ခွေးပျော်တဲ့ပွဲ

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

ခွေးပျော်တဲ့ပွဲ

~~~~~~~~~~~~~~~




ပွဲ


နွှဲပြီကွဲ့ နွှဲချီ... ဆွဲပြီတဲ့ဒီပွဲ


လော်သံစုံ သူဆင်နွှဲပါလို့...


ဟစ်ကြွေးကာ သံပြိုင်ကဲကြတယ်


ခွေးပျော်တဲ့ပွဲ

#ARNs_Revolutionary_Art_Program

#ရဲဘော်စလားဖန်း

#P#S

Comments

  1. `` Money ''

    -Money that all human beings love..
    everyone loves money, but only the human world can use it.

    -Money that can only be used in the human world, but money that people are already earning their lives , life is already earning full of money, but not everything can be solved with money.

    -Everything cannot be solved with money, but when there is no money, humble in a secular society, In society, money is the key to success, but money alone cannot solve everything.

    -Money does not solve everything but some people ruin their lives because they do not have money,some people ruin their lives because of money.

    -Is the puzzle of money amazing? If you are surprised, do not read on. I write to lazy😜😜

    Have you ever had problems with money? Have you ever been sad about money? Too complicated ``money ''

    ............❤Htet.........

    -

    ReplyDelete
  2. Keep stand on the right and let's go

    ReplyDelete
  3. Replies
    1. 👍👍👍👍👍👍🚣🚣

      Delete
  4. အထာတော့ကြလာပြီ

    ReplyDelete
  5. ဖိုက်တင်း 💪🏽💪🏽💪🏽

    ReplyDelete
  6. အမှန်ပဲ။

    ReplyDelete
  7. ✊ညီကြမယ်✊

    ခေတ်ဝန်ကို...ထမ်း
    ခေတ်လမ်းကို...ဖောက်
    လျှောက်သည့်....ခရီး
    ပန်းတိုင်..............နီးပြီ
    မငြီးကြနဲ့
    ညီကြကွဲ့။

    မှော်ဦးခိုင်

    ReplyDelete
  8. ဟိုအမအဆင်ပြေရင်💪💪💪

    ReplyDelete
  9. Done by အညတရ

    ReplyDelete
  10. 💪💪💪💪💪

    ReplyDelete
  11. 🙂 တစ်နိုင်ငံလုံးမှာရှိတဲ့ ...
    PDF,UGညီအကိုမောင်နှမများသို့ !!

    @ စစ်ရေးစစ်ရာမှာ ...
    ပေါ်တင်ပြောလို့မကောင်းပေမယ့်
    * တစ်ဦးနဲ့တစ်ဦး,တစ်ဖွဲ့နဲ့တစ်ဖွဲ့ စုံဆည်းဘို့
    မလွယ်တာကြောင့်၊ မတင်ချင်ဘဲနဲ့တင်ပါ
    ရစေ၊လုပ်ဖော်ကိုင်ဘက်တစ်ဦးကျဆုံးရင်
    အသဲကိုအပ်နဲ့တစိမ့်စိမ့်ထိုးနေသလိုခံစား
    ရတယ်ကွ၊
    * အဖွဲ့တစ်ခုမှာအနီးကပ်ရန်သူ(ဒလန်)လည်း
    အရေးကြီးသလို၊ ကိုယ့်အဖွဲ့သားတွေတစ်
    ဦးချင်းစီရဲ့ကိုယ်စိတ်နှုတ်လုံမှုအရေးကြီး
    တယ်ကွ၊
    * ဒီတော့,အခုကစပြီး အသေးအဖွဲကအစ၊
    ဂရုစိုက်ကြပါတော့။
    ၁.အထိုင်စခန်း
    * စိတ်ချလုံခြုံတဲ့နေရာရွေးပါ
    * ခြံစည်းရိုး၊ကာဘာ ၃ထပ်လောက်ကာ
    ထားပါ
    * နင်းမိုင်း၊ဆွဲမိုင်း၊အဝေးထိန်းမိုင်း သင့်
    တော်တဲ့‌နေရာတွေမှာ ဆင်ထားပါ
    * ဝပ်ကင်း၊အထိုင်ကင်း၊ထောက်ကင်း၃ခု
    လောက်ထားပါ
    * စခန်းတွင်းနေစဉ်၊ အိပ်စားနေ,သတိ၃ခု
    ထားပါ
    * ဆုတ်လမ်း၊တက်လမ်း သေသေချာချာ
    ရွေးထားပါ
    * တာဝန်အရ ကြီးသူရဲ့စကားနားထောင်၊
    အဖွဲ့ဝင်အချင်းချင်း သွေးသောက်ညီအ
    ကိုမောင်နှမသဖွယ် ချစ်ခင်လေးစားပါ။

    @ စစ်ဆင်ရေးထွက်လျှင်
    * Point,တပ်စိတ်အမြဲထားပါ၊စစ်ရေးစစ်
    ရာကျွမ်းကျင်သူဖြစ်ပါစေ
    * ဘယ်ထွက်ထွက်ဘာလုပ်လုပ်၊သိသင့်
    သူဘဲသိပါစေ
    * ကြိုပြီးPlan,ချထားဘို့လိုသလို၊နေရာ,
    နေ့ရက်,အချိန် ပြောင်းသင့်ပြောင်းရပါ
    လိမ့်မည်
    * အသင့်အနေအထား၊ သတိအမြဲတမ်း
