ချဲသမားစကား အငှားပြောရရင် …
*******************************
ချဲသမားစကား အငှားပြောရရင် …
ဓါတ်ဆီဆိုင်တွေမှာ ဆီရဖို့အရေး တန်းစီနေရတယ်ဆိုတဲ့ သတင်းတွေဖတ်ရတော့ မောင်နွေဦးတို့ မိဖတွေပြောပြတဲ့ မဆလ ခေတ်နှောင်းပိုင်းက စောက်ကျိုးနည်း ကမောက်ကမတွေအကြောင်း သတိရမိတယ်။ အဲသည်ခေတ်ကာလက ရှားလိုက်တဲ့ပုံများ ဆပ်ပြာလေးတောင် လူလိုသူလို မတိုက်ရဘူးတဲ့။ LUX ဆပ်ပြာဆိုတဲ့ ဆပ်ပြာမွှေးက ၁၉၈၅ ခုနှစ်လောက်ကမှ ယိုးဒယားမှောင်ခို ကျေးဇူးကြောင့် သုံးရတာဆိုပဲ။ ဒါကလည်း အဖေတို့ အမေတို့လို အာတကေ မရတဲ့ ရုံးဝန်ထမ်းတွေ ဘယ်သုံးဖူးပါ့မလဲ။ အဲတော့ ကုန်သွယ်ရေးက ထုတ်တဲ့ “မွေး” နဲ့ “ကာဘော်လစ်ဆပ်ပြာ“ ဆိုတာကို သုံးရတယ်။ ရံဖန်ရံခါ သမဆိုင်က ထုတ်ပေးတဲ့ “ရွှေဝါ” နဲ့ “သပြေညို” ကိုလျှော်ဖွတ်ဖို့ သုံးရတယ်။ ဆပ်ပြာမှုန့်ကတော့ “သက်သာ” ပေါ့လေ။ အံမယ် ... ဒါတွေကလည်း လိုချင်တိုင်း ဝယ်လို့ရတယ် ထင်သလား။ ပါတီ ကောင်စီဆိုတဲ့ အာဏာပိုင် ရေပေါ်ဆီလောက်သာ သမဆိုင်တွေ၊ ကုန်သွယ်ရေးဆိုင်တွေကနေ ဝယ်လို့ရတာ။ တခါတလေ လူကြားလို့ကောင်းအောင် ခွဲတမ်းချပေးတာတော့ ရှိတာပေါ့။ ဒါကလည်း ဆယ်ခါရံ တခါ။ ပေါပေါလောလော ဝယ်လို့ရတဲ့ ဆပ်ပြာကတော့ “ဆင်ချေးတုံး ဆပ်ပြာ”။ ဒါက ပုဂ္ဂလိက ဆပ်ပြာ။ အရောင်ကို အနက်ရောင် ဆိုးလိုက်တာ။ အဲဒီ သမဆိုင်တို့၊ ပြည်သူကုန်တိုက်တို့၊ ကုန်သွယ်ရေးအရောင်းဆိုင်တို့ကနေ ရောင်းပေးတဲ့ ကုန်ပစ္စည်း ခွဲတမ်းတွေကို လူတွေက တန်းစီတိုးတယ်။ ပစ္စည်းကောက်တဲ့သူတွေဆီ အမြတ််လေး မစို့မပို့နဲ့ ပြန်ရောင်းကြတယ်။ ရောဘတ်အိုဝင်သာ တွေ့လို့ကတော့ အဲ့နားတင် တိုင်နဲ့ ခေါင်းနဲ့ ဆောင့်သေလို့ရတယ်။
အဲဒီခေတ်က မီးဖွားပြီးခါစ ကလေးအမေတို့ရဲ့ ဒုက္ခလည်း မသေးပေဘူး။ ပိုင်ရာဆိုင်ရာ မရှိလို့ကတော့ အနှီးလေးတထည်ရဖို့ ဆယ်အိမ်ခေါင်းကနေ ရပ်ကွက်ဥက္ကဌအထိ အဆင့်ဆင့်ထောက်ခံစာယူပြီးမှ သမဆိုင်မှာ လျှောက်ကြရတာ။ နို့်မထွက်တဲ့ ကလေးအမေများဆို အပြင်မှာ နို့မှုန့်ကလည်း မဝယ်နိုင်၊ သမဆိုင်ကလည်း ခွဲတမ်းကမရဆိုတော့ နို့ထွက်များတဲ့ တခြားမိခင်တွေဆီက လပေးနဲ့ ကလေးနို့တိုက််ရတာမျိုးတောင် ရှိကြတာ။ သမဆိုင်က ခွဲတမ်းရမယ်ဆိုတောင် နို့မှုန့်အရေအတွက်နဲ့ ကလေးအမေအား မမျှတဲ့အခါများတော့ သမစာရေးမဆီမှာ နို့ထွက် လူတွေ့စစ်ဆေးခြင်းဆိုတာမျိုး လုပ်ရသေးတာ။ အဲဒါက အင်တာဗျူးတဲ့ အချိန်ရောက်ရင် သမစာရေးမက သမဆိုင် ချောင်ထဲခေါ်သွားပြီး ကလေးအမေက နို့လှန်… နို့ထွက်မထွက် လက်တွေ့ ညှစ်ပြရတာမျိုး။ သမအရောင်းစာရေးမတွေများ ဘဝင်လေဟပ်ချက်က အရပ်ထဲ ပြောစမှတ်ကို ဖြစ်လို့။ မျက်နှာကြောတင်းတဲ့ မိန်းကလေးတွေဆို ကာလသားတွေက “မျက်နှာပေးကိုက သမဝါယမဆိုင်က စာရေးမ ကျနေတာကပဲ” လို့ စကြနောက်ကြသတဲ့။
သည်လိုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်ခေတ်ကြီးမှာ ပြည်သူတွေ အစားဆင်းရဲ၊ အနေဆင်းရဲခဲ့ရတယ်။ “ဆိုရှယ်လစ်စီးပွါးရေးစနစ်” မှာ တောက်လျှောက်ကြွေးကြော်ခဲ့တာကတော့ “နိုင်ငံခြားငွေ ချွေတာရေး” ပဲ။ အဲသည် နိုင်ငံခြားငွေချွေတာရေးဆိုတဲ့အောက်မှာ “ပါတီ၊ ကောင်စီ” ဆိုတဲ့ အခွင့်ထူးခံလူတန်းစားရယ်၊ “အဖိနှိပ်ခံ လူထု” ရယ်ဆိုပြီး လူတန်းစားနှစ်ရပ်သာ ထီးထီးကြီး ပေါ်လာခဲ့တယ်။
မဆလခေတ်က ပြည်သူ့ဒုက္ခကို မကြုံဘူးတာလား၊ မကြားဘူးတာလားမသိ… ဇော်မဲလုံး သတင်းစာရှင်းလင်းပွဲမှာ သမစာရေးမမျက်နှာပေးနဲ့ သတင်းထောက်ဆိုတဲ့ အဟွာမက သွားလေသူ ဦးနေဝင်းကို အမွှန်းတွေ တင်လို့။ စောက်ကျိုးနည်း သူ့ပထွေးက သမလူကြီးများ လုပ်ခဲ့တာလား မသိ။ ကြုံတုန်း သတင်းစာရှင်းလင်းပွဲဆိုတာကြီးကို မောင်နွေဦး စိတ်ထဲတော့ ဇော်မဲလုံးတယောက် ဩဝါဒခံယူရတဲ့ပွဲလို့ပဲ မြင်မိတယ်။ ဗိုလ်ချုပ်… ဗိုလ်ချုပ်… ခေါ်လိုက်တဲ့ ဗိုလ်ချုပ်၊ ပြီးရင် သတင်းထောက် ဆိုသူတွေကပဲ ဗိုလ်ချုပ်… အကြံပေးချင်ပါတယ်… ဒီလိုဖြစ်သင့်ပါတယ်တဲ့။ ဇော်မဲလုံးတို့ ခေတ်ကျမှပဲ “နိုင်ငံတော် ငမျောက်ငခြောက် အကြံပေး” တွေ ပေါလတ်တာ…ပေါလတ်တာဆွာ။ တကယ်ဆိုရင် သူတို့ဓာတ်ပုံတွေ မှန်ဘောင်သွင်းပြီး ဗိုလ်မဲလုံးက ညအိပ်ခါနီးတိုင်း ပူဇော်သင့်တာ။ ဆရာကျေးဇူး မမေ့ကောင်းဘူး မောင်မဲလုံး။
