။ ခရစ်စမတ်နေ့ နံနက် ၁၀ နာရီလောက်မှာပဲ လက်နတ်ကြီးတွေစတင်ပစ်ခတ်ပါတော့တယ်။ ထူးခြားတာက အရင်လို တစ်လုံးစနှစ်လုံးစ ပစ်ခတ်တာမဟုတ်တော့ပဲ သုံးလေးလုံးတပြိုင်တည်း အတွဲလိုက်ပစ်ခတ်လာပါတော့တယ်။ ကျွန်တော်တို့တည်ရှိတဲ့ စာသင်ကျောင်းအနီးဆုံးနေရာ ကိုက် (၅၀၀) လောက်အထိကို လက်နက်ကြီးကျ ပေါက်ကွဲမှုတွေ ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့နေရာနဲ့ အရမ်းနီးကပ်လာပြီး ပစ်ခတ်တာလည်း အလုံးပေါင်းများစွာ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ပထမဆုံး စစ်ဘေးရှောင်ပြည်သူတွေ အတွက် စိတ်ပူပန်မှုတွေ စတင်ဖြစ်လာပါတယ်။ သူတို့အမြှောက်ကုန်းလေးနေရာလောက်မှာလက်နက်ကြီးတွေ တပ်ဆင်ထားတာကို ကျွန်တော်တို့လည်းသိထားတာ ဖြစ်တဲ့အတွက် ဆုတ်ဖို့ကိုပဲ ပြင်ဆင်ထားလိုက်တော့တယ်။


အဲအချိန်မှာပဲ ကျွန်တော်တို့ဟာ စခန်းမှာရှိတဲ့ ပြည်သူတွေ နေ့လည်စာအတွက် ထမင်းထုတ်တွေ ထုတ်နေတာဖြစ်တယ်။ လက်နက်ကြီးတွေ ဘေးကျနေပေမယ့်လည်း အစားအစာဟာလည်း အရေးကြီးတာမို့ ကျရာတာဝန်ကို အမြန်ဆုံးအပြီးသတ်ဖို့ လုပ်နေတုန်းမှာပဲ ကျွန်တော်တို့ရဲ့ အနီးဆုံးနေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲပါတော့တယ်။ လူအထိခိုက်မရှိပေမယ့် ၁၂၀ မမ

ပေါက်ကွဲအားကိုသိရှိပြီး အားလုံးပဲ ချက်ချင်း ဆုတ်ခွာဖို့အတွက် ကျောင်းအနောက်ဖက်လျှိုထဲကိုဆင်းပြီး မယ်ဝါးခီး ဘုန်းကြီးကျောင်းကို သွားခဲ့ပါတော့တယ်။ အဲမှာ လူဦးရေ ၆၀/၇၀ဝန်းကျင်လောက်ရှိပြီး ဘုန်းကြီးကျောင်းနားအထိ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတော့ နေရာထပ်ရွေ့ဖို့ပြင်ရပြန်ပါတယ်။ မယ်ဝါးခီးဘုန်းကြီးကျောင်းကနေ တောလမ်းအတိုင်း ဖလူဘက်ကိုသွားဖို့ ဒေသခံတစ်ဦးက ဦးဆောင်ပြီး ကျွန်တော်တို့အဖွဲ့ဟာ ထွက်လာခဲ့ပါတယ်။


ကျွန်တော်တို့နေရာရွှေပြောင်းဖို့ ပြုလုပ်နေစဉ်မှာပဲ စကစဘက်က ထိုးစစ်ဆင်လာခဲ့တယ်။ သူတို့အမြှောက်ကုန်းတွေကနေ လက်နက်ကြီးတွေဖိပြီး ကျွန်တော်တို့ဆီကို စစ်သားတွေနဲ့ တက်လာပါတယ်။ရာဘာတောထဲရောက်ရောက်ခြင်းပဲ ကျွန်တော်တို့ပြေးနေတဲ့ လူတန်းကို လက်နက်ကြီးတွေ လှမ်းပစ်ပါတယ်၊ သုံးလေးငါးလုံးမြောက်အရောက်မှာ ကျွန်တော်နဲ့ ငါးယောက်ခြောက်ယောက်အကွာက လူတွေကြားထဲကို လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့တယ်၊ အဲ့ဒီတစ်လုံးမှာ ကျွန်တော်တို့အကိုကိုအောင်မျိုးဇင် (ခ) ကိုအုပ်ကြီး နဲ့ Media တစ်ခုက အယ်ဒီတာ အကိုတို့ တိုက်ပွဲကျသွားခဲ့ပါတယ်။ အခြားတစ်ယောက်က ခြေထောက်ပြတ်သွားခဲ့ပြီး ကျွန်တော်သူငယ်ချင်းကတော့ လက်မောင်းကို ထိသွားပါတယ်။ အသေးအမွှားဒါဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ ကံကောင်းတာက ကျွန်တော်ရောက်နေတဲ့နေရာက ဝါးရုံပင်အစပ် ကုန်းကမူလေး နှစ်ခုကြားမှာရောက်နေခဲ့တယ်။


