အသံတိတ်သပိတ်လေးပါ ကြင်စိုးရာ

 မောင်အာကြီးရဲ့သရော်စာ

အသံတိတ်သပိတ်လေးပါ ကြင်စိုးရာ

Photo_Crd

ကြင်စိုးရဲ့ ခိုင်းနွားလေးတွေ ရုန်းနေကြပုံများ မောင်အာကြီးတို့ ထိုင်ရယ်ချင်စမ်းပါဘိကွယ်


မနက်ဖြန်ချွေးတလုံးလုံးနဲ့ နေပူထဲက ငမိုက်သားလေးတွေကို မောင်အာကြီးက အဲကွန်းခန်းထဲနေ ဘယ်အချိန် အုန်းကနဲမှာ ကားကနဲ ဖြစ်မလဲ သတင်းထိုင်စောင့်နေပါ့မယ်ဗျား~~~


မောင်အာကြီးရဲ့သရော်စာ

ARNs_Revolutionary_Art_Program


Comments

  1. good idea cartoon

    ReplyDelete
  2. 🙈🙉🙊

    ReplyDelete
  3. မကြာမီ...လာမည်..မျှော်

    ReplyDelete
  4. ကြားချင်လှ အုန်းချက်မိသံ
    ကြိုးစားလို့ကလစ်ပါမှ မြည်ဟီး
    တွန်းအားတွေတူညီပါမှ
    ပြည်သာကာ ရန်အေးဘို့လေး

    ReplyDelete
  5. အင်း doneပေါ့

    ReplyDelete
  6. 🙂 ဒို့ ... ဧရာဝတီသား ...

    @ ဘာသာတရား အလေးထား
    ဒို့ ဧရာဝတီသား၊
    ရိုးရိုးသားသား ကြိတ်ကြိုးစား
    ဒို့ ဧရာဝတီသား၊
    အမှန်တရား ဘက်တော်သား
    ဒို့ ဧရာဝတီသား၊
    မြန်ပြည်တလွှား ဓမ္မဖော်ဆောင်ထား
    ဒို့ ... ဧရာဝတီသား။
    စစ်မင်းထက်သာ

    ReplyDelete
  7. Happy birthday mother Su

    ReplyDelete
  8. ဦးနှောက်ပါပြီး မစဉ်းစားနိုင်တဲ့ သတ္တဝါတွေ

    ReplyDelete
  9. Replies
    1. 😍😍💪🏽💪🏽💪🏽🌸

      Delete
  10. June 21/ 🌙 Click♥

    ReplyDelete
  11. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  12. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  15. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  16. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 Sitt Min SaysAugust 2, 2022 at 8:31 PM

    🙂 အလွမ်း ...

    @ ဘယ်သူ့ကို ...
    လွမ်းတာလဲလို့ မေးကြတယ်
    လူသားပီပီ ...
    အလွမ်းဆိုတာ
    ကျနော့်ရင်ထဲမှာရှိတာပေါ့
    ပထမအလွမ်းက ...
    ကျနော့်ရဲ့ ရွှေနိုင်ငံတော်ကြီး
    ဒုတိယအလွမ်းကတော့ ...
    ကျနော်ပြောပိုင်ခွင့်မရခဲ့တဲ့
    ချစ်သူကိုလွမ်းတဲ့ အလွမ်းပေါ့။

    ချစ်မင်းထက်သာ(စစ်မင်းထက်သာ)

    ReplyDelete
  18. 🥷 Sitt Min SaysAugust 2, 2022 at 8:36 PM

    🥷 Love Song 2.

    ReplyDelete
  19. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. ခိုင်းနွားတွေအကုန်ရှင်းဖို့ PCF တွေ ကလစ်ကြစို့ 💪

    ReplyDelete
  21. 🥷 အပိုတွေမပြောတတ်ပါ ...
    သူငယ်ချင်းများ Click to Donate.
    များများလုပ်ပေးပါ။
    🥷 လေးစားပါတယ်
    စစ်မင်းထက်သာ

    ReplyDelete
  22. အုန်းဖို့.. Done စို့
    1-Done 💟

    ReplyDelete
  23. 🥷 ဒီလိုဘဝလေးတွေ ...
    မြင်နေကြားနေတာတောင်
    ကိုယ်ချင်းစာ အားမနာတတ်ရင်တော့
    မင်းတို့ လူမဟုတ်တော့ဘူးလို့ ...
    ငါပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 💪💪💪💪💪💪

    ReplyDelete
  26. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  30. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  32. မကြာမှီ ပွင့်လင်းရာသီ လာတော့မယ်
    အပျော်အပါးလဲ တွဲပါနိုင်တာမို့
    အရင်လို silent သပိတ်တွေ ဆင်နွဲကြဖို့ မျှော်လင့်တယ် silent သပိတ်ဟာ ကမ္ဘာမြေကြီး တုန်ဟီးသည်အထိ အကျိုးသ်ရောက်ပါစေသား

    ReplyDelete
  33. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  34. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 😌 သူငယ်ချင်း ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့တစ်ချို့တွေမှာ
    မောင်နှမအရင်းတွေထက်
    သူငယ်ချင်းဆိုတာ ပိုအားကိုးရတတ်တယ်
    မောင်နှမတွေမပေးနိုင်တဲ့ ...
    ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ
    ဂရုတစ်စိုက်စောင့်ရှောက်မှုတွေ
    စိတ်ပူပေးတတ်မှု နှစ်သိမ့်မှုတွေ
    ရရှိတတ်တယ်
    တစ်ကယ်တော့ ...
    သူငယ်ချင်းဆိုတာ
    အတိတ်ဘဝလေးရဲ့
    မောင်နှမတစ်ယောက်ပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  37. 🙂 ဂျင်း ...

    @ ဂျင်းဆိုတာ ...
    ဟင်းကောင်းတွေအတွက်
    အသုံးဝင်ပေမယ့်
    စကားတွေမှာတော့ ...
    လိမ်လည်ကြံစည်မှုပြယုဒ်ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  38. လမ်းချင်းတူလို့ လူချင်းတွေ့ကြတာ
    မင်းကို တန်ဖိုးထား‌ေလးစားပါတယ် သူငယ်ချင်း

    ReplyDelete
  39. 🙂 မျက်နှာငယ်ရပါတယ် ...

    🥷 တစ်ကယ်တော့ ...
    ကျနော်တို့တော်လှန်ရေးသမားများဟာ
    အသဲနှလုံး မရှိလို့မဟုတ်ပါဘူး
    ချစ်တတ်တယ်...သိပ်ချစ်တတ်တယ်
    ခက်တာက ...
    အချစ်နဲ့ပါတ်သက်လာရင်
    နှလုံးသားလေးက နုတတ်ပြီး
    တော်လှန်ရေးနဲ့ပါတ်သက်ရင်တော့
    အသဲက မာလာတတ်တယ်
    ဒီတော့ ...
    ကျနော်တို့တော်လှန်ရေးသမားတွေဟာ
    အချစ်နဲ့ပါတ်သက်လာရင် ❤️❤️❤️
    မျက်နှာငယ်ရပါတယ်
    မျက်နှာငယ်ရပါတယ်ဗျာ။

    🏇 စစ်မင်းရဲ့အတွေး

    ReplyDelete
  40. Victory is here and NOW

    ReplyDelete
  41. New day 💞 New hope

    ReplyDelete
  42. New day ❤️ New hope

    ReplyDelete
  43. New day 💖 New hope

    ReplyDelete

Post a Comment