မအောင်မြင်ခဲ့တဲ့ မဆလခေတ်က နိုင်ငံခြားငွေ ချွေတာရေး ပေါ်လစီကို ခု ကြင်စိုးတို့ ကျင့်သုံးနေတယ်။ ခုကတည်းက စက်သုံးဆီ အလုံအလောက် သွင်းမရတဲ့ ပြသနာ၊ စားအုန်းဆီ ရှားပါးတဲ့ ပြသနာကစလို့ မြန်မာ့စီးပွားရေးဟာ ရေမျောကမ်းတင် ဖြစ်လာပါပြီ။ အခြေခံလိုအပ်တဲ့ လောင်စာဆီ၊ စားသုံးဆီတောင် လုံလုံလောက်လောက် တင်သွင်းလို့ မရမှတော့ ကျန်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဆိုတာကတော့ ရှားသထက် ရှားလာဦးမှာပဲ။ ဆေးဝါးနဲ့ ဆေးဝါးပစ္စည်းတွေက အရင်က လိုင်စင်မလိုတဲ့ ကင်းလွတ်ကုန်။ အရင်က ပျိုမေတို့ ဘာညာလာရင် ခံရတဲ့ အဟွာတွေက လိုင်စင်မလို ကင်းလွတ်ကုန်တွေဖြစ်ပေမဲ့ ခုကျတော့ လိုင်စင်နဲ့မှ ဆိုပြီး၊ လိုင်စင် ချမပေးဘူး ဆိုတော့ကာ …
ယူတို့လည်း ခါးတောက်ကျိုက်နေဖို့သာ ပြင်ထားပေရော့။
ခါးတောင်းမကျိုက်ချင်ဘူးဆိုရင်…
ဆင်ချေးတုံးဆပ်ပြာ မသုံးချင်ဘူးဆိုရင်…
မိခင်လောင်းလျာတွေ နို့လှန်ပြီး အစစ်မခံချင်ဘူး ဆိုရင်…
လှူစရာရှိတာ နောက်မတွန့်ပဲ လှူကြပါ။
“ပိုင်လို့ကတော့ အိမ်တိုင်ပါ ချွတ်ထိုးပလိုက်မယ်” ဆိုတဲ့ ချဲသမားစကား အငှားသုံးပြီး ပြောလိုက်ချင်ပါတယ်။
…..
…..
…..
“အိမ်တိုင်ပါ ချွတ်လှူလိုက်တော့”
မောင်နွေဦး ( ဥတ္တရမဲဇာ)
ARNs
Satire

Good Night all
ReplyDeleteGood night "Htet"✨😍
DeleteGood afternoon dear😍
DeleteAppreciate.
Deleteရှိသလောက်လေးတော့ရင်းနေပါတယ်😁
ReplyDelete👍👍👍
ReplyDelete💪
ReplyDeleteOk Ok👍
ReplyDelete👍👍
ReplyDeleteDone
ReplyDeleteညက wifi မရလို့မ click လိုက်ရဘူး😍😍😍
ReplyDeleteDone.
ReplyDeleteအိမ်တိုင်တော့မချွတ်သေးဘူး မိဘရှိလို့ ကိုယ်ပိုင်တဲ့ဟာတော့ဖျောပြီးပေါ့ 😎😏၊😁
ReplyDeleteမိဘမရှိရင် အိမ်တိုင်ချွတ်မယ်ပေါ့နော်😁😁
Delete😂😂🤭🤭
Delete👍👍
ReplyDeletedone
ReplyDeletedone
ReplyDeletewe must win
ReplyDeletedone
ReplyDeleteမအိမ်လုံး မင်းအောင်လှိုင်
ReplyDeleteမင်းအောင်လှိုင် မအိမ်လုံး
Deleteမအိမ်လုံး မင်းအောင်လှိုင်
Deleteမင်းအောင်လှိုင် မအေလုံး
Deleteဒီကဗျာလေး သုံးပေးပါခင်ဗျာ
ReplyDelete🙂 အညတရ ...
@ သပိတ်တိုက်ပွဲ ..
အစမှအဆုံး သူပါဝင်ခဲ့
မထင်မရှား အညတရအနေနဲ့၊
@ CDMစတော့လည်း ...
အခုအထိ သူပါဝင်စဲ
မိသားစုအရေး ...
သူမျှော်တွေးလို့ မထင်မရှား
အညတရအနေနဲ့၊
@ PDF,UGတော်လှန်ရေးလည်း ...
သူမနေသာ အခါခါအကြံဉာဏ်ပေး
ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ
နေရာတကာ အညတရအနေနဲ့၊
@ ကိုယ့်အတွက် ...