လက်နက်ကြီးတွေကြား ဘယ်လိုနေထိုင်ပြုမှုရမယ်ဆိုတာ သင်ထားခဲ့ရတဲ့ ကျွန်တော်ဟာ မြေကြီးပေါ်မှာဝပ်ပြီး နှလုံးကိုမြေကြီးနဲ့မထိအောင် ကြားမှာ လက်ကိုခံထားပြီးနေနေခဲ့ပါတယ်။ ကျွန်တော်က ဘယ်ဘက်ခြမ်းဘက်ကိုခေါင်းစောင်းနေနေခဲ့တာ လက်နက်ကြီးကျ ပေါက်ကွဲတဲ့အခါ ညာဘက်အခြမ်းကိုလွှင့်စင်ထွက်သွားခဲ့ပါတယ်။ ကျွန်တော်နားတွေ ကွဲထွက်လုမတတ် အူထွက်ပြီး ဘာသံမှမကြားရတော့ပါဘူး။ လူတွေအကုန်လုံးလည်း လုံးဝသွေးပျက်ပြီး အရှေ့ကို အသားကုန်စွတ်ပြေးကြခဲ့ကြတယ်။ ရှေနားက ကမူတစ်ခုနားရောက်တဲ့အခါ အသံနဲနဲ ပြန်ကြားရပါတယ်။ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေကတော့ တရပ်စပ်ကျပြီး နားနှစ်ဖက်ကို ပိတ်ထားရပါတော့တယ်။ ပေါက်ကွဲမှုအသံတွေရဲ့ဒါဏ်ကိုမခံနိုင်အောင်ဖြစ်ခဲ့ပါတယ်။


နောက်ထပ်ဆယ်မိနစ် ဆယ်ငါးမိနစ်လောက်ကြာတဲ့အထိဆက်ပြေးပြီးတော့မှ လျှိုတစ်ခုထဲကိုရောက်တော့ လူတွေစစ်ကျပါတော့တယ်။ ခြေထောက်ပြတ်တဲ့ကောင်လေးလည်း အဲ့နေရာမှာကျန်ခဲ့ပါတယ်။ ဘယ်သူတွေသေပြီး ဘယ်သူတွေ ကျန်ခဲ့လည်းဆိုတာမသိပါ။ ဒါဏ်ရာရထားတဲ့ ကျွန်တော်သူငယ်ချင်းကို သွေးတိတ်ဖို့အရင်ဆုံးလုပ်ရပါတယ်။ ကျွန်တော်တို့မှာ ပါလာတဲ့အဝတ်တွေနဲ့ သူကိုသွေးတိတ်ဖို့ အရင်လုပ်ပါတယ်။ ကျွန်တော်တို့အထဲမှာပါတဲ့ မိန်းကလေးတွေထဲက သူတို့အသုံးပြုတဲ့ Pad တွေပစ်ပေးတော့ အဲဒါတွေနဲ့ ဒါဏ်ရာကို သွေးတိတ်ဖို့လုပ်ရပါတယ်။ ကျွန်တော်မှာပါတဲ့ရေဗူးကို အကုန်လုံးမျှတိုက်ပြီး နည်းနည်းစီသောက်ဖို့ပြောရပါတယ် အရမ်းမောနေတော့ စို့သွားမှာဆိုးတာပါ။


