ပြိုင်တူတွန်းလျှင် ​ရွေ့နိုင်သည်

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။

ပြိုင်တူတွန်းလျှင် ​ရွေ့နိုင်သည်

=================

လူပီသတဲ့ လူ​တွေ​နေဖို့ပတ်ဝန်းကျင်
ငါတို့ကိုယ်တိုင်ဖန်တီးကြမယ်

အသွင်အသစ်နဲ့ သန့်ရှင်းတဲ့ဝန်းကျင်
ဖန်တီးနိုင်ဖို့ ငါတို့​တွေ ကလစ်ကြမယ်။

သားသားလဲ ကလစ်မယ်
မီးမီးလဲ ကလစ်မယ်
ဖိုးဖိုးလဲ ကလစ်မယ်
ဖွားဖွားလဲ ကလစ်မယ်။

မတရားမှု​တွေတွန်းလှန်ဖို့
ငါတို့​တွေအမိုး​အောက်က ကလစ်ကြမယ်။

အရိပ်မရှိတဲ့ကွင်းပြင်
က​လေးငယ်ကို ခါးတစ်ခွင်ထားတဲ့
မိခင်အတွက် ကလစ်ကြမယ်။

မျက်ရည်စက်​တွေနဲ့
သားပြန်လာမဲ့လမ်းကို​မျှော်ကြည့်​နေတဲ့
မိခင်အတွက် ကလစ်ကြမယ်။

ငါတို့မ​ပေးဆပ်နိုင်တဲ့
​ခြေတစ်ဖက်အတွက်
ငါတို့မ​ပေးဆပ်နိုင်တဲ့
ဘဝ​တွေအတွက်
ငါတို့မ​ပေးဆပ်နိုင်တဲ့
အသက်​တွေအတွက် အိမ်ထဲက ကလစ်ကြမယ် ။

​ခွေးမိစ္တာကျွမ်းပြန်ဆင်း​စေဖို့ 
တက်ညီလက်ညီ ဝိုင်းကူလို့
ငါတို့​တွေ​သွေးမ​အေး​ကြောင်းပြကြမယ်။

#ညီမျှခြင်း# (ဧရာဝတီ)

ARNs Revolutionary Art Program

တော်လှန်ရေး စာပေအနုပညာ ကဏ္ဌ

ကဗျာ - စာစဉ် (၃)


 

Comments

  1. # ညီမျှခြင်း #

    ReplyDelete
  2. ခွေးမိစာ

    ReplyDelete
  3. ပြိုင်တူတွန်းကြမယ်

    ReplyDelete
  4. clicker တွေ fight!!!

    ReplyDelete
  5. we fight together

    ReplyDelete
  6. Yessss✊✊✊

    ReplyDelete
  7. ငါတို့ အနာဂတ် ငါတို့လက်နဲ့
    ဆေးခြယ်မယ်
    ငါတို့သမိုင်း ငါတို့လက်နဲ့ ကမ္ဗည်းထိုးမယ်
    ငါတို့ပုံရိပ် ငါတို့လက်နဲ့ထုဆစ်မယ်
    💪🏽💪🏽💪🏽