နေရာ အတည်အကျမရှိ
မိသားစုလည်း ဘယ်ရောက်သည်မသိ
သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ
အညတရဘဝလေး ဆိုးပါဘိ။
စစ်မင်းထက်သာ
Click ❤️
ReplyDeletePlease click 💪
Deleteအညာကလူတွေကတော့ အိမ်တိုင်ချွတ်စရာမရှိတော့လို့ နားကပ်ချွတ်လှူနေကြပီ
ReplyDeleteမဆလခေတ်ပြန်ရောက်နေပီ
ReplyDeleteကိုယ်ဆီကလူတွေက အတတ္တကိုရှေ့တန်းတင်တုန်း
DeleteWe must win 💪💪💪
ReplyDeleteDone👩💻
ReplyDeleteJune 18 / Click
ReplyDeleteရီစရာဖြစ်နေတယ် ...
ReplyDeleteမတရားတဲ့ဘက်က မင်းဘောမနေမှ
မင်းလည်း တစ်နေ့၊ မကြာခင် တစ်နေ့
အဝီစိငရဲ ဇောက်ထိုးဆင်းမှာဘဲ။
Real True Man
🙂 ချစ်သူငယ်ချင်း ...
ReplyDelete@ မင်းတို့ငါတို့သူငယ်ချင်းတွေ ...
ပြန်ဆုံဘို့ မလွယ်တော့ဘူးသူငယ်ချင်း၊
တစ်ချို့က တော်လှန်ရေးPdf,Ugထဲမှာ
တစ်ချို့က တော်လှန်ရေးသပိတ်ထဲမှာ
တစ်ချို့က မိဘမောင်ဖွားတွေနဲ့စစ်ရှောင်မှာ
@ မင်းရော ဘာလုပ်နေလဲသူငယ်ချင်း ...
တို့တွေ အတူတူငြိမ်းချမ်းစွာဆန္ဒတွေဖော်
ထုတ်ခဲ့ကြတယ်၊ အတူတူဒုက္ခခံပြီး နေရာစုံ
ဒေသစုံ၊ ပြေးရင်းလွှားရင်း အတူတူစား, အ
တူအိပ်ခဲ့ကြတယ်၊ သေအတူရှင်မခွဲ, တတွဲ
တွဲနဲ့ပေါ့၊ အခုသူတို့မရှိတော့ဘူး၊
@ ငါကတော့ ...
နေရာစုံရောက်နေတယ်သူငယ်ချင်း၊ တစ်
ချို့သူငယ်ချင်းတွေလည်း ပြန်တွေ့ရတာရှိ
သလို၊ တစ်ချို့ကတော်လှန်ရေးလုပ်ရင်း ဒီ
လောကမှာ မရှိကြတော့ဘူးသူငယ်ချင်း၊ငါ
မချိတင်ကဲဖြစ်သလို သူတို့ကိုကမ္ဘာကြေတာ
တောင် ဥဒါန်းမကျေနိုင်ဘူးသူငယ်ချင်း၊ ငါ
ဒီတော်လှန်ရေးကြီးအောင်မှ ပြန်လာမယ်၊
@ ဒီတော့ကွာ ...
မင်းလည်း " ဗလမရှိပေမယ့် ဇရှိတယ် "
ဆိုတာ ငါယုံကြည်နေတုံးပါသူငယ်ချင်း၊တ
ခုဘဲ တောင်းဆိုချင်တယ်သူငယ်ချင်း ...
* ငါတို့မြို့သိမ်းတိုက်ပွဲ ဆင်နွုဲတဲ့အခါ ...
∆ ငါဘဲဖြစ်ဖြစ်၊ငါ့အဖွဲ့ဘဲဖြစ်ဖြစ်နွေးထွေး
စွာကြိုဆိုပေးပါ၊
∆ လိုလေသေးမရှိကူညီပေးပြီး၊မင်းတတ်နို
င်တဲ့ဘက်က ဝိုင်းတိုက်ပေးပါ၊
∆ အောင်ပွဲနဲ့အတူ ငါပြန်လာတဲ့အခါ၊အော
င်သပြေပန်းနဲ့အတူ မင်းကြိုပေးပါကွာ။
အစစအရာရာဂရုစိုက်ပါကွာ
မင်းရဲ့သူငယ်ချင်း
June 26 Click ♥
ReplyDeleteNway Oo
ReplyDeleteဆင်ချေးတုံးဆပ်ပြာသုံးတဲ့ခေတ်ပြန်မရောက်ရေးကလစ်ပေး😎
ReplyDeleteDone
ReplyDeletewe must win
ReplyDelete🙂 အံ့ဩမိသည် ...
