ကြင်စိုးရဲ့ အဖြစ်ဆိုး

ကြင်စိုးရဲ့ အဖြစ်ဆိုး

မောင်အာကြီးရဲ့သရော်စာ_အပိုင်း(၃)



ကြင်စိုး...  ကြင်စိုး လုပ်ချင်တော့ ပြောင်ရှင်း

မင်းပိုင်သကွာဆိုတဲ့အကွက်…

မျိုးဖြစ်နေတာက အရူးဖျင် သရဲဠိုးသလို အော်သာအော်နေတာ ဘယ်နေရာက ချနေမှန်းကိုမသိတာ

ကြင်စိုးနောက်လိုက်ခွေးတသိုက်ကတော့

ကြင်စိုးခိုင်းတယ်ဆို လော်နဲ့ဟစ်တာတမျိုး

လက်မှတ်ထိုးခိုင်းတာ တဖုံ နဲ့ 

ဘောလျှက်နေကျတာ ဆားလေးတို့တို့ပြီးတော့ သူတပါးတွေ နှစ်ကူး တောင်ဆိုင်ပိတ်မခံပဲ 

လူအခွင်အရေးတွေ ဗြောင်ချိုးဖောက် 

ဖျာအိမ်လောက်လူမစည်တဲ့ ထောက်ခံပွဲတွေ လုပ်ပြီး 

လူတွေရှိကြောင်းပြဖို့အသည်းအသန်တွေ

လုပ်ပြနေရတာ...  

ပြည်သူတွေက လမ်းပေါ်မထွက်ဘူးလေ 

လမ်းပေါ်ထွက်ကျပါတော့လို့ လိုက်အော်လို့လည်မရ

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ နောက်လိုက်ခွေး

တသိုက်မှာ  ခွေးများ ချီးပုံပျောက်သလို နှာခေါင်းလေးတရှုံ့ရှုံနဲ့ပေါ့ 

အာဏာသိမ်းတစ်နှစ်ပြည့်အထိမ်းမှတ်အနေနဲ့ 

ဧရာဗေဒါက ပလဲ့ဆန့်အနေနဲ့ ဖျာပုံမြို့နယ်ထဲက ကံသာရွာမှာရှိတဲ့ မိုင်တဲတိုင်တတိုင်ကို ဖောက်ခွဲမီးရှို့ ပေးလိုက်တာ... မိုင်တဲ မိုက်တယ်

ဒီကြားထဲမအူပင်မှာ ရခ နှစ်ကောင် ဘယ်ကောင်

ပစ်မှန်းမသိပဲ ငရဲကိုတန်းဆင်းသွားတော့ ပျာယာခတ်ပြီး တပ်ထောက်ခံပွဲဘောမပွဲပါ

ပျက်မလိုလိုဖြစ် နေ့စားသမားတွေကလည်း မလိုက်ရဲ့....  

မောင်အာကြီးတော့ အမတ်ဦးပေါ်ဦးပြောသလို

နိုင်နေပါပြီဆိုတာ တွေးလိုက် ရီလိုက်နဲ့ Silent နေတာရီသံတောင်ကျယ်သွားလားမသိပါဘူး

ပုံပြင်ကဒီလို...

လှေပြိုင်ပွဲသဘင်မှာ ဘုရင်ကြီးရဲ့လှေက မိဖုရားကြီးရဲ့ လှေနောက်ကနေ ကပ်လိုက်ရင်း အပြင်းအထန် ပြိုင်နေတုန်း ဘိုးတော်ဘုရားက ဦးပေါ်ဦးကို မေးတယ်

 'ဟဲ့ ပေါ်ဦး ငါ့လှေက မိဖုရားကြီးလှေကို နိုင်ပါ့မလားဟ'

'ဘုန်တော်ကြောင့် မင်းကြီးရဲ့လှေသာ အနိုင်ရမှာပါ ဘုရား' 

လို့ ဦးပေါ်ဦးက ရဲရဲကြီး လျောက်တင်တယ်

နောက်ဆုံး ပန်းဝင်တော့ မိဘုရားကြီးရဲ့ လှေက လှေတပြန်အသာစီးနဲ့ ရှေ့က ပန်းဝင်သွားပါလေရော။

