ခါတော်မီ

“ခါတော်မီ”



ခါတော်အမှီ ကြိုချင်သော်လည်း...

ကြိုဖို့အားမာန် စိတ်ဝယ်မရှိ

ပြည်သူနှလုံး စိတ်အေးချမ်းစွာ နေနိုင်ပါမှ အသင်သိကြားမြန်းကာကြွလော့...

နောင်ချိန်ခါဝယ် လူယုတ်တစ်သိုက် လောင်ကာမြိုက်စွာ ငရဲရောက်မှ... 

မြန်မာပြည်ကြီး စည်ကြီးတီးကာ ပိတောက်မြိုင်မြိုင်သင်းကြိုင်ကြိုင်နှင့် မြန်ပြည်တစ်ခွင် ကြိုလင့်ကစား...ဤချိန်ခါမှ ကြွမြန်းပါလော့။

ကာတွန်း_နာနတ်သီး

ကဗျာ_ရဲဘော်စလားဖန်း 

arns_revolutionary_art_program

Comments

  1. Good poem🤍

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ခါတော်မီ ကြိုချင်သော်လည်း ....

    ReplyDelete
  4. အဆုံးထိပဲ

    ReplyDelete
  5. အဆုံးထိ

    ReplyDelete
  6. Photo ကို ရယ်တာပါဗျ။

    ReplyDelete
  7. သိကြားမင်းကြီးရေ အခုလည်း ပစ်လို့ရသေးတယ်နော် 😁

    ReplyDelete
    Replies
    1. ,နာမည် ဘေးကPhoto
      ဘယ်လိုပြောင်းရလဲခင်ဗျာ

      Delete
  8. Happy birthday mother Su

    ReplyDelete
  9. Night 🌙 click♥/ June 21

    ReplyDelete
  10. ဧရာဝတီတိုင်း တစတိုင်းလုံးမှ လူနှစ်ရာဝန်းကျင်လောက်ပဲ ကလစ်တယ်ဆိုတာကတော့

    ReplyDelete
  11. We are Clickers ✌️နွေဦးကံ့ကော်

    ReplyDelete
  12. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  16. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  17. 😡 အဓမ္မသမားတွေအတွက်
    ဒါးသွေးထားတယ်။

    ReplyDelete
  18. 🥷 Sitt Min SaysAugust 2, 2022 at 8:30 PM

    🙂 အလွမ်း ...

    @ ဘယ်သူ့ကို ...
    လွမ်းတာလဲလို့ မေးကြတယ်
    လူသားပီပီ ...
    အလွမ်းဆိုတာ
    ကျနော့်ရင်ထဲမှာရှိတာပေါ့
    ပထမအလွမ်းက ...
    ကျနော့်ရဲ့ ရွှေနိုင်ငံတော်ကြီး
    ဒုတိယအလွမ်းကတော့ ...
    ကျနော်ပြောပိုင်ခွင့်မရခဲ့တဲ့
    ချစ်သူကိုလွမ်းတဲ့ အလွမ်းပေါ့။

    ချစ်မင်းထက်သာ(စစ်မင်းထက်သာ)

    ReplyDelete
  19. 🥷 Sitt Min SaysAugust 2, 2022 at 8:34 PM

    🥷 Love Song 2.

    ReplyDelete
  20. 🥷 ဒီနိုင်ငံမှာနေ ...
    ဒီရေသောက်
    ပြည်သူ့ဆန်စားပြီး
    လူပါးဝနေလို့တော့ မရဘူး
    ထမင်းအတောင့်လိုက် ...
    ပြန်ထွက်စေရမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. အားတင်းထားကြမယ် 🤜💜🤛

    ReplyDelete
  22. 🥷 စဉ်းစားလို့မရပါ ...

    @ ကျနော်ဘဲ ...
    ဉာဏ်မမှီတာလား ?
    အမှတ်မှားနေတာလား ?
    စဉ်းစားလို့မရတော့ပါ၊
    အမှန်ဆို ...
    မြန့်မာ့တပ်မတော်သည်
    ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော
    ရဲဘော်သုံးကျိတ်မှမွေးဖွားလာပါသည်
    မိဘကဆိုဆုံးမခဲ့သည် ...
    လမ်းမှန်နည်းမှန်ချပြခဲ့သည်
    လိုက်နာမှုမရှိသည်ကိုတွေ့ရပြီး
    ပြည်သူ့အိုးအိမ်စည်းစိမ်များသာမက
    ပြည်သူ့အသက်များပါနှုတ်ယူနေကြသည်
    ယ္ခုတပ်မတော်သည် ...
    ဘယ်ဥမှပေါက်ပြီး ဘယ်သူများမှ
    ထပ်မံမွေးဖွားလိုက်သည်ကို ...
    ကျနော်တော့ စဉ်းစားလို့မရတော့ပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 💪💪💪💪💪💪

    ReplyDelete
  25. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  30. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  32. ဒီနှစ်နွေမှာ
    နွေဦးအောင်ပွဲနဲ့ အတူ
    မြန်မာပြည်ကြီး စည်ကြီးတီးကာ ပိတောက်မြိုင်မြိုင် သင်းကြိုင်ကြိုင်နှင့်
    ကြိုဆိုနေမှာမို့ အသင်သိကြား ကြွလှမ်းဖို့သာ ပြင်ပါတော့။

    ReplyDelete
  33. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  34. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 😌 သူငယ်ချင်း ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့တစ်ချို့တွေမှာ
    မောင်နှမအရင်းတွေထက်
    သူငယ်ချင်းဆိုတာ ပိုအားကိုးရတတ်တယ်
    မောင်နှမတွေမပေးနိုင်တဲ့ ...
    ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ
    ဂရုတစ်စိုက်စောင့်ရှောက်မှုတွေ
    စိတ်ပူပေးတတ်မှု နှစ်သိမ့်မှုတွေ
    ရရှိတတ်တယ်
    တစ်ကယ်တော့ ...
    သူငယ်ချင်းဆိုတာ
    အတိတ်ဘဝလေးရဲ့
    မောင်နှမတစ်ယောက်ပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  37. 🙂 ဂျင်း ...

    @ ဂျင်းဆိုတာ ...
    ဟင်းကောင်းတွေအတွက်
    အသုံးဝင်ပေမယ့်
    စကားတွေမှာတော့ ...
    လိမ်လည်ကြံစည်မှုပြယုဒ်ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  38. မင်းအောင်လှိုင်ကိုမိုးကြိုးပစ်ပေးရင်ကောင်းမယ်

    ReplyDelete
  39. ლ⁠(⁠´⁠ 💙⁠ ⁠`⁠ლ⁠)

    ReplyDelete
  40. သိကြားမင်းကြီးခင်ဗျား

    ReplyDelete
  41. New day 💗 New hope

    ReplyDelete

Post a Comment