အဲမှာသတိထားမိတာက ကျွန်တော်တို့လူတန်းငြိမ်နေရင် လက်နက်ကြီး အနားကို မကျပါဘူး၊ လူတန်းလှုပ်ပြီဆိုတာနဲ့ လက်နတ်ကြီးတွေ အနားကိုလာကျပါတော့တယ်။ အဲဒီမှာ ကျွန်တော်တို့လူတန်းပြေးတဲ့နေရာကို တားဂတ် (Target) ထားပြီးပစ်နေတယ်ဆိုတာ သတိထားမိသွားပါတယ်။


အဲ့ဒီလိုတွေ ပြေးနေရင်းပဲ တချို့သူတွေက ခြေညှပ်ဖိနပ်တွေနဲ့ဆိုတော့ ခြေထောက်တွေဟာ ငုတ်ထိုးမိပြီး ကွဲပြဲနေကျတာကိုတွေ့ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ကင်းဘတ်ဖိနပ်လေး စီးထားတဲ့အတွက်တော်သေးပါတယ်။ ပြေးရင်း မြောင်းလိုဟာတစ် ခုခုတွေ့ရင်အကုန်လုံး လှိမ့်ချကြ၊ အောက်ရောက်ရင် လူတွေအားလုံး လုံးထွေးပြီး၊ အားလုံးက သေဘေးကို လက်မတင်လေး လွတ်ခဲ့ကြရလို့ သွေးပျက်နေခဲ့ကြတာပါ၊ ရန်သူရဲ့ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့အတွက် မြောင်းတွေချောက်တွေဟာ လက်နက်ကြီး အန္တရယ်ကင်းတယ်ဆိုတာသိတဲ့အတွက် ပြေးရင်းအဲလိုနေရာတွေဆို အကုန်လုံးထိုးဆင်းခဲ့ရပါတယ်။


အဲဒီလို ပြေးလွှားနေရင်း တချို့သူတွေဆိုရင် သူတို့သယ်လာတဲ့ပစ္စည်းတွေလည်း မသယ်နိုင်တော့ပဲ

ထားပစ်ခဲ့ရပါတယ်။ ကျွန်တော်ဘေးမှာ ဒါဏ်ရာရထားတဲ့သူငယ်ချင်းကို တွဲခေါ်နေရတဲ့ အတွက် အဖွဲ့နဲ့အတော်လှမ်းလှမ်းမှာ ကျန်ခဲ့ရပါတယ်။


နောက်ဆုံး ကျနော်တို့ ပြောင်းခင်းတွေကို ဖြတ်ပြီး ကုန်းကမူလေးတစ်ခုကိုရောက်တဲ့အခါမှာ ရိတ်သိမ်းထားတဲ့ပြောင်းတွေကို ထားတဲ့ လယ်စောင့်တဲလိုနေရာလေးမှာ နားနေခဲ့ပါတယ်။ ငါးမိနစ်တောင်မကြာတဲ့အချိန်မှာပဲ အသံတစ်ခုကိုကြားရပါတော့တယ်။အဲနေရာဟာ လက်နက်ကြီးမရောက်လောက်တဲ့နေရာဖြစ်နေခဲ့ပါပြီ။ တချို့တွေက ကားသံပါလို့ပြောနေပေမယ့် ကျွန်တော်တို့ဟာ လေယာဉ်အသံဆိုတာသိလိုက်တဲ့အတွက် ပြေးရပါတော့တယ်။ အဲဒီတောင်ကမူကနေဆင်းပြေးရင်း ကံကောင်းတာတစ်ခုက အဲခပ်လှမ်းလှမ်းမှာ ငှက်ပျောပင်တွေ ကိုင်းပင်တွေရှိတဲ့နေရာလေးတခုရှိပါတယ်။ အကုန်လုံးအဲထဲမှာအကုန်လုံးပြားနေအောင်ဝပ်နေခဲ့ရပါတယ်။ ရဟတ်ယာဉ်နှစ်စီးဝဲပြီး တိုက်ပွဲဖြစ်နေတဲ့ မယ်ဝါးခီးဂိတ် စခန်းကုန်းတွေကို ပတ်ပျံပြီး ပစ်ခတ်ပါတော့တယ်။ ကျွန်တော်တို့အားလုံးဟာ ပြေးစရာနေရာမရှိတော့ပဲ အဲဒီငှက်ပျောတောထဲမှာ ပြားနေအောင်ဝပ်ပုန်းနေရင်း စိတ်ကိုလျှော့ချပစ်လိုက်ပါတော့တယ်။


