အမှန်တရားက နည်းနည်းတော့ခါးတယ်

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၃၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။


အမှန်တရားက နည်းနည်းတော့ခါးတယ်

************************************




အာဏာသိမ်းခံရပြီးကာလကစလို့ တော်လှန်ရေးစလုပ်ကြတဲ့အချိန်မှာ အတူတူ လမ်းပေါ်ထွက် လက်သုံးချောင်းထောင် ပြိုင်တူ အော်ဟစ်ကြွေးကြော်ခဲ့ကြသလို အတူတူ အဆုံးထိ တိုက်ပွဲဝင်သွားကြမယ်ဆိုပြီး တစ်ချို့လက်တွေ မခိုင်ခဲ့ကြပါဘူး...


အကြောင်းပြချက်မျိုးစုံနဲ့ တိတ်တဆိတ်ကိုယ့်ရဲ့အတ္တနောက် တိတ်တိတ်လေးခိုးလိုက်နေကြတာကိုလည်း သိမြင်ခဲ့ရသလို...အပြစ်မမြင်ချင်ပေမယ့် စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ...


နောက်ပိုင်းလက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီး တော်လှန်ကြရတဲ့အခါ တစ်ချို့က တောတွင်းမှာပဲကျန်နေခဲ့သလို တစ်ချို့ကလည်း UG မှာ လှုပ်ရှားပြေးလွှားရင်း ခေတ္တခဏ ခိုလှုံဖို့ ကျောလေးတစ်နေရာစာလောက်ချဖို့ အခက်ခဲတွေနဲ့အများကြီးရင်ဆိုင်ကြရတဲ့အခါ ပိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်...


လူတွေတော့စုံခဲ့ကြတယ် ရဲရဲတောက်လည်းနီခဲ့ကြတယ်…ဒါပေမယ့် လူတွေမညီခဲ့လေတော့ လူတစ်ချို့က မိသားစုလိုက် ဘဝတွေပျက်စီးပြီး တစ်ချို့တွေက အသက်တွေပါပေးဆပ်လိုက်ကြရတယ်


ဘဝတွေ ဘယ်လိုပဲ ပေးဆပ်နေရပေမယ့် အဆုံးထိသွားမယ်ဆိုတဲ့လူတွေကသက်သက်ရှိသလို သူတို့တွေအတွက် စာနာသလိုလိုနဲ့ မျက်ရည်လေး နှစ်စက်လောက်ကျ ထိုင်ကြည့်ပြီးနှစ်သိမ့်ပေးနေတဲ့သူတွေကလည်း သက်သက်ရှိတယ်...


တစ်ချို့ကလည်း ဧရာဝတီက UGတွေ လှုပ်ရှားသမျှ မစ်ရှင်တွေကို သူတို့ကပဲအကုန် စီစဥ်ပေးနေကြသလိုလို နဲ့ စဆရက လုပ်ချင်နေကြတဲ့ သူတစ်ချို့လည်းရှိပြန်တယ်...


တစ်ချို့ကြပြန်တော့လည်း ကိုယ်တိုင်လည်းဘာမှမလုပ်သလို လုပ်နေတဲ့သူတွေကိုလည်း မင်းတို့တော်လှန်ရေးက ဘယ်တော့မှပြီးမှာလည်း ကြာလိုက်တာကွာ ဆိုပြီး အပြစ်တင်တဲ့လေသံနဲ့ ထိုင်မေးနေကြတဲ့ သူတွေကလည်း ရှိပြန်တယ်


ဒလန်တွေပေါတဲ့ကျုပ်တို့ရဲ့တိုင်းဧရာ၊ စဆရကတွေပေါတဲ့ကျုပ်တို့ရဲ့တိုင်းဧရာ၊ ဘေးထိုင်ဘုပြောတဲ့သူတွေများတဲ့ ကျုပ်တို့ရဲ့တိုင်းဧရာ၊ စာနာသလိုလိုနဲ့ ကိုယ့်အတ္တနောက်ပဲ ကိုယ်လိုက်နေကြတဲ့သူတွေများတဲ့ ကျူပ်တို့ရဲ့တိုင်းဧရာ၊