    ReplyDelete
  8. ပြိုင်တူတွန်းက ရွေ့နိုင်သည်။

    ReplyDelete
  9. Click ကူမယ်💪💪💪

    ReplyDelete
    Replies
    1. ပြိုင်တူတွန်းကြမယ်

      Delete
  10. 10စက်ကန့်ကရဘူးဆရာ🧑‍💻💞🧑‍💻💞🤍🤍

    ReplyDelete
  11. ငါတို့လုံးဝ​သွေးမ​အေးဖူး💪💪💪

    ReplyDelete
  12. ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။💪

    ReplyDelete
  13. ပြိုင်တူတွန်းလှင်ရွှေ့နိုင်သည်

    ReplyDelete
  14. we click we support we win💪💪💪

    ReplyDelete
  15. လူပီသတဲ့ လူတိုင်းအတွက် လူပီသတဲ့ပတ်ဝန်းကျင်တစ်ခု ရဖို့ ကလစ်မယ်

    ReplyDelete

  16. " ကြာစေချင်သူများရင် ကြာမှာပေါ‌့ဗျာ
    #crd

    ReplyDelete
  17. 💪💪💪💪💪

    ReplyDelete
  18. We must try together for freedom

    ReplyDelete
  19. ပြိုင်တူတွန်းကြစို့

    ReplyDelete
  20. Credit !
    Real True Man
    အတားအဆီးဆိုတာ
    အောင်မြင်ခြင်းဆီသွားတဲ့လမ်းတိုင်းမှာ
    ရှိနေပါတယ်။
    လွတ်လပ်ရေးနဲ့ဒီမိုကရေစီကို လိုချင်လို့
    ဆုတောင်းပြီး ရသွားတဲ့နိုင်ငံ
    တစ်နိုင်ငံမှ မရှိခဲ့ပါဘူး။

    ReplyDelete
  21. အားလုံးကလစ်ကြမယ်

    ReplyDelete
  22. 🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  23. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  24. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  27. ပြိုင်တူတွန်းလျှင် ရွေ့ပါတယ်

    ReplyDelete
  28. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. ၁၄/တွေမှာအချောင်သမားရေသာခိုတွေလည်းရှိပါတယ်

    ReplyDelete
  31. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  32. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  33. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  34. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  36. လွမ်းလိုက်တာဗျာ

    ReplyDelete
  37. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. ငါတို့မှာအားကိုးစရာ ငါတို့ပဲရှိတယ်

    ReplyDelete
  40. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  41. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  42. အမှန်တရား ဘက်တော်သားတို့
    နေတဲ့ဘက်ခြင်းတူစေ
    တို့ညီအကိုတွေ

    ReplyDelete
  43. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  44. စစ်ခွေးမိစ္ဆာတွေ ငရဲပြည်သို့
    ကျွမ်းပြန် ဆင်းသက်ကြပါစေ။

    ReplyDelete
  45. 🏇 သွေး ...

    @ ဗမာစကားပုံတစ်ခုရှိသည် ...
    "ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ"
    အမှန်ပင်ဖြစ်သည်၊
    သွေးသားရင်းလောက် ...
    ဘယ်သူမှမကောင်းနိုင်၊သွေးသားရင်းဆို
    သည်မှာ - တိုက်ဖော်တိုက်ဘက်၊တော်လှန်
    ဖော်တော်လှန်ဘက်၊သေဖော်သေဘက်စသည်ဖြင့်၊ "ဘေး"ဆိုသည်မှာဆန့်ကျင်
    ဘက်များပင်ဖြစ်သည်၊သွေးခွဲမည်ခြေထိုး
    မည်၊ ပွဲလန့်လျှင် ဖျာဝင်ခင်းမည်၊ ၊
    ထို့ကြောင့်ထို့ကြောင့် ...
    ကျနော်တို့၏ပြည်သူများ *ရည်ရွယ်ချက်
    ခိုင်မာရမည်၊ *တစ်စိုက်မတ်မတ် အလုပ်လုပ်ရမည်၊ *ညီညီညွတ်ညွတ်တိုင်တိုင်ပင်
    ပင်လုပ်ဆောင်ရမည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  46. 🏇 ပါဝင်သင့်ပြီ ...

    @ ဖက်ဆစ်စစ်တပ် ...
    ညာခဲ့တာနှစ်၇၀ရှိပြီ
    ၁.တန်းတူညီမျှရေး
    ၂.ဖက်ဒရယ်အရေး
    ၃.ဒီမိုကရေစီအရေး
    ၄.လူ့အခွင့်အရေး
    ၅.အကြွင်းမဲ့ငြိမ်းချမ်းရေး
    @ လက်တွေ့ကျကျ ...
    ၁.ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်
    ၂.အိုးအိမ်တွေဖျက်စီးလုယက်မီးရှို့
    ၃.မုဒိမ်းကျင့်သတ်ဖြတ်
    ၄.စစ်ရေးတိုက်ခိုက်ဗုံးကြဲ
    ၅.အချင်းချင်းသွေးခွဲတိုက်ခိုက်ခိုင်း
    @ မပါဝင်သေးသော ...
    တိုင်းရင်းသားညီအကိုများ
    ပါဝင်သင့်ပါပြီ။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  47. New day 💕 New hope

    ReplyDelete
  48. New day 💞 New hope

    ReplyDelete
  49. New day 💓 New hope

    ReplyDelete

Post a Comment