ReplyDelete@ Covidဖြစ်နေတဲ့အချိန် ...
အာဏာသိမ်းလို့၊အံ့ဩမိသည်
မတရားမှုကိုမခံ ...
ဒို့တွန်းလှန်ဟု၊Geneတို့မျိုးZ
ရှေ့မှထွက်ပြီ၊အံ့ဩမိသည်
ငြိမ်းချမ်းဖော်ထုတ် ...
ဒီလူအုပ်ကို၊သေနတ်ကျည်ဖြင့်
ဖြေရှင်းသည်ကို၊အံ့ဩမိသည်
ငြိမ်းချမ်းရေးလည်းမရ ...
သူချကိုယ်ချဟု၊Geneတို့မျိုးZ
ရှေ့တန်းထွက်ပြီ၊အံ့ဩမိသည်။
စစ်မင်းထက်သာ
🙂 ငြိမ်းချမ်းတိုးတက်ရေး ...
ReplyDelete@ မင်းနဲ့ငါ ...
မိတ်ဆွေမဟုတ်ပေမယ့်
ရန်သူတော့မဟုတ်
တစ်မိုးအောက်ထဲနေလို့၊
@ မင်းနဲ့ငါ ...
အဖြူအမဲ ကွဲလွဲနေပေမယ့်
ငြိမ်းချမ်းရေးလမ်း
လျှောက်ချင်တာအတူတူ၊
@ မင်းနဲ့ငါ ...
တိုက်တာချင်း မတူပေမယ့်
တိုးတက်စေချင်တာအတူတူ၊
@ မင်းနဲ့ငါ ...
ဘက်ချင်းမတူပေမယ့်
ဓမ္မဘက်ချင်း တူလာရင်တော့
အမြန်ငြိမ်းချမ်းတိုးတက်လာမှာ
အမှန်ပေါ့။
စစ်မင်းထက်သာ
fighting! 👍👍
ReplyDeleteDone
ReplyDelete🙂 ငွေသခင် ...
ReplyDelete@ မခေါ်ဘဲနဲ့လာ ...
မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
လောကဓမ္မတာ၊
သခင်ပါမှ ...
ဘဝရဲ့နိဗ္ဗာန်ပမာ
ရေလိုလည်း အေးတတ်တာ
မီးလိုလည်း မွှေတတ်တာ
လောကရဲ့ဓမ္မတာ။
စစ်မင်းထက်သာ
🙂 စံနစ် ...
ReplyDelete@ အနှစ်လည်းမရှိ ...
အချစ်လည်းမရှိ
ဒီခေတ်နဲ့ဒီစံနစ်၊
ဥပေက္ခာတရား ...
လက်ကိုင်ထားတဲ့ခေတ်
ကိုယ်ချင်းစာတရား ...
လုံးဝမထားတဲ့ စံနစ်
ဒီခေတ်ဒီစံနစ်လောက် ...
စိတ်ပျက်စရာရှိမည် မထင်ပါ။
စစ်မင်းထက်သာ
သနားတာလည်း နှစ်ယောက်မရှိဘူး သူတို့အပြင် လှူဖို့ပြောရင် ရူးသလို နှမ်းသလို ဖြစ်ကုန်ကြရော
ReplyDelete🙂 ပွင့်လင်းမြင်သာတဲ့ ...
ReplyDeleteဒီခေတ်ကြီးထဲမှာ၊အကောင်းနဲ့အဆိုး
လိုချင်မက်မောမှုနှင့်ပေးဆပ်လိုက်ရမှု
လုပ်ချင်တာနဲ့လုပ်သင့်တာဆိုတာရှိတယ်
အများကြီးစဉ်းစားရတယ် ...
အများကြီးလည်းစဉ်းစားသင့်တယ်။
စစ်မင်းထက်သာ
Photos - Credit !
💎
ReplyDelete😥 ကြောက်တယ်
ReplyDeleteကြောက်နေတယ် ...
@ ငါ့အခန်းလေး ...
မှောင်မိုက်နေတယ်
မီးလည်းပျက်နေသလို ...
ဖရောင်းတိုင်လည်းမရှိဘူး
စိတ်ညစ်တယ် သူငယ်ချင်း၊
@ ငါဆန်ပြုတ် ...
သောက်နေရတယ်
နေလည်းကောင်းသလို ...
အစားအသောက်လည်းမပျက်ပါဘူး
ဒါပေမယ့် ...