ဒီလိုနဲ့ပဲ တိုင်းဧရာရဲ့တော်လှန်ရေးနယ်မြေစိုးမိုးမှုရဖို့က တစ်ခြားတိုင်းတွေထက် ကြာလိမ့်အုံးမည်ထင်ပါသည်။


ကျုပ်လည်း လျှာရှည်မိပြန်ပြီထင်ပါရဲ့ အမှန်တရားက နည်းနည်းတော့ခါးတယ်ပေါ့ဗျာ...


ARNs_Revolutionary_Art_Program

တော်လှန်ရေးဆောင်းပါးတိုကဏ္ဍ

စလားဖန်း


Comments

  1. Life of a Clickers Supporter..............

    Work from morning till night has no proof.........

    Every time a new channel appears, we have to run and click to advertise.........

    The eyes are blind and can see nothing, but they have to click in the morning..........

    We can't sleep well at night. We feel like an owl.We eyes are brown like a panda's........

    Data prices skyrocket without electricity.............

    That will not weaken us and we will keep clicking until we win.............

    Do you agree? Clickers, Cheers.........

    ............♥Htet...............

    ReplyDelete
  2. အတူတူရုန်းကြတာပေါ့ ဧရာရေ✊😍

    ReplyDelete
  3. ပုံမှန်လေးတော့ဝင်ကလစ်ကြပါ

    ReplyDelete
  4. Hlaine Nwae NwaeMay 7, 2022 at 9:54 PM

    Take care our heroes.💪🤍
    Be safe.🤍

    ReplyDelete
  5. Fighting Ayeyawady 💪💪💪

    ReplyDelete
  6. Be safe Ayeyawady

    ReplyDelete
  7. ဧရာတိုင်းကဇေယျာစစ်ကိုင်းကိုအမီလိုက်နိုင်ပါစေသော်ဝ်

    ReplyDelete
  8. ပုံမှန်ကလစ်နေပါတယ်
    14/ဖြစ်ရဂုဏ်ငယ်တယ်ထင်ရင်တိုးကလစ်မယ်

    ReplyDelete
  9. Done💪💪💪💪💯💯💯💯💞💞💞

    ReplyDelete
  10. ပုံမှန်ကလစ်ပေးပါမယ်

    ReplyDelete
  11. Mawgyun ကတော့ သေချာထိ​ေ​ရာက်တယ့် mission ဆိုလို ပထမဆုံး 12ward. ရုံး တခုဘဲရှိခဲ့တယ် ဒါတောင် အကောင်ကြီးမထိဘဲ ပြည်သူစစ်တတ်ပ်ထိ မျှော်လင့်နေတယ် ထိရောက်တယ့် missionတွေ အတွက်

    ReplyDelete
  12. ခါးပေမယ့် အမှန်တရားမို့

    ReplyDelete
  13. ဟုတ်ပ အမှန်တရားမို့ ခါးတာပေါ့ဗျာ

    ReplyDelete
  14. Together With you✊

    ReplyDelete
  15. 14/ အတွက်ကြိုးစားပြီးကလစ်နေပါတယ်

    ReplyDelete
  16. ချစ်သော ဧရာ

    ReplyDelete
  17. I didn't leave you. I always with you.
    Love you AYA.

    ReplyDelete
  18. ငါတို့ရှိပါတယ်​💪

    ReplyDelete
  19. နည်းနည်းမဟုတ်
    များများကိုခါးတာ

    ReplyDelete
    Replies
    1. ပကိုင်တူတွန်းမယ့်သူထဲ တယောက်အပါအဝင်

      Delete
  20. Today,
    falling stars in the sky .
    😞😞😞

    ReplyDelete
  21. We must try together for freedom

    ReplyDelete
  22. June 22/ Click ♥

    ReplyDelete
  23. Link တွေက နေ့စဉ်ချပေးနေတာပဲ click လို့ ရတာလား link အဟောင်းတွေကို click ရင်ရော ရလား သိသူများဖြေပေးပါ ဘာရယ်မဟုတ် သိချင်လို့ပါ