    ကပ်ထားဘို့လိုသလို၊ အစစအရာရာ
    လက်ဦးမှုရယူပါ
    * တိုက်စစ်၊ခွာစစ်၊ခံစစ်...ပိုင်အောင်လေ့
    ကျင့်ထားကြပါ။

    @ အကောင်းဆုံးကတော့
    * အင်အားစုဖွဲ့မှုလုပ်ပါ
    * EROs,NUGနဲ့ မရရအောင်ချိတ်ဆက်ပါ
    * အောင်အတူ၊ရှင်အတူ ရဲဘော်ရဲဘက်၊
    သွေးသောက် ညီအကိုမောင်နှမစိတ်မွေး
    မြူလေ့ကျင့်ထားပါ။

    🙂 အပြစ်ပြောခြင်း၊ဆရာလုပ်ခြင်းမဟုတ်
    ပါ၊ မင်းတို့အသက်မပြောနဲ့သွေးတစက်
    ကျခြင်းတောင် လက်မခံချင်ကြပါ။
    အားလုံးကိုလေးစားလျှက်
    စစ်မင်းထက်သာ

    ReplyDelete
  12. ခွေးသေတွေမြင်ရတော့မယ်

    ReplyDelete
  13. မနက်ဖြန်အတွက် Ready ပဲလား။

    Project NAN HTIKE AUNG မှာ မြို့ပြရုပ်ရှင်အတွက် Booking တင်ကြရအောင်။
    Real True Man

    မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့ Project NAN HTIKE AUNG မှာ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေ။

    မြို့ပြကို လှုပ်နှိုးဖို့၊ မြို့ပြက စကစထောက်တိုင်တွေကို ဖြိုချဖို့ Project NAN HTIKE AUNG ကို ကူကြစို့နော်။
    💪

    ReplyDelete
  14. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  15. စစ်မင်းထက်သာJuly 9, 2022 at 2:37 PM

    🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  29. Happy Birthday Chu yay. 🎂🎉🎊
    တော်လှန်မွေးနေ့လေးပါနော်❤️

    ReplyDelete
  30. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  32. 🏇 ငါ ...

    🖕 အရာရာမှာ ...
    ငါသိတယ်ငါတတ်တယ်မလုပ်ပါနဲ့
    ငါထက်သိတဲ့သူ ...
    ငါ့ထက်တတ်တဲ့သူတွေက
    ငါတို့ရဲ့အသက်တွေကို ...
    နှုတ်သွားတတ်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  33. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  35. 🏇 ဗျူဟာ ...

    @ ဗျူဟာဆိုတာ ...

    ၁.စိတ်ဓါတ် ...
    အောင်စိတ်မွေးပြီး၊အောင်နိုင်ရေးကိုဦး
    တည်လို့ ခိုင်ခိုင်မာမာယုံကြည်ချက်နဲ့ဘက်
    ပေါင်းစုံက တိုက်ခိုက်ရမယ်၊
    ၂.စုစည်းခြင်း ...
    ဦးတည်ချက်တူရာ၊တစ်ဦးချင်း တစ်ဖွဲ့
    ချင်း၊တစ်စုချင်း ကွဲမနေဘဲ၊ကျစ်လစ်ခိုင်မာ
    စွာဖွဲ့စည်းပြီး တိုက်ခိုက်ရမယ်၊
    ၃.စုဆောင်းခြင်း ...
    တိုက်ခိုက်ရေးအတွက်၊လိုအပ်တဲ့ လူ၊
    ရိက္ခာ၊လက်နက်၊ဆေးဝါးစသည်တို့ကို ရနိုင်
    တဲ့ အဘက်ဘက်က စုဆောင်းရမယ်၊
    ၄.အကူအညီ ...
    ဘက်စုံထောင့်စုံကတွေးပြီး၊ ပြည်သူ
    ခရိုနီ၊ပြည်ပရောက်နိုင်ငံသားများ၊နိုင်ငံခြား
    တိုင်းပြည်မှ အပေးအယူအကူအညီများကို
    တတ်နိုင်သလောက်ရယူရမယ်၊
    ၅.မှန်ကန်မှု့နဲ့မြန်ဆန်မှု့ ...
    တော်လှန်ရေးဦးတည်ချက်ကို မည်သည့်
    အကြောင်းအရာနဲ့မျှ မတွန့်ဆုတ်ဘဲ၊ မှန်မှန်
    ကန်ကန်နဲ့မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရ
    မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  36. 🙂 လွပ်လပ်ရေး ...

    @ ဗိုလ်ချုပ်ပေးခဲ့တဲ့ ...
    လွပ်လပ်ရေးအစစ်ကို
    မင်းတို့ငါတို့ ...
    ပြန်တိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  37. နောက်ဆုံးတော့ လင့်ကတစ်ဆင့်ရောက်လာခဲ့ပြီ 😵

    ReplyDelete
    Replies
    1. ဟီး ဟီး ဖိုက်တင်း

      Delete
  38. မောနီး 😁

    ReplyDelete
  39. အမြန်ဆုံးကျန်းမာပါစေ ရဲဘော်စလာဖန်းရေ💪🏻💪🏻💪🏻💪🏻🫶

    ReplyDelete
  40. Be safe 🙏 all!

    ReplyDelete
  41. New day ❤️ New hope

    ReplyDelete
  42. New day 💞 New hope

    ReplyDelete
  43. Good days are coming 😊

    ReplyDelete

Post a Comment