ခွင့်လွှတ်ပါ ဧရာဝတီ

Clicker တို့ ခင်ဗျား c4a ကို click ​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ၁၀ စက္ကန့်​နေပြီးရင်ပြန်ထွက်လို့ ရပါပြီ ခင်ဗျာ ။
ဧရာဝတီမှ တော်လှန်ရေး ရဲဘော်တစ်ဦး ပေးပို့သော “ခွင့်လွှတ်ပါ ဧရာဝတီ” အမည်ရ တော်လှန်ရေး ကဗျာ ဖြစ်ပါတယ်။

“ခွင့်လွှတ်ပါ ဧရာဝတီ”

********************

အတောင်အလက်စုံတဲ့

၁၄/ တွေကို ခင်ဗျားရဲ့ကျောပေါ်

ပျံသန်းခွင့်မပေးဘူးနော်။


ခွေးအိုကြီးတွေစုနေတဲ့ 

ခင်ဗျားရဲ့ကျောပေါ်

ပုတ်စော်တွေလဲနံလို့။


ရုပ်ဝတ္တုရဲ့ ချမ်းသာမှုနောက်ကိုလိုက်

ရွှေရည်သုပ်ထားတဲ့ စားခွက်ထဲ

သွားရည်တမြှားမြှားကျပြီး ဝိုင်းလုနေတဲ့ 

ခွေးအိုကြီးတွေကို ခင်ဗျားကျောပေါ်က 

ခါမချချင်ဘူးလား။


ခင်ဗျားလဲ ကြိုးစားရှာတာပဲ

ရုန်းကန်နေတာပဲ

လှုပ်လီလှုပ်လဲနဲ့ လှုပ်နိုင်သလောက်လှုပ်နေတာပဲ

လှုပ်လိုက်မြုတ်လိုက် ခွေးစားသွားလိုက်

ဒီလိုနဲ့ ခွေးတွေခေါင်းထောင်လာလိုက်။


ခင်ဗျား စိတ်မကောင်းမဖြစ်ပါနဲ့

အတောင်အလက်စုံတဲ့ ၁၄/ တွေ 

မြန်မာပြည်အနှံ ပျံသန်းပြနေလေရဲ့။


ခင်ဗျားရဲ့   ကျော်ကြားမှု့တွေ

ခင်ဗျားရဲ့    ပြည့်စုံမှုတွေ

ခင်ဗျားရဲ့    ဖော်ရွှေမှုတွေ

ခင်ဗျားရဲ့    လှပမှုတွေ

ခင်ဗျားရဲ့    ရိုးသားမှု့တွေ

ခင်ဗျားရဲ့     အနစ်နာခံမှုတွေကို

တစ်နိုင်ငံလုံးသိ‌အောင်ပျံသန်းပြ‌နေလေရဲ့။


ခဏတော့ ခွင့်လွှတ်ပါ ဧရာဝတီ

ခင်ဗျားကျောပေါ် မှာ

“ဘယ်သူသေသေ ငတေမာရင်ပြီးရော"ဆိုပြီး

ရပ်ကြည့်နေနိုင်တဲ့

၁၄/တွေအတွက်‌ နေစရာနေရာမရှိလို့ပါ။


စိတ်ချပါ ဧရာဝတီ 

၁၄/တွေပြန်စုံလို့

တက်ညီလက်ညီခွေးမောင်းတဲ့အခါ

ခင်ဗျားက ကျောလေးလှုပ်ပေးနော်။


#ညီမျှခြင်း(ဧရာဝတီ)

ARNs Revolutionary Art Program

တော်လှန်ရေး စာပေအနုပညာ ကဏ္ဌ

ကဗျာ - စာစဉ် (၂)





Comments

  1. This is the end game✊

    ReplyDelete
  2. Replies
    1. I believe AYA guys. So, keep going guys.✊

      Delete
  3. Click with love ❤

    ReplyDelete
  4. ခဏတော့ ခွင့်လွှတ်ပါ ဧရာဝတီ

    ReplyDelete
  5. Done.6-5-2022 /11:29 AM

    ReplyDelete
  6. အတူလက်တွဲ၍ထောက်ပို့ရင်း
    တောင့်ခံကျားကန်💪💪💪💪💪💯💯💯

    ReplyDelete
  7. ပညာတတ်တွေ သေတာကို ပညာမဲ့တွေပျော်နေပီး သာကူးတွေနဲ့ ရေပေါ်ဆီများတယ့် နေရာကငါ

    ReplyDelete
  8. ငှက်တွေလို
    တစ်နေ့
    လေဟုန်ကို စီးကြမယ်

    ReplyDelete
  9. ကျုပ်သိတဲ့ ၁၄/ တွေကတော့ ကလစ်ဖို့နေနေ ဂိမ်းဆော့နေတာပဲမြင်တွေ့နေရတာအဆင်မပြေဘူး...