ဝယ်စရာပိုက်ဆံကမရှိဘူး
စိတ်ညစ်ရပါတယ် သူငယ်ချင်း၊
@ ငါလေ ...
ချမ်းနေတယ်ကွာ
ဝတ်စရာအနွေးထည်မရှိသလို
ငှါးနေတဲ့အိမ်ကလည်း ...
မိုးကယို မလုံမခြုံနဲ့ကွာ
ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊
@ အရင်လိုလည်း ...
အပြင်မထွက်ဖြစ်ဘူး
ပစ်ခတ်သံတွေကြားနေရသလို
အစစ်အဆေးကလည်း ...
ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
ငါ ကြောက်တယ်သူငယ်ချင်း၊
@ မိဘတွေလည်းမရှိတော့ ...
မောင်နှမတွေကလည်းမကြည့်တော့
စားဝတ်နေရေးလည်းမပြေလည်
ငါ ဘာလုပ်ရမလဲသူငယ်ချင်း
ငါ ကြောက်တယ် ...
ငါကြောက်နေတယ် သူငယ်ချင်း။
# သူငယ်ချင်းတစ်ယောက် ...
ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့
စစ်မင်းထက်သာ
🥷 ဘောမစောက်ခွက်တွေ ...
ReplyDeleteဖြတ်ရိုက်ချင်တယ်
စောက်ချိုးတွေပြင်ကြ။
စစ်မင်းထက်သာ
🥷 လိပ်ပြာလုံပါစေ ...
ReplyDelete@ နီးနေပြီ ...
လာချင်ရင်ပေါ့
ဝေးနေတယ် ...
ဆင်ခြေဆင်လက်ပေါ့
မလုံခြုံဘူး ...
ကြောက်နေရင်တော့
မထူးပါဘူး ...
အရူးချီပန်းပေါ့တော့တော့
ဒါပေမယ့် ...
ပြန်ဆုံတဲ့တစ်နေ့
မင်းလိပ်ပြာလုံပါစေ။
🥷 စစ်မင်းထက်သာ
🥷 တွေးကြည့်ကြပါ ...
ReplyDelete@ လူ့လောကမှာ ...
ဘက်၂ဘက်ရှိတယ်
အကောင်းနဲ့အဆိုး ...
လက်ဖဝါးနဲ့လက်ဖမိုး
အဖြူနဲ့အမဲ
ဓမ္မနဲ့အဓမ္မ
စသည်ဖြင့်၊
@ လောကသဘာဝအရလည်း ...
အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပြည်သူ
အာဏာရှိသူနဲ့အာဏာမဲ့သူ
ပါဝါရှိသူနဲ့ ပါဝါမဲ့သူ
စသည်ဖြင့်၊
@ အဲ့ဒီမှာပြဿနာစတော့တာဘဲ ...
အုပ်ချုပ်သူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
အာဏာရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
ပါဝါရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
နောက်တစ်ဖွဲ့က ..
အုပ်ချုပ်ခံပြည်သူကို ဝန်းရံတဲ့အဖွဲ့
အာဏာမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
ပါဝါမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
စသည်ဖြင့်၊
@ တွေးကြည့်ရအောင် ...
ဘက်ဆိုတာ ၂ဘက်ရှိတော့
တစ်ဘက်က ဓမ္မဆိုလျှင်
တစ်ဘက်က အဓမ္မပေါ့၊
@ သင်ရော ...
ဘယ်ဘက်က ပါနေပြီလဲ ?
ဘယ်ဘက်က ပါသင့်သလဲ ?
အလကားလူတော့ မဖြစ်ပါစေနဲ့။
🥷 စစ်မင်းထက်သာ
Fighting
ReplyDeleteL Y A
ReplyDelete💟
ReplyDelete🥷 ကရင်နီပြည်နယ် ...
ReplyDeleteဗုံးကျဲတိုက်ခိုက်ခြင်း
🥷 ဒီလိုသာဆို ...
ရှေ့ရှောက်ခက်ပြီ
ဘောမတွေရော ...
ကြားနေတွေရော၊အကုန်လုံးကိုရော
မျက်စိဖွင့်၊နားစွင့်ကြဘို့ ...
ကျနော်တောင်းဆိုချင်တယ်။
🥷 စစ်မင်းထက်သာ
D-1💟
ReplyDeleteD-2💟💟
ReplyDeleteD3💟.💟💟
ReplyDelete🥷 မှတ်တိုင်တစ်ခု ...