ကိုယ်ကိုကိုယ် သေလူအဖြစ်သတ်မှတ်ပြီး သရဏဂုံတင်ထားလိုက်ပါတယ်။ ကျွန်တော်အနေနဲ့ လေယာဉ်နဲ့ပစ်ခတ်တာကို ပထမဆုံးအကြိမ် ကြားဖူးဖြစ်တဲ့အတွက် အရမ်းကြောက်လန့်မိပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ဒုံးကျည်တွေနဲ့ပစ်တယ်၊ စက်သေနတ်နဲ့အတွဲလိုက် ပစ်ခတ်သံတွေဟာ သွေးပျက်လောက်စရာဖြစ်ခဲ့ရပါတယ်။ ကျန်တော်တို့တစ်ဖွဲ့လုံး ကံကောင်းသွားတာ ငှက်ပျောတောလေးသာမရှိရင်တော့ ကွင်းပြောင်ပြောင်ပေါ်မှာထင်းထင်းကြီး ဖြစ်နေရင်တော့ မလွယ်ပါဘူး။ဒီကောင်တွေကလည်းအရပ်သားဘာညာ စစ်ဘေးရှောင်ရယ်လို့ချန်ထားမှမဟုတ်ပါဘူး။


မိနစ်နှစ်ဆယ်ဝန်းကျင်လောက်မှာ ရဟတ်ယဉ်အသံမကြားရတော့မှ အကုန်ရှေ့ကိုဆက်ထွက်ပါတယ်။ ဒေသခံရွာသားတွေဦးဆောင်မှုနဲ့ အနီးနားက စစ်ဘေးရှောင်စခန်းကိုသွားရပါတယ်။ ဒေသခံတွေက မပြေးနဲ့သူတို့သွားတဲ့အတိုင်း ခြေလှမ်းအတိုင်းလျှောက်ဖို့လည်းမှာပါတယ်။


စစ်ဘေးရှောင်စခန်းရောက်တော့မှ သိလိုက်ရတာက -

“ကျွန်တော်တို့ဖြတ်လာခဲ့တဲ့နေရာဟာ မိုင်းကွင်းကြီးပါတဲ့ ။” လေ


ကိုနိုင်း

ဧရာဝတီသားတော်လှန်ရေးရဲဘော်တစ်ဦး

#လေးကေကော်

#စစ်ဘေးဒုက္ခများ

#AyeyarwadyRevolutionNews

Comments

  1. Done 4-5-2022 / 8:31 AM

    ReplyDelete
  2. အားတင်းထား 💪

    ReplyDelete
  3. Done 4-5-2022 /8:34 AM

    ReplyDelete
  4. ရင်ထဲစို့နစ်နေတာပဲ😢

    ReplyDelete
  5. ဖတ်ပြီးရင်ထဲမောတယ်အားလုံးလေးကင်းပါစေ

    ReplyDelete
  6. Replies
    1. သူတို့တွေအတွက် ကျွန်တော်တို့ ရုန်းရမယ်။

      Delete
    2. စစ်ရှောင်တွေကိုကူပါ။
      တော်လှန်ရေး အင်အားစုတွေ နဲ့ ရဲဘော်တွေကို လစဉ်ကူပါ။
      နေ့စဉ် click ပေးပါ။
      UGဆိုတဲ့ ဒီပွဲရဲ့မင်းသားမဟုတ်တဲ့ မင်သားတွေကိုလဲ မမေ့ပါနဲ့။

      Delete
  7. အလေးနီပြုပါတယ်

    ReplyDelete
  8. Done🧑‍💻💞

    ReplyDelete
  9. 😢😢😢

    ReplyDelete
  10. အားတင်းထားကြပါ

    ReplyDelete
  11. အားလံုးးကလစ်ပြီးပါပြီရှင်

    ReplyDelete
  12. Done 28-6-22/ 3:56 PM

    ReplyDelete
  13. ဒီနေ့မိုတီတွေရတယ်

    ReplyDelete
  14. ဘေးကင်းပါစေ

    ReplyDelete
  15. မနက်ဖြန်အတွက် Ready ပဲလား။

    Project NAN HTIKE AUNG မှာ မြို့ပြရုပ်ရှင်အတွက် Booking တင်ကြရအောင်။

    မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့ Project NAN HTIKE AUNG မှာ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေ။