ဘိုးတော်ဘုရား :  'ဟဲ့ ပေါ်ဦး နင်ပြောတော့ ငါ့လှေ မုချနိုင်မယ်ဆို' 

ဦးပေါ်ဦး : 'ဘုန်းတော်ကြောင့် ကျွဲနိုင်နွားနိုင်ကြီးကို နိုင်ပါတယ် ဘုရား'

ဘိုးတော်ဘုရား : 'ဟဲ့ကောင် ငါ့လှေတော်က မိဖုရားကြီးရဲ့ လှေနောက်ကနေ ပန်းဝင်သွားတာ မမြင်ဘူးလားဟဲ့'

ဦးပေါ်ဦး : 'မှန်လှပါ ကျွဲများ နွားများ ယှဉ်ပြိုင်ကြရင် နိုင်သူက နောက်ကလိုက်ဝှေ့လို့ ရှုံးသူကသာ ရှေ့ကပြေးရရိုးပါ ဘုရား'

😁😁😁

မင်းတို့ အဘ နိုင်နေပြီ

မှတ်ထား ကြင်စိုးနောက်လိုက်ခွေးတွေ

မင်းတို့ကို ပြည်သူတွေကဝိုင်းထားပြီ

ပြေးနိုင်မှ အသက်ရှည်မယ်နော် 

တော်လှန်သွေးမအေးနဲ့

ထလော့ ဧရာဝတီ

“Silent Strike မှာပါဝင်တဲ့ ဧရာသူဧရာသားတွေကို ဒီနေရာက အလေးပြုလိုက်ပါတယ်”

မောင်အာကြီး

ARNs_Revolutionary_Art_Program

Comments

  1. We are the champions my friend... we keep on fighting till the end

    ReplyDelete
  2. Good example 😆

    ReplyDelete
  3. စိတ်လျှော့ 😅

    ReplyDelete
  4. Good writer.
    We must win.

    ReplyDelete
  5. မအလ စစ်အုပ်စုကတော့ ခွေးဝဲစား နိုင်နည်းနဲ့ ပြည်သူတွေကို နိုင်နေပါတယ်
    ပြည်သူတွေက ခွေးဝဲစားကိုက်မှာ ကြောက်လို့ ရှောင်ကြ ပုန်းကြ ပြေးကြရပါတယ် ။
    နောက်ကလိုက်ကိုက်တဲ့ မအလစစ်အုပ်စု ခွေးဝဲစားတွေရဲ့ နိုင်နည်းပေါ့ ။

    ReplyDelete
  6. အသိဉာဏ်၊ ကိုယ်ချင်းစာ တရား မဲ့သူတွေသာ ‌ောက်ခံကြတယ်ထေ

    ReplyDelete
  7. မအေလုံး မင်းအောင်လှိုင်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. Happy birthday mother Su

    ReplyDelete
  10. June 21/ Night Click♥

    ReplyDelete
  11. ကြင်စိုးဖို့ ကြိုးစင်

    ReplyDelete
  12. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  15. ရေပေါဆီ တွေမပါလဲ နိုင်အောင်တိုက်မယ် 👊

    ReplyDelete
  16. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  17. အာဇာနည် စိတ်ဓာတ်နဲ့ အာဏာရှင်အမြစ်ဖြတ်မယ်

    ReplyDelete
  18. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 Sitt Min SaysAugust 2, 2022 at 8:19 PM

    🙂 အလွမ်း ...

    @ ဘယ်သူ့ကို ...
    လွမ်းတာလဲလို့ မေးကြတယ်
    လူသားပီပီ ...
    အလွမ်းဆိုတာ
    ကျနော့်ရင်ထဲမှာရှိတာပေါ့
    ပထမအလွမ်းက ...
    ကျနော့်ရဲ့ ရွှေနိုင်ငံတော်ကြီး
    ဒုတိယအလွမ်းကတော့ ...
    ကျနော်ပြောပိုင်ခွင့်မရခဲ့တဲ့
    ချစ်သူကိုလွမ်းတဲ့ အလွမ်းပေါ့။

    ချစ်မင်းထက်သာ(စစ်မင်းထက်သာ)

    ReplyDelete
  20. သွေးကွဲရင်ခွေးဆွဲခံရမယ်

    ReplyDelete
  21. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 ဒီလိုဘဝလေးတွေ ...
    မြင်နေကြားနေတာတောင်
    ကိုယ်ချင်းစာ အားမနာတတ်ရင်တော့
    မင်းတို့ လူမဟုတ်တော့ဘူးလို့ ...
    ငါပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🌸🌸🌸🍃🍃🍃

    ReplyDelete
  24. 🥷 ငါမေးမိမယ် ...