ReplyDelete@ လူရယ်လို့ဖြစ်လာရင် ...
ဒုက္ခမျိုးစုံတွေ့ကြုံလာရမှာပါဘဲ
ကပ်ကြီးသုံးပါး၊ရန်သူမျိုးငါးပါး
တစ်ပါးပါးနဲ့တော့ ...
မိမိကိုယ်တိုင်ဖြစ်ဖြစ်
သူများနဲ့ဆက်နွုယ်လို့ဘဲဖြစ်ဖြစ်
ခံစားဘူးကြမှာပါ
ဒါပေမယ့် ...
သေချာတာတစ်ခုကတော့
ကမ္ဘာ့မှတ်တိုင်စိုက်ထူပေးသလို
ပြည်သူတွေဒုက္ခရောက်ချိန်တိုင်းမှာ
ဈေးတက်ရောင်းကြတဲ့ ...
အယုတ်ညံ့ဆုံးလူတစ်စုရှိနေတာပါဘဲ။
🥷 စစ်မင်းထက်သာ
Y. M. O
ReplyDeleteDone
ReplyDelete🥷 Sorry, very sorry.
ReplyDelete@ I am late, because I have important
another mission.Sorry,I am very sorry.
Thank you all.
Sitt Min Htettar.
Y. M. O
ReplyDelete🍃🍃🌸🌸🌸
ReplyDelete🥷 ခွေးသူရဲကောင်း ...
ReplyDelete@ တစ်ချို့သူတွေ ...
ကိုယ့်နယ်မြေထဲမှာနေပြီး
အသံကောင်းဟစ်လို့ စိန်ခေါ်နေတယ်
ငါဟာ သူရဲကောင်းကြီးပေါ့။
🥷 စစ်မင်းထက်သာ
🥷 အမြဲတမ်း ...
ReplyDelete😡 မင်းတို့ ...
မအလတစ်သိုက်နဲ့
ဘောမတစ်သိုက်ကို
ဘယ်လိုဒုက္ခပေးရမလဲ ?
ဘယ်လိုနှိပ်စက်ရမလဲ ?
ဘယ်လိုဖြိုရမလဲ ?
ငါအမြဲတမ်းစဉ်းစားတယ်
လက်တွေ့လည်းလုပ်နေတယ်။
🥷 စစ်မင်း ထက်သာ
တအိမ်လုံးရဲ့ အနာဂတ်နဲ့ ရင်းပီး ပုံထားတယ် 💪
ReplyDeleteDone
ReplyDeleteဘ၀နဲ့လောင်းကြေးထပ်ထားတယ်
ReplyDelete🐝
ReplyDeleteDONE.
ReplyDelete🥷 ဥပဒေ ...
ReplyDelete🤨 ပြည်သူတွေ ...
ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
မထုတ်တဲ့ဥပဒေတွေကို
မင်းတို့ကိုယ်ကျိုးအတွက် ...
ဆက်ဆက်ထုတ်နေမယ်ဆိုရင်
မင်းတို့အာဏာဆုံးရှုံးရုံမက
မင်းတို့လည်းကျဆုံးရလိမ့်မယ်။
🙂 စစ်မင်းထက်သာ
🙂 လွမ်းစရာကချင်မြေ ...
ReplyDelete@ ငါတို့ရဲ့ ...
အချုပ်အချာအာဏာ
ပြည်သူ့ဘဝလွပ်လပ်ရေး
လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
တိုက်ကိုတိုက်ယူရလိမ့်မယ်။
🏇 စစ်မင်းထက်သာ
THANKS.
ReplyDeleteThis comment has been removed by the author.
ReplyDeleteချဲသမားစကား အငှားပြောရရင် …
ReplyDeleteနယ်ဖက်မှာ စခတွေက လက်နက် အမြောက်အများကို အသက်စွန့်လျှုနေကြတယ် ...
ဒို့ Clickerတွေက အချိန်တွေလျှုနေကြတာ တကယ်ပါ ... (always click)
ကဲ... ခရိုနီ ခရိုပြာတွေကော ဘယ်တော့အိမ်မက်ကလှန့်နိုးပြီး လျှူကြမှာတုန်း?...
💕 ကစားကွက် ...
ReplyDelete@ ဒါကြောင့် ...
ငါတို့လူတွေကိုယုံကြည်အားကိုးတာ
အောင်စိတ်နဲ့အောင်နိမိတ်တွေ ...