    မြို့ပြကို လှုပ်နှိုးဖို့၊ မြို့ပြက စကစထောက်တိုင်တွေကို ဖြိုချဖို့ Project NAN HTIKE AUNG ကို ကူကြစို့နော်။
    💪

    ReplyDelete
  16. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  17. 🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  20. ကိုယ်တိုင်ရောက်နေသလိုခံစားနေရင်း မမျှတတဲ့ အမိန်ကို နာခံပြီး ပြည်သူကို သတ်တဲ့ ခွေးတွေအမြန်သေပါစေ

    ReplyDelete
  21. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  22. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  23. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 Love Song 2.

    ReplyDelete
  26. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. ဖတ်ရင်းနဲ့တောင်သွေးပျက်နေပြီ

    ReplyDelete
  30. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. Fight for freedom Myanmar

    ReplyDelete
  32. ခုည သီချင်းလည်း မပေးဘူး🙄🙄

    ReplyDelete
  33. 🥷 ကြောက်လို့ ...
    ဘယ်မှမပါချင်တောင်
    စိတ်ထဲမှာ ...
    တော်လှန်ချင်စိတ်နဲ့
    အောင်စိတ်ရှိနေရင် ရပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  37. စာဖတ်ရင်းနဲ့ရင်တွေမောလာတယ်😣

    ReplyDelete
  38. 🏇 ငါ ...

    🖕 အရာရာမှာ ...
    ငါသိတယ်ငါတတ်တယ်မလုပ်ပါနဲ့
    ငါထက်သိတဲ့သူ ...
    ငါ့ထက်တတ်တဲ့သူတွေက
    ငါတို့ရဲ့အသက်တွေကို ...
    နှုတ်သွားတတ်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  40. ယုတ်မာလိုက်ကြတာကွာ

    ReplyDelete
  41. 🏇 ဗျူဟာ ...

    @ ဗျူဟာဆိုတာ ...

    ၁.စိတ်ဓါတ် ...
    အောင်စိတ်မွေးပြီး၊အောင်နိုင်ရေးကိုဦး
    တည်လို့ ခိုင်ခိုင်မာမာယုံကြည်ချက်နဲ့ဘက်
    ပေါင်းစုံက တိုက်ခိုက်ရမယ်၊
    ၂.စုစည်းခြင်း ...
    ဦးတည်ချက်တူရာ၊တစ်ဦးချင်း တစ်ဖွဲ့
    ချင်း၊တစ်စုချင်း ကွဲမနေဘဲ၊ကျစ်လစ်ခိုင်မာ
    စွာဖွဲ့စည်းပြီး တိုက်ခိုက်ရမယ်၊
    ၃.စုဆောင်းခြင်း ...
    တိုက်ခိုက်ရေးအတွက်၊လိုအပ်တဲ့ လူ၊
    ရိက္ခာ၊လက်နက်၊ဆေးဝါးစသည်တို့ကို ရနိုင်
    တဲ့ အဘက်ဘက်က စုဆောင်းရမယ်၊
    ၄.အကူအညီ ...
    ဘက်စုံထောင့်စုံကတွေးပြီး၊ ပြည်သူ
    ခရိုနီ၊ပြည်ပရောက်နိုင်ငံသားများ၊နိုင်ငံခြား
    တိုင်းပြည်မှ အပေးအယူအကူအညီများကို
    တတ်နိုင်သလောက်ရယူရမယ်၊
    ၅.မှန်ကန်မှု့နဲ့မြန်ဆန်မှု့ ...
    တော်လှန်ရေးဦးတည်ချက်ကို မည်သည့်
    အကြောင်းအရာနဲ့မျှ မတွန့်ဆုတ်ဘဲ၊ မှန်မှန်
    ကန်ကန်နဲ့မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရ
    မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  42. 🙂 လွပ်လပ်ရေး ...

    @ ဗိုလ်ချုပ်ပေးခဲ့တဲ့ ...
    လွပ်လပ်ရေးအစစ်ကို
    မင်းတို့ငါတို့ ...
    ပြန်တိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  43. မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် 💪🏾💪🏾💪🏾

    ReplyDelete
  44. New day 💗 New hope

    ReplyDelete
  45. Good days are coming 😊

    ReplyDelete

Post a Comment