    ReplyDelete
  10. 💔💔

    ReplyDelete
  11. တာဝန်သိတဲ့သူတွေ
    တာဝန်ကျေသလောက်

    နားမလည်သူတွေ
    သိပ်ပေါများတဲ့
    ဧရာဝတီမြေအတွက်
    ရင်နာနာနဲ့
    CLICK ပေးကြပါဦး

    ReplyDelete
  12. လုံးဝ နောက်မဆုတ်ဘူး တက်နိုင်တဲ့ဘက်ကတော်လှန်နေမှာပါ

    ReplyDelete
  13. အစစအရာရာပါ ဘေးကင်းပါစေဗျာ

    ReplyDelete
  14. Credit !
    Real True Man
    အတားအဆီးဆိုတာ
    အောင်မြင်ခြင်းဆီသွားတဲ့လမ်းတိုင်းမှာ
    ရှိနေပါတယ်။
    လွတ်လပ်ရေးနဲ့ဒီမိုကရေစီကို လိုချင်လို့
    ဆုတောင်းပြီး ရသွားတဲ့နိုင်ငံ
    တစ်နိုင်ငံမှ မရှိခဲ့ပါဘူး။

    ReplyDelete
    Replies
    1. အမှန်ပဲ အစ်ကိုရေ

      Delete
  15. ဒီမိုကရေစီ စျေးကြီးတယိ

    ReplyDelete
  16. အထက်အညာက အညာသားတစ်ယောက် ဧရာဝတီကို နေ့စဉ်လာလည်တယ်နော်

    ReplyDelete
  17. 🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 ပြည်သူတွေရဲ့ ...
    စိတ်ကိုလာမဆွနဲ့
    မင်းတို့ပါ အမျိုးကန်းပြီး
    မြေဇာပင်ဖြစ်သွားမယ်။

    ReplyDelete
  24. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  25. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🙂 ပြည်သူသာအဓိက ...

    🥷 ပြည်သူများ ...
    ဂျင်းအထည့်မခံပါနဲ့
    ဒေါ်လာဈေးတက်တာ ...
    ဉာဏ်မရှိတဲ့သူတွေနဲ့
    ပညာမဲ့တဲ့သူတွေရဲ့
    လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  29. 🙂 သက်မဲ့မှ
    သက်ရှိသို့ ...

    @ ကျနော်တို့ကာတွန်းတွေဟာ ...
    စာရွက်ပေါ်မှသက်မဲ့အရုပ်ကလေးတွေပါ
    ဒါပေမယ့် ...
    လူ့လောကဆိုတဲ့သက်ရှိတွေအတွက်တော့
    ယူတတ်ရင်အသက်ရှင်ရပ်တည်မှုပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  30. 🏇 ကမ္ဘာမကြေ ...

    @ တစ်သက်လုံး ...
    ပြည်သူကိုညာခဲ့တယ်
    ပြည်သူကမွဲပြီး ...
    ပြည်သူ့ဘဏ္ဍာတွေနဲ့
    ကြီးပွားနေတဲ့အာဏာရှင်တစ်စုက
    ပြည်သူကိုနှိပ်စက်ညှင်းပမ်းသရမ်း
    လုပ်ချင်တာလုပ်ပစ်သတ်နေမှာတော့
    ပြည်သူက ...
    မင်းတို့သေလည်း
    ကမ္ဘာတော့မကြေဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  32. ဘယ်နေရာရောက်ရောက် တော်လှန်နေမှာမို့ ဖိုက်တင်းပါ ဧရာဝတီ

    ReplyDelete
  33. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  34. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  35. အားလုံး လေးစားပါဒယ်🫡

    ReplyDelete
  36. အားလုံး လေးစားပါဒယ်🫡

    ReplyDelete
  37. 🏇 သွေး ...

    @ ဗမာစကားပုံတစ်ခုရှိသည် ...
    "ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ"
    အမှန်ပင်ဖြစ်သည်၊
    သွေးသားရင်းလောက် ...
    ဘယ်သူမှမကောင်းနိုင်၊သွေးသားရင်းဆို
    သည်မှာ - တိုက်ဖော်တိုက်ဘက်၊တော်လှန်
    ဖော်တော်လှန်ဘက်၊သေဖော်သေဘက်စသည်ဖြင့်၊ "ဘေး"ဆိုသည်မှာဆန့်ကျင်
    ဘက်များပင်ဖြစ်သည်၊သွေးခွဲမည်ခြေထိုး
    မည်၊ ပွဲလန့်လျှင် ဖျာဝင်ခင်းမည်၊ ၊
    ထို့ကြောင့်ထို့ကြောင့် ...
    ကျနော်တို့၏ပြည်သူများ *ရည်ရွယ်ချက်
    ခိုင်မာရမည်၊ *တစ်စိုက်မတ်မတ် အလုပ်လုပ်ရမည်၊ *ညီညီညွတ်ညွတ်တိုင်တိုင်ပင်
    ပင်လုပ်ဆောင်ရမည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  38. 😍💐🌸🌼🌻🌹

    ReplyDelete
  39. ရေလိုအေးလို့ ပန်ပန်းလိုမွှေးပါကြပါစေ

    ReplyDelete
  40. မကလစ်တဲ့သူတွေကိုယ်စားပိုကလစ်ကြပါစို့

    ReplyDelete
  41. New day 💖 New hope

    ReplyDelete
  42. New day 💓 New hope

    ReplyDelete
  43. Good days are coming 😊

    ReplyDelete
  44. Good days are coming 😊

    ReplyDelete

Post a Comment