    ReplyDelete
    Replies
    1. ကလစ်ပီးသားကို တစ်လအတွင်း ထပ်ကာထပ်ဟာ ကလစ်ပေးရင်လည်း ငွေဝင်တယ်လို့ ပြောပါတယ်

      Delete
  24. fighting pr. ကြိုးစား Click ပေးပါ့မယ်

    ReplyDelete
  25. ဧရာဝတီတိုင်းဟာလည်း မြန်မာပြည်ပဲမဟုတ်လား။ အခုလိုနည်းပညာခေတ်မှာ ကချင်ပြည်နယ်ကလက်တွေဟာလည်း ဧရာဝတီဆီ ဖေးကူလို့ရပါတယ်။ ဖေးကူပေးနေကြပါတယ်

    ReplyDelete
    Replies
    1. ၀ါး ကျေးဇူးပါရှင် 🤍

      Delete
  26. အဆုံးထိသွားဖို့ ဆုံးဖြတ်ထားသူပါ။

    ReplyDelete
  27. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  28. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  29. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  30. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  31. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  32. 🥷 Sitt Min SaysAugust 3, 2022 at 1:50 PM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  33. 🥷 Love Song 2

    ReplyDelete
  34. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  37. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  40. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  41. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  42. အမှန်တရားကတကယ်ခါးတယ် ပြောစရာရှိတာလည်းပြောရမှာပဲ

    ReplyDelete
  43. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  44. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  45. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  46. CDM
    လေးပဲလုပ်နိုင်လို့
    အောင်ပွဲရသည်ထိ
    အသက်နှင့်ခန္တာတည်မြဲနေသ၍
    ဆုံးထိ
    ကလစ်နေမည်။

    ReplyDelete
  47. အမှန်တရားက နည်းနည်းတော့ခါးတယ်

    ReplyDelete
  48. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  49. ဒလန်အပေါဆုံးနဲ့ GL အများဆုံးနေရာက မို့ လှုပ်ရှားနေရတဲ့ဧရာ PDF အတွက် အများကြီးအားနာမိပါတယ်

    ReplyDelete
  50. 😥 ဒို့တိုင်းရင်းသားညီအကိုများ ...

    @ "ဖားကန့်အတွက် သွေးကြွေးဆပ်ရမည်"

    ကချင်လည်း ဒို့ကချင်
    ကယားလည်း ဒို့ကယား
    ကရင်လည်း ဒို့ကရင်
    ချင်းသည်လည်း ဒို့ချင်း
    မွန်သည်လည်း ဒို့မွန်
    ဗမာသည်လည်း ဒို့ဗမာ
    ရခိုင်သည်လည်း ဒို့ရခိုင်
    ရှမ်းသည်လည်း ဒို့ရှမ်း
    ဘယ်သူထိထိ ဒို့ထိတာဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  51. 🙂 အီးယောင်ဝါး ...

    @ အီးယောင်ဝါးဆိုတာ ...
    လူမှုရေးမှာမကောင်းသလို
    စီးပွားရေးမှာလည်းမကောင်းဘူး
    အီးယောင်ဝါးဆိုတာ ...
    နိုင်ငံရေးမှာမကောင်းသလို
    အုပ်ချုပ်ရေးမှာလည်းမကောင်းဘူး
    ဘယ်နေရာ ...
    ဘယ်အရာဘယ်သူ့အတွက်မှ
    အသုံးမဝင်ဘူး
    တော်လှန်ရေးမှာဆိုရင် ...
    ပိုဆိုးသွားလိမ့်မယ်လို့ဆိုချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  52. New day 💞 New hope

    ReplyDelete
  53. New day 💓 New hope

    ReplyDelete
  54. New day ❤️ New hope

    ReplyDelete
  55. New day 💝 New hope

    ReplyDelete
  56. Good days are coming 😊

    ReplyDelete
  57. Good days are coming 😊

    ReplyDelete

Post a Comment