အတွေးအမြင်ရသဆောင်းပါး

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။



တစ်ခါတုန်းက...


တိုင်းပြည်တစ်ခုမှာ စစ်သူကြီးတစ်ဦးရှိတယ်...


အဲ့ဒီစစ်သူကြီးဟာ သူရဲ့တိုင်းပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေကို ဒီတိုင်းပြည်ထဲမှာ သူနဲ့ ယှဥ်ပြီး စစ်တုရင်ကစားပြီးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူးဆိုပြီး ကိုယ့်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြေညာခဲ့တယ်...


အဲ့ဒီအချိန်မှာပဲ တိုင်းရေးပြည်ရာအခြေနေတွေကြောင့် အဲ့ဒီစစ်သူကြီးဟာ .စစ်တိုက်ထွက်ရဖို့အကြောင်းဖန်လာခဲ့တယ်...


သူစစ်တိုက်ထွက်ရမယ့် နယ်မြေမရောက်ခင် လမ်းခုလတ်ဒေသတစ်ခုမှာ စစ်တုရင်ကစားတာအရမ်းတော်တဲ့သူတစ်ဦးရှိတယ်...သူကလည်း သူ့နယ်တစ်ဝိုက်မှာ အတော်ဆုံး စစ်တုရင် ကစားသမားတစ်ဦးဖြစ်တယ်...


အဲ့ဒီအကြောင်းကို စစ်သူကြီးကသိတော့ အဲ့ဒီ လူကိုခေါ်ခိုင်းလိုက်ပြီး သူနဲ့ စစ်တုရင် ကစားဖို့ ပြောခိုင်းလိုက်တယ်...


အဲ့ဒီ စစ်တုရင် ကစားပွဲမှာ စစ်သူကြီးကအနိုင်ရရှိသွားတယ်... အဲ့ဒီတော့ စစ်သူကြီးက ရဲမက်စစ်သည်အပေါင်းကြားမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ စစ်တိုက်ထွက်ရမယ့်နယ်မြေကို ဆက်လက်ထွက်ခဲ့တာပေါ့...


ဒီလိုနဲ့ စစ်တိုက်ရမယ့်နယ်မြေကိုရောက်တဲ့အခါမှာလည်း...ရန်သူတွေကို အလွယ်တကူပဲ ချေမုန်းနိုင်ခဲ့တယ်...


ဒါနဲ့စစ်အောင်ပြီးပြန်လာတဲ့ စစ်သူကြီးကို စစ်တိုက်သွားတဲ့လမ်းခုလတ်မှာ အသွားတုန်းက စစ်တုရင် ကစားပြီးရှုံးခဲ့တဲ့သူက စစ်သူကြီးရဲ့အောင်ပွဲခံပြီး ပြန်လာတဲ့လမ်းမှာ နောက်တစ်ကြိမ်ထပ်ပြီးသူနဲ့ စစ်တုရင် ကစားဖို့ဖိတ်ခေါ်လိုက်တယ်...


စစ်သူကြီးကလည်း သူ့ရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပြီး ကစားပွဲလုပ်ခဲ့တယ်...အဲ့ဒီပွဲမှာ စစ်သူကြီး ရှုံးသွားတယ်...မကျေနပ်လို့ သုံးကြိမ်တိတိ ထပ်ကစားတယ် စစ်သူကြီးပဲ ဆက်တိုက်ရှုံးတယ်...


အဲ့ဒီအချိန်မှာ စစ်သူကြီးက ငါလိုတစ်လောကလုံးက ဒီ စစ်တုရင်ကစားနည်းမှာ ငါ့ကိုယှဥ်နိုင်တဲ့သူမရှိဘူး ငါစစ်တိုက်သွားတုန်းက မင်းငါ့ကိုအရှုံးပေးလိုက်တာလားလို့မေးလိုက်တော့...


"စစ်သူကြီး ကျွန်ုပ်တို့တိုင်းသူပြည်သားတွေအတွက် စစ်သူကြီးဟာ အင်မတန်မှ အားကိုးအားထိုက်ပြုနေရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်...ယခုစစ်သူကြီးဟာ တိုင်းပြည်အတွက် စစ်ထွက်လာခဲ့တာဖြစ်ပါတယ်... စစ်တုရင်ကစားနည်းနဲ့ပတ်သတ်လို့လည်း ပြိုင်ဘက်ကင်းတဲ့စစ်သူကြီးက ကျွန်တော်မျိုးလို ဇနပုတ်မှာနေတဲ့ အညတရပြည်သူတစ်ဦးနဲ့ စစ်တုရင် ကစားပွဲမှာ ရှုံးသွားတယ်ဆိုရင် စစ်ထွက်လာတဲ့စစ်သူကြီးရဲ့စိတ်ထဲမှာ တစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင် ကျွန်ုပ်တို့တိုင်းပြည်အတွက် ဘယ်လိုနည်းနဲ့မှ အကောင်းဘက်သို့ဦးတည်လာမှာမဟုတ်တဲ့အတွက် အရှုံးပေးလိုက်ရခြင်းပါ..."