    @ ဝေဖန်ပိုင်းခြား ...
    ဦးနှောက်ဉာဏ်မရှိ
    ရန်သူမိတ်ဆွေမထား ...
    စိတ်ထင်တိုင်း ပစ်သတ်တယ်
    မင်းတို့ဘာလဲ ? ...
    မင်းတို့ဘယ်လဲ ?
    ငါမေးမိမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. ဒို့ ဧရာဝတီသား
    မြန်ပြည်တလွှား ဓမ္မဖော်ဆောင်ထား
    ဒို့ ... ဧရာဝတီသား။

    ReplyDelete
  26. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  32. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  33. "အဘ နိုင်နေပြီဟေ့"
    အော်သံတော့ ကြား
    အသံက "အောက်သံ" နဲ့
    ဘယ်နေရာလဲ ရှာလိုက်တာ
    👀 တပတ်ကို လည်ပါရော
    သေချာကြည့်မှ
    ငရဲပြည် ၈ထပ်ကနေ
    🎤 နဲ့ အော်နေသဗျ

    " နိုင်နေပြီ အဘရေ .. နိုင်ပါပီ "
    အော်ရင်း ငရဲအိုးထဲဇောက်ထိုးကျ "

    ReplyDelete
  34. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  35. 🙂 စိတ် ...

    @ Postတစ်ခုတွေ့လို့ ...
    ၁၄/ဖြစ်လို့ရှက်စရာကောင်းလား ?တဲ့
    အမှန်ပြောရရင် ...
    ရုပ်ပိုင်းဆိုင်ရာနဲ့မဆိုင်သလို
    ကိုယ်ခံယူထားတဲ့ ...
    အတွင်းစိတ်နဲ့သာဆိုင်ပါကြောင်း
    ပြောပါရစေ
    ဘယ်သူဖြစ်ဖြစ် ...
    မတရားတာကိုသိပြီး
    ကိုယ်ရဲ့စိတ်ကတွန်းလှန်နေတဲ့စိတ်
    တာဝန်ယူလိုတဲ့စိတ်နဲ့အနိုင်ယူလိုတဲ့စိတ်
    ရှိနေရင်ရပါပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 😌 သူငယ်ချင်း ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့တစ်ချို့တွေမှာ
    မောင်နှမအရင်းတွေထက်
    သူငယ်ချင်းဆိုတာ ပိုအားကိုးရတတ်တယ်
    မောင်နှမတွေမပေးနိုင်တဲ့ ...
    ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ
    ဂရုတစ်စိုက်စောင့်ရှောက်မှုတွေ
    စိတ်ပူပေးတတ်မှု နှစ်သိမ့်မှုတွေ
    ရရှိတတ်တယ်
    တစ်ကယ်တော့ ...
    သူငယ်ချင်းဆိုတာ
    အတိတ်ဘဝလေးရဲ့
    မောင်နှမတစ်ယောက်ပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  37. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  38. 🙂 ဂျင်း ...

    @ ဂျင်းဆိုတာ ...
    ဟင်းကောင်းတွေအတွက်
    အသုံးဝင်ပေမယ့်
    စကားတွေမှာတော့ ...
    လိမ်လည်ကြံစည်မှုပြယုဒ်ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  39. New day 💗 New hope

    ReplyDelete
  40. New day ❣️ New hope

    ReplyDelete
  41. New day 💞 New hope

    ReplyDelete
  42. New day 💗 New hope

    ReplyDelete
  43. New day ❤️ New hope

    ReplyDelete
  44. New day 💞 New hope

    ReplyDelete
  45. New day ❤️ New hope

    ReplyDelete

Post a Comment