သေးသောက်တဲ့အဖွဲ့

 “သေးသောက်တဲ့အဖွဲ့”

********************



ပြည်ထောင်ကို အပိုင်သိမ်း 

ကျွန်ဖြစ်ဟဲ့ငါ့ပြည်သူ 

ဆန့်ကျင်သူလူအများကို ဖိနှိပ်တဲ့ စစ်ငနွား

​ချိန်ခါတွေ ကြာမြှင့်လာလို့ 

တို့ပြည်သူလူအများက 

ဆန့်ကျင်တာ ရေချိန်မြှင့်လာတော့ 

တန်ပြန်ကာ သူစစ်ထိုးဖို့ ဖွဲ့တဲ့ ပျူစော

ပျူတငှာ မစွမ်းလေတော့... 

ကြံဆောင်ကာ သူအမည်ပြောင်းတယ် 

“သေးသောက်တဲ့ အဖွဲ့”

ရဲဘော်စလားဖန်း 

သရော်စာကဏ္ဍ


MPT


181480293038550360


077684528663894178


093592025196071780


045122158056289316


134906209846576051

Comments

  1. သတိလေးတော့ထားကြပါ

    ReplyDelete
  2. သတိကြီးကြီးထာမှ

    ReplyDelete
  3. ပရမ်းပတာနဲ့ လူယုတ်မာအဖွဲ့😠😠

    ReplyDelete
  4. ​သေး​သောက်​ ​ချေးစား အဖွဲ့ 😠

    ReplyDelete
  5. သတိထားတာ မမှားပါဖူး

    ReplyDelete
  6. ပြောင်ကြီး Done

    ReplyDelete
  7. Happy birthday mother Su

    ReplyDelete
  8. သေးပဲသောက်သောက် ဟွာကိုပဲရေဖျော်သောက်သောက် သောက်ဂရုကိုမစိုက်ဘူး။

    ReplyDelete
  9. June 21/🌙 Click♥

    ReplyDelete
  10. ဒီ​နေ့ ဝတ်​လက်​ 💔💔💔

    ReplyDelete
  11. လူယုတ်မာ တွေသေနိုင်ဘူး

    ReplyDelete
  12. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  16. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  17. ဓမ္မကို အဓမ္မကသတ်နေပြီ

    ReplyDelete
  18. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 Sitt Min SaysAugust 2, 2022 at 8:32 PM

    🙂 အလွမ်း ...

    @ ဘယ်သူ့ကို ...
    လွမ်းတာလဲလို့ မေးကြတယ်
    လူသားပီပီ ...
    အလွမ်းဆိုတာ
    ကျနော့်ရင်ထဲမှာရှိတာပေါ့
    ပထမအလွမ်းက ...
    ကျနော့်ရဲ့ ရွှေနိုင်ငံတော်ကြီး
    ဒုတိယအလွမ်းကတော့ ...
    ကျနော်ပြောပိုင်ခွင့်မရခဲ့တဲ့
    ချစ်သူကိုလွမ်းတဲ့ အလွမ်းပေါ့။

    ချစ်မင်းထက်သာ(စစ်မင်းထက်သာ)

    ReplyDelete
  20. 🥷 Sitt Min SaysAugust 2, 2022 at 8:38 PM

    🥷 Love Song 2.

    ReplyDelete
  21. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 စဉ်းစားလို့မရပါ ...

    @ ကျနော်ဘဲ ...
    ဉာဏ်မမှီတာလား ?
    အမှတ်မှားနေတာလား ?
    စဉ်းစားလို့မရတော့ပါ၊
    အမှန်ဆို ...
    မြန့်မာ့တပ်မတော်သည်
    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော
    ရဲဘော်သုံးကျိတ်မှမွေးဖွားလာပါသည်
    မိဘကဆိုဆုံးမခဲ့သည် ...
    လမ်းမှန်နည်းမှန်ချပြခဲ့သည်
    လိုက်နာမှုမရှိသည်ကိုတွေ့ရပြီး
    ပြည်သူ့အိုးအိမ်စည်းစိမ်များသာမက
    ပြည်သူ့အသက်များပါနှုတ်ယူနေကြသည်
    ယ္ခုတပ်မတော်သည် ...
    ဘယ်ဥမှပေါက်ပြီး ဘယ်သူများမှ
    ထပ်မံမွေးဖွားလိုက်သည်ကို ...
    ကျနော်တော့ စဉ်းစားလို့မရတော့ပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. အုန်းဖို့. Doneစို့
    1.Donr💟

