တော်လှန်ရေး ပြိုင်မျဥ်း

 တော်လှန်ရေး ပြိုင်မျဥ်း

=================

ကျုပ်တို့ရဲ့ တော်လှန်စွမ်းနဲ့

သူတို့ရဲ့ ယုတ်မာနိုင်စွမ်း။

ကျုပ်တို့ရဲ့ စည်းလုံးနိုင်စွမ်းနဲ့

သူတို့ အမိန့်နာခံမှု အစွမ်း။

ကျုပ်တို့ နိုင်မှ တိုင်းပြည် အနာဂါတ်

ကောင်းမယ်ဆိုတဲ့ ရည်မှန်းချက်ရယ်

သူတို့ နိုင်မှ ပထွေးတွေ ချမ်းသာမယ်

ဆိုတဲ့ စိတ်ရယ်။

ယှဉ်ပြိုင်ရခြင်းရဲ့ အဓိပ္ပါယ်ကိုက

ကွာလွန်းတယ်။

စစ်အစိုးရရဲ့ယုတ်မာမှုကို

တော်လှန်ရဲဘော်တွေအပြင်

ပြည်သူအားအင် ထည့်ပေါင်း စုရုံး

တော်လှန်တိုက်ထုတ်

ရဲရင့် သွေးနီ အောင်စစ်သည်

မုချမသွေနိုင်ရမည်။

                              ရဲဘော်/ စောငတေ

ARNs_Revolutionary_Art_Program 

Comments

  1. we need you help!

    Our country has been plundered by the Junta group. We must save our country. We need you help!

    We have a bright future ahead of us,we have to all the people to get there yet,We need you help!

    Our country is torn apart,we have good leaders who can make our country the best country in Asia, We must save first our good leaders from the evil junta. We need you help!

    Refugees and children in the jungle, our families, they want to go home,they need to go home, get an education, and bring them back.We need you help!

    Our future star young people who will shape the future of our country have to give up everything and take up arms to save our country,Without our future youth, we will not be able to build our country and we must send them back to the right place.We need you help!

    So help, donate, click, our future journeys, Our country must save our people ,we need you help!

    ...........❤Htet..........

    ReplyDelete
  2. Fighting ရဲဘော်တို့

    ReplyDelete
  3. မုချမသွေနိုင်ရမည်။💪

    ReplyDelete
  4. Be united
    Make a revolution
    Min Aung Hlaing, a military dictator who committed war crimes.

    ReplyDelete
  5. Fighting 💪💪💪

    ReplyDelete
  6. We sure will win 💪

    ReplyDelete
  7. 🙂 တော်လှန်ရေး ...

    @ ဘယ်တော်လှန်ရေးမဆို ...
    လွယ်လွယ်နဲ့ အောင်မြင်လာတာမဟုတ်၊
    အဲ့ဒီခက်ခက်တွေထဲက ...
    နဲနဲလွယ်တာကနေ စလုပ်ရင်းနဲ့
    အောင်မြင်လာရတာ၊

    @ အရေးကြီးတာက ...
    ကိုယ့်အဖွဲ့၊ကိုယ့်လူတွေ
    စိတ်ဓါတ်တွေ မကျိုးပဲ့စေနဲ့
    စုဖွဲ့မှုတွေစုစည်းမှုတွေ မကျိုးပဲ့စေနဲ့
    ကျန်းမာမှုတွေ မကျိုးပဲ့စေနဲ့။

    ဘဘဦးဝင်းတင်ရဲ့စကားယူသုံးထား
    စစ်မင်းထက်သာ

    ReplyDelete
  8. တော်လှန်ရေးပြိုင်မြင်း

    ReplyDelete
  9. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  12. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  13. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  14. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 Sitt Min SaysAugust 2, 2022 at 3:06 PM

    🙂 အလွမ်း ...

    @ ဘယ်သူ့ကို ...
    လွမ်းတာလဲလို့ မေးကြတယ်
    လူသားပီပီ ...
    အလွမ်းဆိုတာ
    ကျနော့်ရင်ထဲမှာရှိတာပေါ့
    ပထမအလွမ်းက ...
    ကျနော့်ရဲ့ ရွှေနိုင်ငံတော်ကြီး
    ဒုတိယအလွမ်းကတော့ ...
    ကျနော်ပြောပိုင်ခွင့်မရခဲ့တဲ့
    ချစ်သူကိုလွမ်းတဲ့ အလွမ်းပေါ့။

    ချစ်မင်းထက်သာ(စစ်မင်းထက်သာ)

    ReplyDelete
  16. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 ကရင်နီပြည်နယ် ...
    ဗုံးကျဲတိုက်ခိုက်ခြင်း

    🥷 ဒီလိုသာဆို ...
    ရှေ့ရှောက်ခက်ပြီ
    ဘောမတွေရော ...
    ကြားနေတွေရော၊အကုန်လုံးကိုရော
    မျက်စိဖွင့်၊နားစွင့်ကြဘို့ ...
    ကျနော်တောင်းဆိုချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. Revolution must win indeed

    ReplyDelete
  19. 🥷 မရှက်တတ်ရင်တောင် ...
    လူလိုအသိနဲ့အားနာပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 3Done. 💟.. 💟💟

    ReplyDelete
  21. ငိုချင်တာပဲ သိတယ် 😞

    ReplyDelete
  22. 🥷 ငါမေးမိမယ် ...

    @ ဝေဖန်ပိုင်းခြား ...
    ဦးနှောက်ဉာဏ်မရှိ
    ရန်သူမိတ်ဆွေမထား ...
    စိတ်ထင်တိုင်း ပစ်သတ်တယ်
    မင်းတို့ဘာလဲ ? ...
    မင်းတို့ဘယ်လဲ ?
    ငါမေးမိမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  28. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  30. လွမ်းလိုက်တာ

    ReplyDelete
  31. 🙂 စိတ် ...

    @ Postတစ်ခုတွေ့လို့ ...
    ၁၄/ဖြစ်လို့ရှက်စရာကောင်းလား ?တဲ့
    အမှန်ပြောရရင် ...
    ရုပ်ပိုင်းဆိုင်ရာနဲ့မဆိုင်သလို
    ကိုယ်ခံယူထားတဲ့ ...
    အတွင်းစိတ်နဲ့သာဆိုင်ပါကြောင်း
    ပြောပါရစေ
    ဘယ်သူဖြစ်ဖြစ် ...
    မတရားတာကိုသိပြီး
    ကိုယ်ရဲ့စိတ်ကတွန်းလှန်နေတဲ့စိတ်
    တာဝန်ယူလိုတဲ့စိတ်နဲ့အနိုင်ယူလိုတဲ့စိတ်
    ရှိနေရင်ရပါပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  33. မုချမသွေနိူင်နေပြီ

    ReplyDelete
  34. ဘေးရန်ကင်းပါစေ

    ReplyDelete
  35. 😥 စိတ်မကောင်းပါဘူး ...
    အာဆီယံကြီးကလည်း လက်ပိုက်ကြည့်
    ကမ္ဘာကြီးကလည်း လက်ပိုက်ကြည့်
    ကျနော်တို့ပြည်သူတွေမှာ ဘာမှမရှိ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  36. ლ⁠(⁠´⁠ 💙⁠ ⁠`⁠ლ⁠)

    ReplyDelete
  37. Fighting 💪💪💪
    We must win 💯💯💯

    ReplyDelete
  38. အဓိကလိုအပ်နေတာက စည်းလုံးမှုပါ

    ReplyDelete
  39. New day ❤️ New hope

    ReplyDelete

Post a Comment