အဲ့လိုပါပဲ ပြောချင်တာက ဒီကာလဟာ တော်လှန်ရေးကာလဖြစ်တဲ့အတွက် ဖေးမကြပါ ဒီတိုက်ပွဲမှာ ကိုယ်တိုင်လက်နက်ကိုင်ပြီး မတိုက်ရဘူးဆိုရင်တောင်မှ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို အားပြတ်စေမယ့် အသုံးအနှုန်းတွေ မသုံးမိကြပါစေနဲ့လို့...ပြောပါရစေ...အများကြီးတော့ ...အဓိပ္ပါယ်ဖွင့်ပြီးမပြောလိုတော့ပါဘူးဗျ


 အတွေးအမြင်ရသဆောင်းပါး

ARNs_Revolutionary_Art_Program

ရဲဘော်စလားဖန်း


Comments

  1. အတူတူလက်တွဲကျော်ဖြတ်ကြစို့✊

    ReplyDelete
  2. Fighting together 💪💪💪

    ReplyDelete
  3. သူရဲကောင်းတို့ အများအကျိုးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်ကြသူတွေကို အစဉ်လေးစားလျှက်ပါ 🙏🏼🙏🏼🙏🏼

    ReplyDelete
  4. This isthe end game✊✊✊

    ReplyDelete
  5. အမြဲအားပေးပါတယ်
    အရင်က မန့်ရေးလေ့မရှိပေမယ့် ရဲဘော်တွေမြင်ရင် စိတ်ခွန်အားဖြစ်ပါစေဆိုပြီး
    ရေးပေးပါတယ်။ငွေအားအများကြီးမတတ်နိုင်တဲ့ အမ်သမားမို့
    စကားလုံးတွေနဲ့ နှစ်သိမ့်နေရတာ အားနာပါတယ်။😥

    ReplyDelete
  6. Done💪🧑‍💻💞

    ReplyDelete
  7. Hlaine Nwae NwaeMay 9, 2022 at 7:48 PM

    💪🤍🤍🤍💪

    ReplyDelete
  8. နိုင်မယ့်ဘက်မို့
    ရပ်ခဲ့တာ မဟုတ်ဘူး
    မှန်တဲ့ဘက်မို့
    ရပ်တည်ပေးတာ

    ReplyDelete
  9. အားတင်းထားပါလို့ အားပေးနေပေမယ့်
    တချို့တွေမှာ အားမကျန်တော့ဘူး။

    ReplyDelete
    Replies
    1. အားတင်းထားပါ

      Delete
  10. Min Thein Oo
    ပြောသလိုဘဲမှန်တဲ့ဘက်မို့ရပ်တည်တာ❤️💙🧑‍💻💪💟💞🤍💯👍

    ReplyDelete
  11. ✊ညီကြမယ်✊

    ခေတ်ဝန်ကို...ထမ်း
    ခေတ်လမ်းကို...ဖောက်
    လျှောက်သည့်....ခရီး
    ပန်းတိုင်..............နီးပြီ
    မငြီးကြနဲ့
    ညီကြကွဲ့။

    မှော်ဦးခိုင်

    ReplyDelete
  12. တူတူပဲ

    ReplyDelete
  13. တောင်းပန်ပါတယ် 🙏🙏🙏
    အလုပ်များနေလို့အရင်လောက်အားမစိုက်နိုင်တာ 😥

    ReplyDelete
  14. စိတ်ဓာတ်မကျိုးပဲ့စေနဲ့
    စုဖွဲ့မှုမကျိုးပဲ့စေနဲ့

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ

    ReplyDelete
  17. စိတ်ချပါ ✊
    ဒီနေ့တော့ မင်မင့်ဆုတောင်းအတိုင်း ကလစ် သူဝိုင်းတဲ့ တနင်္ဂနွေဖြစ်စေသား 😍🍀

    ReplyDelete
  18. နွေဦးကံ့ကော်

    ReplyDelete
  19. 🙂 ဧရာဝတီ ချစ်သူ ...