    ReplyDelete
  24. 🥷 ဒီလိုဘဝလေးတွေ ...
    မြင်နေကြားနေတာတောင်
    ကိုယ်ချင်းစာ အားမနာတတ်ရင်တော့
    မင်းတို့ လူမဟုတ်တော့ဘူးလို့ ...
    ငါပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. "ပြည်သူနှင့်အတူ ရပ်တည်​​သော သံအမတ်ကြီး"
    Accept NUG & Our Ambassador,
    Reject Doctator.

    2 September 2022

    ReplyDelete
  28. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  31. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  33. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  35. သေးသောက်လဲ အသံတိတ်
    ငပျူတို့ ပြူးကုန်
    မဘသက အကြံကုန်
    မအလ တော့ ကြီးမိုက်တုန်း

    ReplyDelete
  36. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  37. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 😌 သူငယ်ချင်း ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့တစ်ချို့တွေမှာ
    မောင်နှမအရင်းတွေထက်
    သူငယ်ချင်းဆိုတာ ပိုအားကိုးရတတ်တယ်
    မောင်နှမတွေမပေးနိုင်တဲ့ ...
    ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ
    ဂရုတစ်စိုက်စောင့်ရှောက်မှုတွေ
    စိတ်ပူပေးတတ်မှု နှစ်သိမ့်မှုတွေ
    ရရှိတတ်တယ်
    တစ်ကယ်တော့ ...
    သူငယ်ချင်းဆိုတာ
    အတိတ်ဘဝလေးရဲ့
    မောင်နှမတစ်ယောက်ပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  40. 🙂 ပုံရိပ် ...

    @ ပန်းချီကာတွန်းလေးတွေကို ...
    ကျနော့်အယူအဆအရ"ပုံရိပ်"လို့ထင်တယ်
    ဘာလို့လည်းဆိုတော့ ...
    သက်ရှိသက်မဲ့လှုပ်ရှားမှုသဘာဝတွေကို
    ပုံရိပ်အဖြစ်ဖန်တီးထားလို့ပါဘဲ
    ဒီနေရာမှာပုံရိပ်လေးတွေကိုကြည့်ပြီး
    လူတွေက ...
    မှန်တယ်မှားတယ်
    ကောင်းတယ်ဆိုးတယ်လို့ဝေဖန်ပါလိမ့်မယ်
    ဒါပေမယ့်"အရေးအကြီးဆုံး"က ...
    လူသားဆန်ဆန်‌တွေးခေါ်ကြည့်တတ်ဘို့
    လိုအပ်ပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာသီအိုရီ

    ReplyDelete
  41. 🙂 မျက်နှာငယ်ရပါတယ် ...

    🥷 တစ်ကယ်တော့ ...
    ကျနော်တို့တော်လှန်ရေးသမားများဟာ
    အသဲနှလုံး မရှိလို့မဟုတ်ပါဘူး
    ချစ်တတ်တယ်...သိပ်ချစ်တတ်တယ်
    ခက်တာက ...
    အချစ်နဲ့ပါတ်သက်လာရင်
    နှလုံးသားလေးက နုတတ်ပြီး
    တော်လှန်ရေးနဲ့ပါတ်သက်ရင်တော့
    အသဲက မာလာတတ်တယ်
    ဒီတော့ ...
    ကျနော်တို့တော်လှန်ရေးသမားတွေဟာ
    အချစ်နဲ့ပါတ်သက်လာရင် ❤️❤️❤️
    မျက်နှာငယ်ရပါတယ်
    မျက်နှာငယ်ရပါတယ်ဗျာ။

    🏇 စစ်မင်းရဲ့အတွေး

    ReplyDelete
  42. New day 💞 New hope

    ReplyDelete
  43. New day ❣️ New hope

    ReplyDelete

Post a Comment