ငါတို့လူတွေမှာအခိုင်အမာရှိပြီးသား
ငါတို့Gen-Zတွေဟာ ...
ဘက်စုံတော်ပြီးအားထားရသလို
သူ့နေရာနဲ့သူ ကစားကွက်ကလှပြီးသား
မကြာခင် ... မင်းတို့ ...
ကျိန်းသေ ကျဆုံးရလိမ့်မယ်။
🏇 စစ်မင်းထက်သာ
🙂 လူသားဆန်ဆန် ...
ReplyDeleteDone 🍀
ReplyDelete👽
ReplyDelete😌 သူငယ်ချင်း ...
ReplyDelete@ တစ်ခါတစ်လေ ...
တစ်ချို့တစ်ချို့တွေမှာ
မောင်နှမအရင်းတွေထက်
သူငယ်ချင်းဆိုတာ ပိုအားကိုးရတတ်တယ်
မောင်နှမတွေမပေးနိုင်တဲ့ ...
ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ
ဂရုတစ်စိုက်စောင့်ရှောက်မှုတွေ
စိတ်ပူပေးတတ်မှု နှစ်သိမ့်မှုတွေ
ရရှိတတ်တယ်
တစ်ကယ်တော့ ...
သူငယ်ချင်းဆိုတာ
အတိတ်ဘဝလေးရဲ့
မောင်နှမတစ်ယောက်ပါဘဲ။
🥷 စစ်မင်းထက်သာ
Done ✅
ReplyDeleteDone
ReplyDeleteAPPRECIATE.
ReplyDeleteDone👩💻
ReplyDeleteDone
ReplyDelete🙂 တစ်ကယ့်လူ ...
ReplyDelete@ အမှားတွေကိုတွန်းလှန် ...
အမှန်တွေကိုထောက်ပြ
သဘာဝမကျတဲ့ ...
အာဏာပါဝါတွေကိုဒူးမထောက်
ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတဲ့သူ တစ်ကယ့်လူ။
🏇 လူဖြစ်ကြပါစေ
စစ်မင်း ထက်သာ
🥷 လူဆိုရင် ...
ReplyDelete@ လူဆိုရင် ...
လူလိုအသိနဲ့လူလိုကျင့်ပါ
လူလိုအမှားအမှန်ပိုင်းခြားပြီး
လူလိုကိုယ်ချင်းစာတရားနဲ့ ...
လူတွေကိုကယ်တင်ပေးပါ။
🏇 စစ်မင်းထက်သာ
🙂 ၇၅ကြိမ်မြောက်
ReplyDeleteမြန်မာ့လွပ်လပ်ရေးနေ့ ...
@ ၇၅ကြိမ်မြောက် ...
မြန်မာ့လွပ်လပ်ရေးနေ့မိန့်ခွန်း။
၁.အမှားလုပ်ထားတဲ့သူများမှဝန်ချတောင်း
ပန်၍ပြည်သူ့အာဏာအား"ပြည်သူ့"ထံသို့
ပြန်လည်အပ်နှင်းရန်၊
၂.ပြည်သူပြည်သားများ၊အာဏာရှင်စံနစ်
မကျဆုံးသေးသ၍တတ်နိုင်သည့်ဘက်မှ
ပါဝင်ကူညီတိုက်ထုတ်ရန်၊
၃.နွေဦးတော်လှန်ရေးတွင်ပါဝင်ကူညီဆောင်
ရွက်နေသူအားလုံး၊မည်သည့်အကြောင်း
အရာနှင့်မျှသွေးမကွဲရန်၊
၄."တော်လှန်ရေးကာလ"ဖြစ်သည့်အတွက်
ဦးဆောင်နေရသူအားလုံး၊ပါဝါအာဏာ
စွန့်လွှတ်ပြီး၊တော်လှန်ရေးကိုသာဦးစား
ပေး၊ဦးတည်ဆောင်ရွက်ရန်၊
၅.မည်သည့်လုပ်ငန်းမဆို"မှန်မှန်ကန်ကန်နှင့်
မြန်မြန်ဆန်ဆန်"ဆောင်ရွက်ရန်၊
🏇 စစ်မင်း ထက်သာ
🦾💪💌
ReplyDeleteAppreciate.
ReplyDelete❤️🍃🌸
ReplyDeleteMilk powder 😅
ReplyDeleteNew day 💗 New hope
ReplyDeleteGood days are coming 😊
ReplyDeleteBetter days are coming 😊
ReplyDelete