    @ သွေးအေး ...
    အေးဆေးလှတဲ့ ဧရာဝတီ
    ဒလံတွေပေါ ...
    ငြိမ်းအေးလှတဲ့ ဧရာဝတီ
    အပြောကြီးသလောက် ...
    အီးမပေါက်ရဲတဲ့ ဧရာဝတီ
    ဒုက္ခတွေကြား အရေးမထား ...
    အရှက်သိက္ခာတရား ကင်းမဲ့စွာ
    ကျောင်းထားကြတဲ့ဧရာဝတီ၊

    @ မသိခင်က ...
    အရှက်ရှိခဲ့ရတဲ့ ဒို့ဧရာဝတီ
    ပထဝီရေမြေ အခြေအနေတွေကြောင့်
    မခံနိုင်သူ အာခံရအောင်ဟု
    ချစ်သောဧရာဝတီကို ပစ်ခွါလို့
    တစ်ခြားတစ်နေရာကနေ ...
    တွန်းလှန်နေတာ မင်းတို့မသိလေသလား
    ဗျာမများနဲ့ ဧရာဝတီသားတို့ရေ
    မင်းတို့ဘက်ကို ငါတို့ချီတက်တဲ့အခါ
    ဧရာဝတီသား မာန်နဲ့ကြွားဘို့ ...
    ဒါးသွေးထားပါ သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  20. မနက်ဖြန်အတွက် Ready ပဲလား။

    Project NAN HTIKE AUNG မှာ မြို့ပြရုပ်ရှင်အတွက် Booking တင်ကြရအောင်။

    မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့ Project NAN HTIKE AUNG မှာ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေ။

    မြို့ပြကို လှုပ်နှိုးဖို့၊ မြို့ပြက စကစထောက်တိုင်တွေကို ဖြိုချဖို့ Project NAN HTIKE AUNG ကို ကူကြစို့နော်။
    💪

    ReplyDelete
  21. ရောင်နီဦးဆီ သို့

    ReplyDelete
  22. စစ်မင်းထက်သာsaysJuly 9, 2022 at 2:40 PM

    🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  23. Youtubeတော့ stream ဖြစ်ပေမယ့် ဒီနေ့မှC4aကို စ click ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ဗျာ

    ReplyDelete
  24. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  25. လေဆန်၊ရေဆန်၊ပေခံဘဝ၊ရွက်မရှိတက်နဲ့လှော်၊တက်မရှိလက်နဲ့လှော်၊ဇွဲမလျော့ဘူးနော်👍💪❤️

    ReplyDelete
  26. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  28. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  29. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  30. 🥷 Sitt Min SaysAugust 3, 2022 at 9:13 PM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. We must win
    If we unite we'll win quick

    ReplyDelete
  33. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. မချီးကျူးရင်နေပါ
    မကဲ့ရဲ့ပါနဲ့

    ReplyDelete
  36. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  37. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  40. စိတ်ဓာတ်မကြိုးပဲ့စေနဲ့
    စုဖွဲ့မှုမကြိုးပဲ့စေနဲ့
    ကျန်းမာရေးမကြိုးပဲ့စေနဲ့

    ReplyDelete
  41. အားတင်းထားပါ သူငယ်ချင်း
    သိပ်မကြာခင်တနေ့မှာ ပြန်ဆုံကြမယ်။

    ReplyDelete
  42. 🏇 ငါ ...

    🖕 အရာရာမှာ ...
    ငါသိတယ်ငါတတ်တယ်မလုပ်ပါနဲ့
    ငါထက်သိတဲ့သူ ...
    ငါ့ထက်တတ်တဲ့သူတွေက
    ငါတို့ရဲ့အသက်တွေကို ...
    နှုတ်သွားတတ်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  43. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  44. အမြဲ အားပေးသူကြီးပါ

    ReplyDelete
  45. အားလျော့စေမဲ့စကား ဘယ်တော့မှမပြောပါ

    ReplyDelete
  46. 😡 အယုံအကြည်မရှိ
    လုံးဝကန့်ကွက်သည် ...

    @ စစ်အာဏာရှင်မှ ...
    ကျင်းပပြုလုပ်မည့်
    တရားမျှတမှုမရှိသော ...
    "ရွေးကောက်ပွဲ"အား အယုံအကြည်မရှိ
    လုံးဝ(လုံးဝ)ကန့်ကွက်သည်။

    ပြည်သူများကိုယ်စား
    🥷 စစ်မင်း ထက်သာ

    ReplyDelete
  47. သင်သိပါသလား စိတ်စွမ်းအား ကလည်း အရေးကြီးတယ်ဆိုတာကို💪💪

    ReplyDelete
  48. New day ❤️ New hope

    ReplyDelete
  49. New day ❤️ New hope

    ReplyDelete
  50. New day ❤️ New hope

    ReplyDelete
  51. Saw Ma Ma Ma Kyaw TinAugust 23, 2023 at 11:47 AM

    Good days are coming 😊

    ReplyDelete
  52. Good days are coming 😊

    ReplyDelete

Post a Comment